What's New

(၇) ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောစာတမ်း

Read 594 times

တနင်္ဂနွေ

ယခုကာလအတွင်း သင်သည် လူမျိုးခြားနှင့် တွဲလုပ်သောလုပ်ငန်းများ အောင်မြင်မှုရတတ်သည်။ လူမျိုးခြားနှင့် ပတ်သက်သောလုပ်ငန်းများ လုပ်ဆောင်ဖို့ အခွင့်အရေးများ ပေါ်လာတတ်သည်။ ဘာကိစ္စမဆို မိမိကိုယ်တိုင် မသွားလျှင် အဆင်မပြေတတ်သောကာလ ဖြစ်သည်။

လုပ်ငန်းစီးပွားကံများ သင့်နေပါသော်လည်း ကျန်းမာရေး အထူး ဂရုစိုက်သင့်ပါသည်။ ပြဿနာဟောင်းနှင့် ရောဂါဝေဒနာဟောင်းများ ပြန်၍ ပေါ်ပေါက်လာတတ်သည်။ ကြွေးမပေးပါနှင့်။ ဆုံးတတ်ပါတယ်။

ရန်သူဟောင်းများ ပြန်ပေါ်တတ်၍ သတိရှိပါ။ ယခုကာလအတွင်း အိမ်ပြင်၊ အိမ်ဆောက်ခြင်း မပြုလုပ်ပါနှင့်ဦး။ အပျက်အတိုင်းသာ ဖာထေးနေသင့်ပါတယ်။ အိမ်တွင် ကိုယ်ဝန်ဆောင်သည် ရှိက ဆေးရုံသို့ပို့ပါ။ အိမ်တွင် မီးဖွားခြင်း အဆင်မပြေနိုင်ပါ။

ဘာသာရေးနှင့် ပတ်သက်သော ကိစ္စများတတ်နိုင်သ၍ ကူညီပေးနေရတတ်ပါတယ်။ ဆွေမျိုးနီးစပ်သူများထဲမှ နာရေးကြုံရတတ်သည်။ လူငယ်၊ လူရွယ်များ မိန်းမခိုးခြင်း၊ ယောကျ်ားနောက်လိုက်ခြင်း ပြုလုပ်လျှင် နှစ်ဖက်မိဘတွေ အကြီးအကျယ် ပြဿနာဖြစ်သွားရတတ်ပါတယ်။

အိမ်တွင်းရေး အိမ်ထောင်ရေးတွေမှာတော့ ထုတ်ပြောလို့မရတဲ့ အတွင်းရေးအပူတွေ ရှိနေတတ်ပါတယ်။ ပညာရှာနေသူများ မိမိဘာသာ self-study လုပ်တာ အကောင်းဆုံး အချိန်ကာလပါပဲ။

အကျိုးပေးဂဏန်း - ၃/၅/၀
အထူးဟော - ကံအဆိုးလေးတွေ ရောပါနေတတ်ပါတယ်။
ယတြာ - စံပယ်ပန်းလေးတွေ ပန်းမွှေ့ယာခင်းပြီး ဘုရားကပ်လှူပေးပါ။

တနင်္လာ

ယခုကာလအတွင်း ယခင်ကထက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာများ ကြုံတွေ့ရတတ်သည်။ ကာလဒေသအလျောက် ဖြစ်ပေါ်လေ့ရှိသော အနှောင့်အယှက်များ ကြုံရတတ်သည်။ အပြိုင်အဆိုင်များ ပေါ်ပေါက်ပြီး လူယုံဒုက္ခပေးတတ်သည်။

ဆန့်ကျင်ဘက်လိင်တို့၏ အကူအညီကြောင့် သက်သာရာရမည်။ မိတ်ကောင်း၊ ဆွေကောင်းများနှင့် လုပ်ငန်းခွင်အတွင်း အတိုက်အခံပြိုင်ဘက်များ ပေါ်ပေါက်လာတတ်ပါတယ်။ အငြိုအငြင် ခံရ တတ်ပါတယ်။

ထီပေါက်သလိုလည်း ငွေအစုလိုက်၊ အပြုံလိုက်ရတတ်ပါတယ်။ မိသားစု အကြီးအကဲတစ်ဦး၏ ကျန်းမာရေး ဂရုစိုက်ပါ။ စာရွက်၊ စာတမ်းနှင့် ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါတယ်။ ငွေကြေးမတော်တဆ ဆုံးရှုံးရတတ်ခြင်းများ ကြုံရတတ်သည်။

အိမ်ခြံမြေနှင့် ပတ်သက်၍ အငြင်းပွားရတတ်သည်။ ဝန်ထမ်းများ တာဝန်များမည်။ ကျောင်းသူ၊ ကျောင်းသားများ စိတ်လှုပ်ရှားမှုများမည်။ ချစ်သူမရှိသေးတဲ့ အပျို၊ လူပျိုများ ချစ်သူတွေ့ရ မည့် ကာလဖြစ်ပါတယ်။

