By Thant
နိုင်ငံတကာ လုပ်သမားအဖွဲ့အစည်းမှ ပြောကြားထားချက်အရ COVID-19 ကပ်ရောဂါကြောင့် ယခုနှစ် (၂၀၂၀) ခုနှစ်၏ ဒုတိယနှစ်ဝက် ကာလအတွင်း ကမ္ဘာ့အလုပ်ချိန် (၁၇) ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဤထုတ်ပြန်ချက်ကို ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ အေဂျင်စီမှ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ အလုပ်ချိန်ဆုံးရှုံးမှုသည် ကမ္ဘာတစ်ဝန်းရှိ အချိန်ပြည့် လုပ်သား စုစုပေါင်း၏ (၄၉၅) သန်းခန့်မျှ အလုပ်လက်မဲ့ဖြစ်မှုနှင့် ညီမျှနေသည်။
ပြီးခဲ့သော ဧပြီလနှင့် ဇွန်လကြားတွင် ဖြစ်ပေါ်ခဲ့သော အလုပ်အကိုင် ကျဆင်းမှုသည် ယခင် (၂၀၁၉) ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလကြား ကာလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေနှင့် နှိုင်းယှဉ်ပါက (၁၇.၃) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ကြောင်းသိရပါသည်။ ယခုဖြစ်ပေါ်နေသော အခြေအနေသည် ယခုနှစ် အစောပိုင်းက ခန့်မှန်းထားခြင်းထက် (၃.၃) ရာခိုင်နှုန်း ပိုမိုကျဆင်းခဲ့ခြင်းဖြစ်ပါသည်။
COVID-19 ရောဂါ ရိုက်ခက်မှုကို အဆိုးဆုံးခံစားရသည့် ဒေသများ၏ အလုပ်ကိုင် ဆုံးရှုံးမှု ပမာဏသည်..
ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားများ၏ ဝင်ငွေသည်လည်း ဇန်နဝါလနှင့် စက်တင်ဘာလ ကြားကာလ၌ (၂၀၁၉) ခုနှစ် ကာလနှင့် နှိုင်းယှဉ်လိုက်ပါက ဒေါ်လာ (၃.၅) ထရီလီယံထိ ကျဆင်းခဲ့ကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) က ပြောကြား ထားပါသည်။
(ILO) ၏ ညွှန်ကြားရေးမှုးချုပ် ဖြစ်သည့် Guy Ryder မှလည်း ကာလရှည် စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရန်လိုအပ်ကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။