တနင်္ဂနွေ
ယခုကာလအတွင်း အမှုအခင်းမဖြစ်ရန် အထူးသတိထားပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်သွားတတ်သည်။ ငွေနှင့် လိုက်လျှင်လည်း ရှုံးသွားတတ်သည်။ ပစ္စည်းများ မငှားပါနှင့်။ မည်သို့သောအကြောင်းအရာများရှိရှိ အားကိုးမည့်သူမရှာပါနှင့်။ ဒုက္ခပေးတတ်ပါတယ်။
အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက်၊ ခါး၊ သွား ဒုက္ခပေးတတ်သည်။ ကျန်းမာရေးညံ့ခြင်း ကြုံရတတ်ပါတယ်။ ထီကံကောင်းသောကာလဖြစ်၍ တနင်္လာသားသမီးနှင့် စပ်တူထိုးပါ။
ယခုကာလအတွင်း အလုပ်တွင် ဆုံးရှုံးမှုတွေ များပြားနေရတတ်သည်။ ငွေပျောက်ခြင်း၊ ကြွေးတင်ခြင်းများလည်း ကြုံရတတ်ပါသည်။ အထက်လူကြီးများကြောင့် စိတ်အနှောက်အယှက်များ ဖြစ်တတ်ပါသည်။
မင်္ဂလာပွဲ အစီအစဉ်များ ရက်ရွှေ့ရတတ်သည်။ ကျောက်စိမ်းနဲ့လုပ်တဲ့ လက်ဝတ်ရတနာများ စတင်မဝတ်သင့်သေးပါ။ အဝတ်အစားကောင်းများ ထုတ်မဝတ်ပါနှင့်။ လူမှုရေးကိစ္စများတွင် ဦးဆောင် ဦးရွက် မပြုရသေးပါ။
အသွားအလာ မဆင်ခြင်၍ ရန်များတတ်ပါတယ်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်ကခရီးလွန်နေတတ်ပါတယ်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်များ ပေါ်လာလိမ့်မည်။ ပြောင်းလျှင် ပို၍ ဆိုးရွားသွားနိုင်ပါတယ်။
သင့်နေအိမ်သို့ ကွဲကွာနေတာကြာပြီဖြစ်တဲ့ မိတ်ဆွေများ လာလည်တတ်သည်။ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရတာ များပါတယ်။ ချစ်သူဆီက အမှတ်ရစရာ လက်ဆောင်တွေရတတ်ပါတယ်။ ပညာရေးကံ အားမရသေးပါဘူး။
အကျိုးပေးဂဏန်း - ၁/၈/၃
အထူးဟော - စိတ်ပူပန်စရာတွေများနေတတ်ပါတယ်။
ယတြာ - သီးစုံအချဉ်ဟင်းချက်ပြီး ရဟန်းသံဃာတွေကို လောင်းလှူလိုက်ပါ။
တနင်္လာ
ယခုကာလများအတွင်း အထက်လူကြီး၊ ကြီးကဲသူတို့ထံမှ အကူအညီပေးလိမ့်မည်။ ကာလအတန်ကြာဖြေရှင်း၍ ခက်ခဲသောပြဿနာများ ပြီးမြောက်အောင် ဖြေရှင်းနိုင်မည်။ ပေါ်ပေါက်လာသော အခွင့်အရေးသစ်တို့ကို လက်တွေ့အသုံးချ၍ တိုးတတ်မှုရမည်။
ပတ်ဝန်းကျင်တွင် အပြောင်းအလဲများစွာဖြစ်မည်။ ယခင် ရန်ပြဿနာဖြစ်ခဲ့ဘူးသူများနှင့် ပူးပေါင်း၍ လုပ်ရမည်။ သင်သည် ပျော်ရွှင်စရာကောင်းသော အလုပ်များ လုပ်ရလိမ့်မည်။ ငွေတွေလည်း ရမယ်။ ကိုယ်လုပ်သမျှ အောင်မြင်ပြီး အရာထင်တတ်ပါတယ်။