ချစ်သူစုံတွဲများကတော့ အနေဝေးပြီး အလှမ်းဝေးနေရတတ်ပါသည်။ ကျန်းမာရေးတွင် လေနှင့် လေငန်း သတိထားပါ။ အိမ်ထောင်ရေးမှာတော့ မိသားစုအတွင်း ပြဿနာများ ပေါ်ပေါက် တတ်သည်။ ပညာရေးနယ်ပယ်တွင် တိုးတတ်အောင်မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း - ၄/၆/၉
အထူးဟော -ာကံသင့်ပါတယ်။
ယတြာ - သရက်သီးမှည့်ကို ဆယ်စိပ်စပ်ပြီး ဘုရားကပ်လှူပါ။

အင်္ဂါ

ယခုကာလအတွင်း အလှူမင်္ဂလာကိစ္စများ ဦးဆောင်ပြုလုပ်ပေးရတတ်သည်။ အလုပ်ပြောင်းလိုစိတ်များ ပေါ်ပေါက်နေတတ်သည်။ ပြောင်းလျှင် အဆင်မပြေနိုင်သေးပါ။ သင့်အား ဒုက္ခပေးသူများ၊ အနိုင်ကျင့်သော၊ အတိုက်အခံလုပ်သောသူများနှင့် ကြုံတွေ့ ရတတ်ပါတယ်။

ရပ်ဝေးခရီးထွက်ရန် စီစဉ်ထားသူများ အဆင်ပြေမည့် ကာလဖြစ်သည်။ အလုပ်အကိုင် အပြောင်းအရွှေ့များ ပေါ်ပေါက်လာတတ်သည်။ အပြောင်းအရွှေ့လုပ်ပါက အထူးကောင်းသောအချိန်ဖြစ်ပါတယ်။ စီးပွားရေးအလွန်ကောင်းလာမည်။

အတိုက်အခိုက် ရန်သူတွေကြားကနေ ကူညီမယ့် မိတ်ဆွေကောင်းတွေလဲ ရှိနေတတ်ပါတယ်။ လက်လီစီးပွားရေးလုပ်ငန်းများ အရောင်းအဝယ်အေးနေရာကနေ ပြန်လည်စည်ကားလာမည်။ ဒီကာလမှာ မိမိကိုယ်တိုင်လည်း ကျန်းမာရေးအနည်းငယ် ညံ့တတ်ပါတယ်။

ဆေးရုံတတ်ခြင်း၊ ဆေးဝါးကုသခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ဆရာကောင်း၊ သမားကောင်းများနှင့် ဖြေရှင်းမှသာလျှင် အကျိုးထူးသောကာလ ဖြစ်ပေသည်။ အိမ်ထောင်ဖက်နှင့် စိတ်ဝမ်းကွဲခြင်းမျိုး ကြုံရတတ်ပါတယ်။

အချစ်ရေးက ဝေးနေသူတွေက အဆင်ပြေပေမယ့် နီးနေသူတွေကတော့ အမြဲတကျက်ကျက်ဖြစ်နေတတ်ပါတယ်။ မိမိအလုပ်မှနေ၍ သင်တန်းတတ်ရခြင်း၊ ပညာရပ်တစ်ခု သင်ကြားရခြင်းမျိုး ကြုံရတတ်ပါသည်။

အကျိုးပေးဂဏန်း - ၁/၃/၅
အထူးဟော - အလုပ်အကိုင် ထူးခြားတိုးတတ်မည်။
ယတြာ - အမေ့ကို စားချင်တာဝယ်ကျွေးလိုက်ပါ။

ဗုဒ္ဓဟူး/ ရာဟု

ယခုကာလအတွင်း အနည်းငယ် ဂရုစိုက်သင့်ပါတယ်။ မကောင်းသော အတတ်ပညာများနှင့်လည်း ပြုစားခံရတတ်သည်။ အိမ်နီးချင်းများနှင့်လည်း ပြဿနာများ ဖြေရှင်းရတတ်သည်။ လုပ်ဖော်ကိုင်ဖက်များနှင့် ထီစပ်ထိုးပါက ထီပေါက်တတ်သည်။

အခြားလူတစ်ဦးကို အလွန်ချမ်းသာတယ် မိမိထင်ပြီး မိမိက ငွေချေးလိုက်တာတွေ မလုပ်ပါနဲ့။ ငွေဆုံးခြင်းဖြစ်တတ်ပါတယ်။ ဟန်ပြသမားတွေနဲ့ တွေ့ရတတ်တဲ့ကာလမို့ပါ။ အသက်ကြီးသူများနမော်နမဲ့နဲ့ ပစ္စည်းအထားမှားပြီး ပျောက်ခြင်းများလည်း ကြုံတွေ့ရတတ်သည်။

သူခိုးအခိုးခံရတတ်သည်။ ရှိနေသောပစ္စည်းများကို ထုခွဲရောင်းချရသည်အထိ ငွေကုန်ကြေးကျများတတ်သည်။ မြေကိစ္စနှင့် ပတ်သက်ပြီး မြေဝယ်မယ်ကြံရင် ဝယ်လိုက်ပါ။ မိမိနှင့်အကျိုးပေးမည့်မြေမျိုး ဖြစ်တတ်ပါတယ်။

ငွေတွေဝင်နေမယ်။ အလုပ်နေရာ၊ အိမ်နေရာများ ပြင်ဆင်မွမ်းမံရတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့မရှိ အဆင်ပြေ သာယာတတ်ပါတယ်။ အလုပ်မှာ အတိုက်အခံ များသော်လည်း အောင်မြင်မယ်။ လူလွတ်များ သံယောဇဉ်တွယ်ရမယ့်သူ တွေ့ရတတ်ပါတယ်။

