About Mandalay
မန္တလေးအပါအဝင် တစ်နိုင်ငံလုံး၏ Covid-19 ကူးစက်မှုနှင့် သေဆုံးမှုစာရင်းများ
Read 316 times
ဧပြီလ ၂၆ ရက်နေ့၊ မနက် (၇) နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မန္တလေးတိုင်းတွင် Covid-19 ရောဂါပိုးကူးစက်ခံရသူ (၃) ဦးရှိပြီး (၁) ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ပထမဆုံး ရောဂါပိုး တွေ့ခဲ့သည့် လူနာမှာ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်ပြီး နှစ်ကြိမ်ထပ်မံ စစ်‌‌ဆေးရာတွင် Negative ပြခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီ ဖြစ်သည်။
ကျန်သည့်လူနာနှစ်ဦးမှာ အောင်မြေသာဇံမြို့နယ်နှင့် မတ္တရာမြို့နယ်တို့မှ ဖြစ်ပြီး လက်ရှိတွင် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိသည်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရောဂါပိုးကူးစက်ခံရသူများ၊ သေဆုံးသူများနှင့် ပြန်လည် ကောင်းမွန်လာသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ရန်ကုန်တိုင်းတွင် (၁၁၃) ဦး ကူးစက်၊ (၄) ဦးသေဆုံး၊ (၃) ဦး ပြန်သက်သာ
၂။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် (၆) ဦး ကူးစက်၊
၃။ ချင်းပြည်နယ်၊ တီးတိန်မြို့တွင် (၅) ဦး ကူးစက်
၄။ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့တွင် (၄) ဦး ကူးစက်၊ (၁) ဦး သေဆုံး
၅။ ပဲခူးတိုင်း၊ ပြည်မြို့တွင် (၃) ဦး ကူးစက်၊
၆။ ရှမ်းပြည်နယ်၊ တောင်ကြီးတွင် (၂) ဦး ကူးစက်၊
၇။ ရှမ်းပြည်နယ်၊ တာချီလိတ်တွင် (၁) ဦး ကူးစက်၊
၈။ နေပြည်တော်တွင် (၁) ဦး ကူးစက်၊
၉။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် (၁) ဦး ကူးစက်၊
၁၀။ မွန်ပြည်နယ်၊ ကျိုက်မရောတွင် (၁) ဦး ကူးစက်၊
၁၁။ မကွေးတိုင်းတွင် (၁) ဦး ကူးစက်၊
၁၂။ ရှမ်းပြည်နယ်၊ မိုင်းဖြတ်တွင် (၁) ဦး ကူးစက်၊
၁၃။ ရှမ်းပြည်နယ်၊ မူဆယ်တွင် (၁) ဦး ကူးစက်၊
၁၄။ ရှမ်းပြည်နယ်၊ မိုးညှင်းတွင် (၁) ဦး ကူးစက်၊
၁၅။ စစ်ကိုင်းတွင် (၁) ဦး ကူးစက်
Su Mon Oo ( Mine )
==============================
COVID-19 သည် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခဲ့ပြီး ယနေ့အထိ တစ်နိုင်ငံလုံးတွင် စောင့်ကြည့်လူနာ (၂,၆၅၁) ဦးရှိပြီး ရောဂါကူးစက်ခံရသူ (၁၄၆) ဦးနှင့် သေဆုံးသူ (၅) ဦး ရှိကာ ပြန်လည်ကောင်းမွန်သူ (၁၀) ဦး ရှိသည်။
Su Mon Oo ( Mine )
Bookmark