အဖက်ဖက်မှ စိတ်ချမ်းသာစရာများ ကြုံရတတ်ပါတယ်။ ငယ်ရွယ်သူများ ယခုကာလအတွင်း အိမ်ထောင်ရေးကို မစဉ်းစားသင့်သေးပါ။ ချစ်သူနဲ့ အပျော်မလွန်မိပါစေနဲ့။ စက်ပစ္စည်းအဟောင်းတွေ ဝင်လာမယ်။ မြေကိစ္စ၊ အမွေ ကိစ္စတွေ စကားပြောရမည်။
အိမ်ထောင်ရေးသာယာပေမယ့် သားသမီးများအတွက် စိတ်ပူရတတ်ပါတယ်။ လူမျိုးခြား လက်အောက် ငယ်သားတို့ကြောင့် ပူပင်သောကရောက်ရမယ်။ ငွေရေးကြေးရေး အရှုပ်အထွေးများလည်း ပေါ်ပေါက်လာတတ်ပါတယ်။ အလုပ်တွေ မြောက်မြားစွာလုပ်နေရမယ်။
ဝန်ထမ်းတွေအဖို့ သင်တန်းတတ်ရခြင်း အဖွဲ့အစည်းတစ်ခုအတွင်း ဝင်ရခြင်းများ ရှိမည်။ အွန်လိုင်းက လိုအပ်တဲ့ပညာတွေ ရှာဖွေသင်ယူလို့ကောင်းတဲ့ ကာလတစ်ခုပါပဲ။ ကျန်းမာရေးဒေါင်ဒေါင်မြည် ကောင်းနေတတ်ပါတယ်။ စားကောင်းအိပ်ပျော်မယ့် ကာလတွေပါပဲ။
အကျိုးပေးဂဏန်း - ၂/၆/၀
အထူးဟော - ကံမြင့်မားနေတတ်ပါတယ်။
ယတြာ - ပျားရည် ဘုရားကပ်လှူပေးပါ။
အင်္ဂါ
ယခုကာလအတွင်း အချစ်ရေးတွင် ပျော်ရွှင်စရာ၊ ကြည်နူးစရာ များနေသည်။ ဝေးကွာနေတဲ့ချစ်သူတွေ ဆုံဆည်းရတတ်ပါတယ်။ အချစ်ရေးကံ အထူးကောင်းနေ၍ ချစ်သူမရှိသေးသူများချစ်သူကြင်ဖက်နှင့် ဆုံတွေ့ရတတ်သည်။ အိမ်ထောင်ရေးမှာတော့ အပြစ်မရှာဘဲ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာနိုင်မှ အဆင်ပြေတတ်ပါတယ်။
ပြည်တွင်း၊ နယ်စပ်ခရီးများလည်း သွားလာနေရတတ်သည်။ လုပ်ငန်းခွင်အတွင်း အတိုက်အခံ၊ ပြိုင်ဘက်များ ပေါ်ပေါက်လာတတ်ပါတယ်။ အကြီးအကဲများ ငြိုငြင်မှု ခံရတတ်ပါတယ်။ အလုပ်ပြောင်း၊ နေရာပြောင်းလည်း ကြုံတွေ့ရနိုင်ပါတယ်။
ငွေကြေးကံ အဝင်ကောင်းနေ၍ ထီပေါက်သလို အမွေရသလို ငွေအစုလိုက်၊ အပုံလိုက်ဝင်ကိန်းများ ရှိနေပါတယ်။ ဒါပေမယ့် ငွေကြေးဆုံးရှုံးခြင်းများ၊ ပျောက်ဆုံးခြင်းများ ပူးတွဲကြုံရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းများ သူခိုးခိုးခံရတတ်၍ သတိထားပါ။
ရှိသော ပစ္စည်းများကို ထုခွဲရောင်းချချင်တာမျိုးရှိရင် ဒီနေ့မှာ ဆောင်ရွက်လို့ ကောင်းပါတယ်။အလှူမင်္ဂလာကိစ္စများတွင် မိမိက ဦးဆောင် ပြုလုပ်ရမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်လိမ့်မည်။