ပညာရပ်နဲ့ ပတ်သက်သော လုပ်ငန်းသစ်များ တိုးချဲ့လုပ်ကိုင်ရတတ်ပါတယ်။ ပညာရှာနေသူဆို အွန်လိုင်းကနေ ပညာရှာလို့ကောင်းတဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း - ၁/၆/၈
အထူးဟော - လူလိမ်တွေနှင့် တွေ့ရတတ်ပါတယ်။
ယတြာ - ကြာဆံချက် ဘုရားကပ်လှူပေးပါ။

ကြာသပတေး

ယခုကာလအတွင်း မသွားချင်သောခရီး၊ စိတ်ညစ်စရာခရီးများ သွားရတတ်ပါတယ်။ ဒါပေမယ့် ခရီးထွက်ပြီး ပြန်လာတာနဲ့ ကောင်းသောသတင်းများ ကြားရတတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းများနှင့် စိတ်ဝမ်းကွဲရတတ်ပါတယ်။

မည်သည့်ကိစ္စမဆို နှစ်ကြိမ်၊ နှစ်ခါပြုလုပ်ရလေ့ရှိပါတယ်။ အထက်လူကြီးများက ကူညီစောင့်ရှောက်ပေးကြလိမ့်မည်။ မိမိပစ္စည်းများ သူခိုးခိုးခံရတတ်သည်။ ဘာသာရေးနှင့် ပတ်သက်သော အလှူအတန်းများလှူခွင့်ရပါက အထူးကောင်းပါတယ်။

မေတ္တာတရားစိတ်ထားဖို့ အလွန်အရေးကြီးချိန်ပါ။ မထင်မှတ်ထားသော အကူအညီများရ တတ်ပါတယ်။ လုပ်ဖေါ်ကိုင်ဖက်များနှင့် စိတ်ဝမ်းကွဲရတတ်ပါတယ်။ လူမျိုးခြား အကျိုးပေးမယ်။ အလုပ်ပိုများ အဆင်ပြေပါမယ်။

အသားဓါတ်၊ ကစီဓါတ်၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားပေးပါ။ ဝမ်း တွင်းသားရှောင်ပါ။ သို့မှသာ သင်သည် ကျန်းမာရေးနှင့် သင့်တင့်ပြီး စိတ်ရွှင်လန်းပျော်ရွှင်မှုကို ရရှိနိုင်မည် ဖြစ်ပါသည်။

ငယ်ရွယ်သူများ အချစ်ရေးတွင် သဘောထားကွဲလွဲမှုများ ကြုံတွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာကိစ္စရပ်များ ထိခိုက်နာကျင်ရတတ်ပါတယ်။

ပြုံးရွှင်လိုက်လျောစွာ ဆက်ဆံတတ်ခြင်း၊ ဝီရိယရှိခြင်း၊ ဉာဏ်ပညာကိုလွှာ၍ သုံးတတ်ခြင်းကြောင့်ကို တိုးတတ်ကြီးပွားကိန်းမြင်သည်။

အကျိုးပေးဂဏန်း - ၂/၇/၉
အထူးဟော - ကျန်းမာရေးအတွက် အစားဆင်ခြင်ပါ။
ယတြာ - သီလရှင်တွေကို ကြက်ဥနိုင်သလောက် လှူပေးပါ။

သောကြာ

ယခုကာလအတွင်း သင့်တွင် မိတ်ဆွေကောင်းများ တိုးပွားသောကာလတစ်ခု ဖြစ်သည်။ ဝန်ထမ်းများအဖို့ မိမိအထက်လူကြီး ဆရာသမားများ၏ ကူညီစောင့်ရှောက်ခြင်းကို ခံရတတ်ပါတယ်။ ရုတ်တရက် မထင်ထားဘဲ အလုပ်ရာထူး တိုးနိုင်သောကာလ ဖြစ်သည်။

မြေဝယ်ရန် ကြံရွယ်ထားသူများ ယခုလအတွင်း ဝယ်လိုက်ပါ။ ကိုယ့်အတွက် အကျိုးပေးသောမြေမျိုး ရတတ်သည်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေသူများ လုပ်ငန်းတိုးချဲ့ရန် မပြင်ဆင်ပါနှင့်ဦး။ လုပ်ငန်းပြောင်းရန် ကြံရွယ်ထားသူများ လုပ်ငန်းမပြောင်းပါနှင့်ဦး။

ပြောင်းလျှင်ပို၍ ဆိုးတတ်သည်။ လူငယ်များ၊ ချစ်သူစုံတွဲများ အတူတကွ နေထိုင်ခြင်းမျိုး မပြုလုပ်သင့်ပါ။ နောက်ဆက်တွဲ အပူသောကတွေ ဖြစ်လာရတတ်ပါတယ်။ အဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်ရတတ်သည်။ ဖြူစင်တဲ့ငွေကိုပဲ မက်မောပါ။

