ဒါဆိုရင်တော့ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၂၆ ဘီလမ်း ၅၃ လမ်းထောင့် SERENE BAR & RESTAURANT မှာ ည ၆နာရီမှ ၁၀နာရီထိ ပြုလုပ်သွားမယ့် ဘီယာပွဲတော်အကြောင်းကို ပြောပြပေးချင်ပါတယ်။
ဒီပွဲတော်မှာတော့ ဝင်လာတာနဲ့ ဘီယာခွက် အလွတ် ၁ခွက် လက်မှတ်နဲ့လဲပြီး ထုတ်ပေးပါတယ်။ ဘီယာပေးတဲ့နေရာမှာ ကြိုက်သလောက်ယူနိုင်ပြီး ပေးထားတဲ့ခွက်ကိုတော့ အပျောက်ခံလို့မရပါဘူးတဲ့။ ပျောက်ခဲ့ရင် ခွက်ခွန်တစ်ခွက်ကို ၁၀၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။ (ဘာလို့လဲဆိုတော့ ခွက်သစ်အလွယ်ရရင် တချို့က ဘီယာခွက်ကို မကုန်သေးမသောက်သေးပဲနဲ့ အလွယ်တကူ ပစ်ထားခဲ့တော့ ဘယ်သူမှသောက်မရ အလကားဖြစ်သွားတတ်လို့ပါ )ခွက်အဟောင်းကိုတော့ အသစ်နဲ့ Free လဲပေးပါလိမ့်မယ်။
Read More>>>အောင်မြင်တဲ့လူငယ်တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် ဘယ်လိုပြင်ဆင်မှုတွေလိုအပ်လဲ
“Live station ၅ ခုနဲ့ မြည်းစရာ” Live ဆိုတဲ့အတိုင်း မီးဖိုပေါ်က အကောင်လိုက်ကနေ ခုတ်ထစ် လှီးဖြတ်ပေးမှာပါ။ ခရစ်စမတ်ရဲ့ အရသာအပြည့်ရနိုင်ဖို့ အတွက်ပဲဖြစ်ပါတယ်။
(၁)ဩစတြေးလျား (AUSTRALIA)ကနေ သီးသန့်မှာယူထားတဲ့ ကြက်ဆင်
(၂)အနောက်တိုင်း စတိုင်အပြည့်နဲ့ သိုးကောင်လုံးကင်
(၃) အရှေ့တိုင်း အရသာအပြည့် ဘဲကင်
(၄)ကြက်ဆာတေး
(၅)ဖက်ထုပ်လေးပေါင်း စတာတွေကို
နွေးနွေးလေး သုံးဆောင်နိုင်ဖို့အတွက်ဆိုရင် ခဏခဏပြန်တန်းစီရပါမယ်။ လူအများနဲ့ဆိုတော့ အားလုံးမြန်မြန်ရအောင် တစ်ခါတန်းရင်နည်းနည်းပဲရတာဖြစ်လို့ပါ။ ဒါကတော့ နိုင်ငံတကာမှာပြုလုပ်နေတဲ့ LiveStation ဆိုတာကို ကြုံတွေ့ဖူးကြပေမယ့် ရင်းနှီစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပြုလုပ်ထားတာ ဖြစ်ပါတယ်။
>>>စားတော်ဆက်များ (တရုတ်အစားအစာ) (63)<<<
ဒါ့အပြင် ဖျော်ဖြေရေးကဏ္ဍကလည်းပါဝင်အုံးမှာဆိုတော့ တကယ့်ကိုရှယ်ပါပဲနော်။ Serene Music Band နဲ့ အဆိုတော်တွေက Rock & Pop သီချင်းလေးတွေ ဖျော်ဖြေသွားမှာဖြစ်ပြီး Rap ကို ချစ်ကြသူတွေအတွက် ကတော့ J FIRE & ICE COLD & ပြုံးမြသွယ် တို့က ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဂီတပွဲမစခင်နဲ့ ခဏ နားချိန်မှာ အာလာဒင် မန်းတက္ကသိုလ်ရဲ့ ဖျော်ဖြေမှု့လေးတွေလည်း ပါဝင်အုံးမှာပါ။
ဒီပွဲအတွက် Ticket Price ကတော့ ၃၀၀၀၀ ကျပ်ဖြစ်ပြီး လက်မှတ်အရေအတွက်ကန့်သတ်ထားပါတယ်။ စိတ်ပါဝင်စားသူတွေအနေနဲ့ ဖုန်းနံပါတ်၀၉၇၉၇၃၃၃၃၁၃/၀၉၄၀၀၅၀၀၉၈၉ တို့ကို ဆက်သွယ်နိုင်ပါတယ်။
Htet Htet Naing ( My Mandalay )