တရားမဝင်ငွေကြေးတွေ ယူမိရင်တော့ ဆိုးကျိုးဖြစ်လာနိုင်စရာ ရှိပါတယ်။ မိသားစုအတွင်း မြေအရောင်းအဝယ်ကိစ္စသော်လည်ကောင်း၊ အမွေကိစ္စကဲ့သို့သော ခွဲဝေပိုင်ဆိုင်မှုများ မိသားစုအရေးပေါ်တတ်သည်။

အိမ်ထောင်ရေးမှာတော့ အဆင်ပြေတာများပါတယ်။ ပညာရေးအလွန် ကောင်းမွန်နေပါ၍ ယခုကာလအတွင်း သင်တန်းတတ်ရခြင်း၊ ပညာသင်ကြားရခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၁/၃/၆
အထူးဟော - ကံမြင့်မားနေတတ်ပါတယ်။
ယတြာ - ကျောင်းသားများအား ဗလာစာအုပ်လှူလိုက်ပါ။

စနေ

ယခုကာလတွင် ဆွေမျိုးအကြီးအကဲများ၏ ကူညီမှုကြောင့် လုပ်ငန်းအကြံအစည်များ ဖြောင့်ဖြူးမည်။ ပြည်ပရပ်ခြားပုဂ္ဂိုလ်၊ ကုမ္ပဏီများ၏ ပံ့ပိုးယုံကြည်မှုရမည်။ သင်သည် ယခင်ကထက် စိတ်သက်သာရာ ရနေမည်။

လုပ်ငန်းအကြံအစည်၊ ငွေကြေး စသည်တို့အတွက် အကြံကောင်း၊ ဉာဏ်ကောင်းရမည်။ စက်ပစ္စည်းအသစ်များ လဲလှယ်ရတတ်သည်။ အကြီးအကဲများ၏ ပံ့ပိုးမှုဖြင့် လုပ်ငန်းသစ်တစ်ခုဆောင်ရွက်ရတတ်သည်။

ဝန်ထမ်းများ ပူးတွဲတာဝန်များ ပေးအပ်ခြင်းခံရမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ဝမ်းဗိုက်နှင့် ကျောပြင်တွင် အနာပေါက်တတ်သည်။ ကျောက်ကပ်နှင့် ခါးတွင် ရောဂါဖြစ်တတ်သည်။ ယခင်ကထက် ကံဇာတာ အထူးတိုးတတ်လာမည်။

အုပ်ချုပ်သူ၊ အကြီးအကဲများ၏ ချုပ်ချယ်မှု ရှိသော်လည်း ဆန့်ကျင်ဘက် လိင်တစ်ဦးဦး၏ အကြံပေးမှုဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်။ ပြည်ပနိုင်ငံရပ်ခြားကိစ္စများ အဆင်ပြေစပြုလာမည်။

ငွေကြေးများ မြုပ်နေရာမှ ဘဏ်ချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ကြုံမည်။ ဝန်ထမ်းများ ချေးငွေ၊ ဘဏ်ချေးငွေဖြင့် လိုချင်တာဝယ်ယူခွင့် ရရှိကိန်းကြုံမည်။ အချစ်ရေးတွင် လှေနံနှစ်ဖက်မနင်းသင့်ပါ။

အိမ်ထောင်ရေး အညံ့အဆိုးမရှိသလောက် နည်းပါလိမ့်မယ်။ ပညာရေးမှာတော့ ကိုယ့်ကို ချစ်ကြိုက်နေသူတစ်ဦးရဲ့ အကူအညီကြောင့် ပညာရေးတိုးတတ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း - ၂/၈/၀
အထူးဟော - လူချစ်လူခင်များနေတတ်တာတွေ့ရပါတယ်။
ယတြာ - ပဲကုလားဟင်းချက်ပြီး အိမ်နီးချင်းတွေကို ဝေပေးပါ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )
0977 5555 695 / 09 44 5555 695

==============================

(၇) ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာေဗဒင္ ေဟာစာတမ္း

ဇြန္လ (၂၅) ရက္၊ ၾကာသပေတးေန႔မွ ဇူလိုင္လ (၁) ရက္ေန႔၊ ဗုဒၶဟူးေန႔အထိ ခုႏွစ္ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာေဗဒင္ ေဟာစာတမ္းကို ေဖာ္ျပေပးလိုက္ပါသည္။

တနဂၤေႏြ

ယခုကာလအတြင္း သင္သည္ လူမ်ိဳးျခားႏွင့္ တြဲလုပ္ေသာလုပ္ငန္းမ်ား ေအာင္ျမင္မႈရတတ္သည္။ လူမ်ိဳးျခားႏွင့္ ပတ္သက္ေသာလုပ္ငန္းမ်ား လုပ္ေဆာင္ဖို႔ အခြင့္အေရးမ်ား ေပၚလာတတ္သည္။ ဘာကိစၥမဆို မိမိကိုယ္တိုင္ မသြားလွ်င္ အဆင္မေျပတတ္ေသာကာလ ျဖစ္သည္။

လုပ္ငန္းစီးပြားကံမ်ား သင့္ေနပါေသာ္လည္း က်န္းမာေရး အထူး ဂ႐ုစိုက္သင့္ပါသည္။ ျပႆနာေဟာင္းႏွင့္ ေရာဂါေဝဒနာေဟာင္းမ်ား ျပန္၍ ေပၚေပါက္လာတတ္သည္။ ေႂကြးမေပးပါႏွင့္။ ဆုံးတတ္ပါတယ္။

ရန္သူေဟာင္းမ်ား ျပန္ေပၚတတ္၍ သတိရွိပါ။ ယခုကာလအတြင္း အိမ္ျပင္၊ အိမ္ေဆာက္ျခင္း မျပဳလုပ္ပါႏွင့္ဦး။ အပ်က္အတိုင္းသာ ဖာေထးေနသင့္ပါတယ္။ အိမ္တြင္ ကိုယ္ဝန္ေဆာင္သည္ ရွိက ေဆး႐ုံသို႔ပို႔ပါ။ အိမ္တြင္ မီးဖြားျခင္း အဆင္မေျပႏိုင္ပါ။

ဘာသာေရးႏွင့္ ပတ္သက္ေသာ ကိစၥမ်ားတတ္ႏိုင္သ၍ ကူညီေပးေနရတတ္ပါတယ္။ ေဆြမ်ိဳးနီးစပ္သူမ်ားထဲမွ နာေရးႀကဳံရတတ္သည္။ လူငယ္၊ လူ႐ြယ္မ်ား မိန္းမခိုးျခင္း၊ ေယာက်္ားေနာက္လိုက္ျခင္း ျပဳလုပ္လွ်င္ ႏွစ္ဖက္မိဘေတြ အႀကီးအက်ယ္ ျပႆနာျဖစ္သြားရတတ္ပါတယ္။

အိမ္တြင္းေရး အိမ္ေထာင္ေရးေတြမွာေတာ့ ထုတ္ေျပာလို႔မရတဲ့ အတြင္းေရးအပူေတြ ရွိေနတတ္ပါတယ္။ ပညာရွာေနသူမ်ား မိမိဘာသာ self-study လုပ္တာ အေကာင္းဆုံး အခ်ိန္ကာလပါပဲ။

အက်ိဳးေပးဂဏန္း - ၃/၅/၀
အထူးေဟာ - ကံအဆိုးေလးေတြ ေရာပါေနတတ္ပါတယ္။
ယၾတာ - စံပယ္ပန္းေလးေတြ ပန္းေမႊ႕ယာခင္းၿပီး ဘုရားကပ္လႉေပးပါ။

တနလၤာ

ယခုကာလအတြင္း ယခင္ကထက္ အနည္းငယ္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာမ်ား ႀကဳံေတြ႕ရတတ္သည္။ ကာလေဒသအေလ်ာက္ ျဖစ္ေပၚေလ့ရွိေသာ အေႏွာင့္အယွက္မ်ား ႀကဳံရတတ္သည္။ အၿပိဳင္အဆိုင္မ်ား ေပၚေပါက္ၿပီး လူယုံဒုကၡေပးတတ္သည္။

ဆန႔္က်င္ဘက္လိင္တို႔၏ အကူအညီေၾကာင့္ သက္သာရာရမည္။ မိတ္ေကာင္း၊ ေဆြေကာင္းမ်ားႏွင့္ လုပ္ငန္းခြင္အတြင္း အတိုက္အခံၿပိဳင္ဘက္မ်ား ေပၚေပါက္လာတတ္ပါတယ္။ အၿငိဳအျငင္ ခံရ တတ္ပါတယ္။

ထီေပါက္သလိုလည္း ေငြအစုလိုက္၊ အၿပဳံလိုက္ရတတ္ပါတယ္။ မိသားစု အႀကီးအကဲတစ္ဦး၏ က်န္းမာေရး ဂ႐ုစိုက္ပါ။ စာ႐ြက္၊ စာတမ္းႏွင့္ ပတ္သက္ၿပီး စိတ္ညစ္ရတတ္ပါတယ္။ ေငြေၾကးမေတာ္တဆ ဆုံးရႈံးရတတ္ျခင္းမ်ား ႀကဳံရတတ္သည္။

အိမ္ၿခံေျမႏွင့္ ပတ္သက္၍ အျငင္းပြားရတတ္သည္။ ဝန္ထမ္းမ်ား တာဝန္မ်ားမည္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား စိတ္လႈပ္ရွားမႈမ်ားမည္။ ခ်စ္သူမရွိေသးတဲ့ အပ်ိဳ၊ လူပ်ိဳမ်ား ခ်စ္သူေတြ႕ရ မည့္ ကာလျဖစ္ပါတယ္။

ခ်စ္သူစုံတြဲမ်ားကေတာ့ အေနေဝးၿပီး အလွမ္းေဝးေနရတတ္ပါသည္။ က်န္းမာေရးတြင္ ေလႏွင့္ ေလငန္း သတိထားပါ။ အိမ္ေထာင္ေရးမွာေတာ့ မိသားစုအတြင္း ျပႆနာမ်ား ေပၚေပါက္ တတ္သည္။ ပညာေရးနယ္ပယ္တြင္ တိုးတတ္ေအာင္ျမင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း - ၄/၆/၉
အထူးေဟာ -ာကံသင့္ပါတယ္။
ယၾတာ - သရက္သီးမွည့္ကို ဆယ္စိပ္စပ္ၿပီး ဘုရားကပ္လႉပါ။

အဂၤါ

ယခုကာလအတြင္း အလႉမဂၤလာကိစၥမ်ား ဦးေဆာင္ျပဳလုပ္ေပးရတတ္သည္။ အလုပ္ေျပာင္းလိုစိတ္မ်ား ေပၚေပါက္ေနတတ္သည္။ ေျပာင္းလွ်င္ အဆင္မေျပႏိုင္ေသးပါ။ သင့္အား ဒုကၡေပးသူမ်ား၊ အႏိုင္က်င့္ေသာ၊ အတိုက္အခံလုပ္ေသာသူမ်ားႏွင့္ ႀကဳံေတြ႕ ရတတ္ပါတယ္။

ရပ္ေဝးခရီးထြက္ရန္ စီစဥ္ထားသူမ်ား အဆင္ေျပမည့္ ကာလျဖစ္သည္။ အလုပ္အကိုင္ အေျပာင္းအေ႐ႊ႕မ်ား ေပၚေပါက္လာတတ္သည္။ အေျပာင္းအေ႐ႊ႕လုပ္ပါက အထူးေကာင္းေသာအခ်ိန္ျဖစ္ပါတယ္။ စီးပြားေရးအလြန္ေကာင္းလာမည္။

အတိုက္အခိုက္ ရန္သူေတြၾကားကေန ကူညီမယ့္ မိတ္ေဆြေကာင္းေတြလဲ ရွိေနတတ္ပါတယ္။ လက္လီစီးပြားေရးလုပ္ငန္းမ်ား အေရာင္းအဝယ္ေအးေနရာကေန ျပန္လည္စည္ကားလာမည္။ ဒီကာလမွာ မိမိကိုယ္တိုင္လည္း က်န္းမာေရးအနည္းငယ္ ညံ့တတ္ပါတယ္။

ေဆး႐ုံတတ္ျခင္း၊ ေဆးဝါးကုသျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။ ဆရာေကာင္း၊ သမားေကာင္းမ်ားႏွင့္ ေျဖရွင္းမွသာလွ်င္ အက်ိဳးထူးေသာကာလ ျဖစ္ေပသည္။ အိမ္ေထာင္ဖက္ႏွင့္ စိတ္ဝမ္းကြဲျခင္းမ်ိဳး ႀကဳံရတတ္ပါတယ္။

အခ်စ္ေရးက ေဝးေနသူေတြက အဆင္ေျပေပမယ့္ နီးေနသူေတြကေတာ့ အၿမဲတက်က္က်က္ျဖစ္ေနတတ္ပါတယ္။ မိမိအလုပ္မွေန၍ သင္တန္းတတ္ရျခင္း၊ ပညာရပ္တစ္ခု သင္ၾကားရျခင္းမ်ိဳး ႀကဳံရတတ္ပါသည္။

အက်ိဳးေပးဂဏန္း - ၁/၃/၅
အထူးေဟာ - အလုပ္အကိုင္ ထူးျခားတိုးတတ္မည္။
ယၾတာ - အေမ့ကို စားခ်င္တာဝယ္ေကြၽးလိုက္ပါ။

ဗုဒၶဟူး/ ရာဟု

ယခုကာလအတြင္း အနည္းငယ္ ဂ႐ုစိုက္သင့္ပါတယ္။ မေကာင္းေသာ အတတ္ပညာမ်ားႏွင့္လည္း ျပဳစားခံရတတ္သည္။ အိမ္နီးခ်င္းမ်ားႏွင့္လည္း ျပႆနာမ်ား ေျဖရွင္းရတတ္သည္။ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ထီစပ္ထိုးပါက ထီေပါက္တတ္သည္။

အျခားလူတစ္ဦးကို အလြန္ခ်မ္းသာတယ္ မိမိထင္ၿပီး မိမိက ေငြေခ်းလိုက္တာေတြ မလုပ္ပါနဲ႔။ ေငြဆုံးျခင္းျဖစ္တတ္ပါတယ္။ ဟန္ျပသမားေတြနဲ႔ ေတြ႕ရတတ္တဲ့ကာလမို႔ပါ။ အသက္ႀကီးသူမ်ားနေမာ္နမဲ့နဲ႔ ပစၥည္းအထားမွားၿပီး ေပ်ာက္ျခင္းမ်ားလည္း ႀကဳံေတြ႕ရတတ္သည္။

သူခိုးအခိုးခံရတတ္သည္။ ရွိေနေသာပစၥည္းမ်ားကို ထုခြဲေရာင္းခ်ရသည္အထိ ေငြကုန္ေၾကးက်မ်ားတတ္သည္။ ေျမကိစၥႏွင့္ ပတ္သက္ၿပီး ေျမဝယ္မယ္ႀကံရင္ ဝယ္လိုက္ပါ။ မိမိႏွင့္အက်ိဳးေပးမည့္ေျမမ်ိဳး ျဖစ္တတ္ပါတယ္။

ေငြေတြဝင္ေနမယ္။ အလုပ္ေနရာ၊ အိမ္ေနရာမ်ား ျပင္ဆင္မြမ္းမံရတတ္ပါတယ္။ အိမ္ေထာင္ေရးအညံ့မရွိ အဆင္ေျပ သာယာတတ္ပါတယ္။ အလုပ္မွာ အတိုက္အခံ မ်ားေသာ္လည္း ေအာင္ျမင္မယ္။ လူလြတ္မ်ား သံေယာဇဥ္တြယ္ရမယ့္သူ ေတြ႕ရတတ္ပါတယ္။

ပညာရပ္နဲ႔ ပတ္သက္ေသာ လုပ္ငန္းသစ္မ်ား တိုးခ်ဲ႕လုပ္ကိုင္ရတတ္ပါတယ္။ ပညာရွာေနသူဆို အြန္လိုင္းကေန ပညာရွာလို႔ေကာင္းတဲ့ ကာလပါပဲ။

အက်ိဳးေပးဂဏန္း - ၁/၆/၈
အထူးေဟာ - လူလိမ္ေတြႏွင့္ ေတြ႕ရတတ္ပါတယ္။
ယၾတာ - ၾကာဆံခ်က္ ဘုရားကပ္လႉေပးပါ။

ၾကာသပေတး

ယခုကာလအတြင္း မသြားခ်င္ေသာခရီး၊ စိတ္ညစ္စရာခရီးမ်ား သြားရတတ္ပါတယ္။ ဒါေပမယ့္ ခရီးထြက္ၿပီး ျပန္လာတာနဲ႔ ေကာင္းေသာသတင္းမ်ား ၾကားရတတ္ပါတယ္။ မိတ္ေဆြအေပါင္းအသင္းမ်ားႏွင့္ စိတ္ဝမ္းကြဲရတတ္ပါတယ္။

မည္သည့္ကိစၥမဆို ႏွစ္ႀကိမ္၊ ႏွစ္ခါျပဳလုပ္ရေလ့ရွိပါတယ္။ အထက္လူႀကီးမ်ားက ကူညီေစာင့္ေရွာက္ေပးၾကလိမ့္မည္။ မိမိပစၥည္းမ်ား သူခိုးခိုးခံရတတ္သည္။ ဘာသာေရးႏွင့္ ပတ္သက္ေသာ အလႉအတန္းမ်ားလႉခြင့္ရပါက အထူးေကာင္းပါတယ္။

ေမတၱာတရားစိတ္ထားဖို႔ အလြန္အေရးႀကီးခ်ိန္ပါ။ မထင္မွတ္ထားေသာ အကူအညီမ်ားရ တတ္ပါတယ္။ လုပ္ေဖၚကိုင္ဖက္မ်ားႏွင့္ စိတ္ဝမ္းကြဲရတတ္ပါတယ္။ လူမ်ိဳးျခား အက်ိဳးေပးမယ္။ အလုပ္ပိုမ်ား အဆင္ေျပပါမယ္။

အသားဓါတ္၊ ကစီဓါတ္၊ ဟင္းသီး ဟင္း႐ြက္ႏွင့္ သစ္သီးဝလံမ်ားကို မ်ားမ်ားစားေပးပါ။ ဝမ္း တြင္းသားေရွာင္ပါ။ သို႔မွသာ သင္သည္ က်န္းမာေရးႏွင့္ သင့္တင့္ၿပီး စိတ္႐ႊင္လန္းေပ်ာ္႐ႊင္မႈကို ရရွိႏိုင္မည္ ျဖစ္ပါသည္။

ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ သေဘာထားကြဲလြဲမႈမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး စိတ္ပိုင္းဆိုင္ရာကိစၥရပ္မ်ား ထိခိုက္နာက်င္ရတတ္ပါတယ္။

ၿပဳံး႐ႊင္လိုက္ေလ်ာစြာ ဆက္ဆံတတ္ျခင္း၊ ဝီရိယရွိျခင္း၊ ဉာဏ္ပညာကိုလႊာ၍ သုံးတတ္ျခင္းေၾကာင့္ကို တိုးတတ္ႀကီးပြားကိန္းျမင္သည္။

အက်ိဳးေပးဂဏန္း - ၂/၇/၉
အထူးေဟာ - က်န္းမာေရးအတြက္ အစားဆင္ျခင္ပါ။
ယၾတာ - သီလရွင္ေတြကို ၾကက္ဥႏိုင္သေလာက္ လႉေပးပါ။

ေသာၾကာ

ယခုကာလအတြင္း သင့္တြင္ မိတ္ေဆြေကာင္းမ်ား တိုးပြားေသာကာလတစ္ခု ျဖစ္သည္။ ဝန္ထမ္းမ်ားအဖို႔ မိမိအထက္လူႀကီး ဆရာသမားမ်ား၏ ကူညီေစာင့္ေရွာက္ျခင္းကို ခံရတတ္ပါတယ္။ ႐ုတ္တရက္ မထင္ထားဘဲ အလုပ္ရာထူး တိုးႏိုင္ေသာကာလ ျဖစ္သည္။

ေျမဝယ္ရန္ ႀကံ႐ြယ္ထားသူမ်ား ယခုလအတြင္း ဝယ္လိုက္ပါ။ ကိုယ့္အတြက္ အက်ိဳးေပးေသာေျမမ်ိဳး ရတတ္သည္။ ကိုယ္ပိုင္စီးပြားေရးလုပ္ေနသူမ်ား လုပ္ငန္းတိုးခ်ဲ႕ရန္ မျပင္ဆင္ပါႏွင့္ဦး။ လုပ္ငန္းေျပာင္းရန္ ႀကံ႐ြယ္ထားသူမ်ား လုပ္ငန္းမေျပာင္းပါႏွင့္ဦး။

ေျပာင္းလွ်င္ပို၍ ဆိုးတတ္သည္။ လူငယ္မ်ား၊ ခ်စ္သူစုံတြဲမ်ား အတူတကြ ေနထိုင္ျခင္းမ်ိဳး မျပဳလုပ္သင့္ပါ။ ေနာက္ဆက္တြဲ အပူေသာကေတြ ျဖစ္လာရတတ္ပါတယ္။ အဖြဲ႕အစည္းတစ္ခုသို႔ ဝင္ေရာက္ရတတ္သည္။ ျဖဴစင္တဲ့ေငြကိုပဲ မက္ေမာပါ။

တရားမဝင္ေငြေၾကးေတြ ယူမိရင္ေတာ့ ဆိုးက်ိဳးျဖစ္လာႏိုင္စရာ ရွိပါတယ္။ မိသားစုအတြင္း ေျမအေရာင္းအဝယ္ကိစၥေသာ္လည္ေကာင္း၊ အေမြကိစၥကဲ့သို႔ေသာ ခြဲေဝပိုင္ဆိုင္မႈမ်ား မိသားစုအေရးေပၚတတ္သည္။

အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပတာမ်ားပါတယ္။ ပညာေရးအလြန္ ေကာင္းမြန္ေနပါ၍ ယခုကာလအတြင္း သင္တန္းတတ္ရျခင္း၊ ပညာသင္ၾကားရျခင္းမ်ိဳး ႀကဳံေတြ႕ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း - ၁/၃/၆
အထူးေဟာ - ကံျမင့္မားေနတတ္ပါတယ္။
ယၾတာ - ေက်ာင္းသားမ်ားအား ဗလာစာအုပ္လႉလိုက္ပါ။

စေန

ယခုကာလတြင္ ေဆြမ်ိဳးအႀကီးအကဲမ်ား၏ ကူညီမႈေၾကာင့္ လုပ္ငန္းအႀကံအစည္မ်ား ေျဖာင့္ျဖဴးမည္။ ျပည္ပရပ္ျခားပုဂၢိဳလ္၊ ကုမၸဏီမ်ား၏ ပံ့ပိုးယုံၾကည္မႈရမည္။ သင္သည္ ယခင္ကထက္ စိတ္သက္သာရာ ရေနမည္။

လုပ္ငန္းအႀကံအစည္၊ ေငြေၾကး စသည္တို႔အတြက္ အႀကံေကာင္း၊ ဉာဏ္ေကာင္းရမည္။ စက္ပစၥည္းအသစ္မ်ား လဲလွယ္ရတတ္သည္။ အႀကီးအကဲမ်ား၏ ပံ့ပိုးမႈျဖင့္ လုပ္ငန္းသစ္တစ္ခုေဆာင္႐ြက္ရတတ္သည္။

ဝန္ထမ္းမ်ား ပူးတြဲတာဝန္မ်ား ေပးအပ္ျခင္းခံရမည္။ က်န္းမာေရးႏွင့္ ပတ္သက္၍ ဝမ္းဗိုက္ႏွင့္ ေက်ာျပင္တြင္ အနာေပါက္တတ္သည္။ ေက်ာက္ကပ္ႏွင့္ ခါးတြင္ ေရာဂါျဖစ္တတ္သည္။ ယခင္ကထက္ ကံဇာတာ အထူးတိုးတတ္လာမည္။

အုပ္ခ်ဳပ္သူ၊ အႀကီးအကဲမ်ား၏ ခ်ဳပ္ခ်ယ္မႈ ရွိေသာ္လည္း ဆန႔္က်င္ဘက္ လိင္တစ္ဦးဦး၏ အႀကံေပးမႈျဖင့္ အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္။ ျပည္ပႏိုင္ငံရပ္ျခားကိစၥမ်ား အဆင္ေျပစျပဳလာမည္။

ေငြေၾကးမ်ား ျမဳပ္ေနရာမွ ဘဏ္ေခ်းေငြျဖင့္ လုပ္ငန္းေဆာင္႐ြက္ခြင့္ႀကဳံမည္။ ဝန္ထမ္းမ်ား ေခ်းေငြ၊ ဘဏ္ေခ်းေငြျဖင့္ လိုခ်င္တာဝယ္ယူခြင့္ ရရွိကိန္းႀကဳံမည္။ အခ်စ္ေရးတြင္ ေလွနံႏွစ္ဖက္မနင္းသင့္ပါ။

အိမ္ေထာင္ေရး အညံ့အဆိုးမရွိသေလာက္ နည္းပါလိမ့္မယ္။ ပညာေရးမွာေတာ့ ကိုယ့္ကို ခ်စ္ႀကိဳက္ေနသူတစ္ဦးရဲ႕ အကူအညီေၾကာင့္ ပညာေရးတိုးတတ္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း - ၂/၈/၀
အထူးေဟာ - လူခ်စ္လူခင္မ်ားေနတတ္တာေတြ႕ရပါတယ္။
ယၾတာ - ပဲကုလားဟင္းခ်က္ၿပီး အိမ္နီးခ်င္းေတြကို ေဝေပးပါ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )
0977 5555 695 / 09 44 5555 695

Bookmark