ကောင်းတာတွေ လုပ်နေရင်တောင်မှ စွပ်စွဲပြောဆို ဝေဖန်ခြင်းမျိုးလည်း ခံရတတ်ပါတယ်။ ပညာသင်တန်းများ တတ်ရောက်ရကိန်း ရှိနေသည်။ စက်ပစ္စည်းများ ဝင်လာတတ်သည်။ ပညာ သင်တန်းများ တတ်ရောက်၍ အောင်မြင်မှုများ ရရှိမည်။
အကျိုးပေးဂဏန်း - ၃/၆/၅
အထူးဟော - စုတ်ရောလာဘ်ရောဝင်မည်။
ယတြာ - သစ္စာပန်း ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ ရာဟု
ယခုကာလအတွင်း အလုပ်တွေများပြားစွာ လုပ်ကိုင်နေရတတ်ပါသည်။ သို့သော် မျှော်လင့်သလောက် ငွေဝင်ခြင်းများမရှိဘဲ ဖြစ်နေပါလိမ့်မည်။ မိမိ၏မိသားစုထဲမှ အကြီးအကဲများ အလုပ်ထဲမှ အထက်လူကြီးများ၏ ကူညီပံ့ပိုးမှုကို ခံရတတ်ပါသည်။
လူပျို၊ လူလွတ်များ ယခုကာလအတွင်း အိမ်ထောင်မပြုသင့်သေးပါ။ မဆင်ခြင်ဘဲ နှစ်ဦးသဘောတူ လက်ထပ်လိုက်ခြင်းများက ဆိုးသောအကျိုးဆက်တွေ ဖြစ်စေပါတယ်။ မြေအဝင်ကောင်းနိုင်သလို မြေဝယ်မည့်သူများကို လိုက်လံ၍ ဆောင်ရွက်ပေးခြင်း၊ မြေရောင်းမည့်သူများနှင့် ကိုယ်က ဆက်သွယ်ပေးလိုက်ခြင်းကြောင့် ငွေကြေး အကျိုးအမြတ်များစွာ ရရှိခံစားရနိုင်ပါတယ်။ ကျန်းမာရေးတော့ အထူးကောင်းနေပါသော်လည်း အစားအသောက်၊ အနေအထိုင်၊ အသွားအလာ ဂရုစိုက်သင့်ပါတယ်။
ငွေကုန်ကြေးကျများနေမည်။ အညံ့အဆိုးများ ရှိနေပါသေးတယ်။ အစစ၊ အရာရာ သတိကြီးစွာ ထားရပါမယ်။ မိမိအပေါ် မကောင်းကြံခြင်း၊ မကောင်းပြောခြင်းများ ခံရတတ်ပါတယ်။ တရားရုံးတွင် အမှုအခင်းများနှင့် ပတ်သက်၍ ရင်ဆိုင် ဖြေရှင်းရတတ်ပါတယ်။
အိမ်ထောင်ရေးမှာတော့ တတ်နိုင်သလောက် ပြဿနာမဖြစ်အောင်နေပါ။ ဖြစ်လိုက်ရင် အကြီး အကျယ်ထိ ဖြစ်သွားနိုင်လို့ပါ။ ပညာရပ်တစ်ခု သင်ကြားရခြင်း၊ အလုပ်နှင့်ပတ်သက်၍ သင်တန်းတတ်ရခြင်းမျိုး ကြုံရတတ်ပါတယ်။ မိမိကို အသင်းအဖွဲ့တစ်ခု၊ ပါတီတစ်ခုမှ လာ၍ ကမ်းလှမ်းခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။
အကျိုးပေးဂဏန်း - ၄/၇/၆
အထူးဟော - ကံအနည်းငယ်အညံ့တွေ ရောပါနေတတ်ပါတယ်။
ယတြာ - အလှပြင်ပစ္စည်း ကုန်နေတာတွေ၊ အဟောင်းတွေရှိရင် စွန့်ပစ်လိုက်ပါ။
ကြာသပတေး
ယခုကာလအတွင်း ငွေချေးမိပါက ပြန်မဆပ်နိုင်သေးပါ။ ကိုယ်က ငွေချေးလိုက်ပါကလည်း ပြန်မရတတ်ပါ။ အသင်း အဖွဲ့အစည်းများတွင် ကိုယ်က ဦးဆောင်၊ ဦးရွက်ပြုခြင်းများ မပြုလုပ်သင့်သေးပါ။ ဘုရားကျောင်းဆောင်သန့်ရှင်းရေးကို နံနက်တိုင်း မှန်မှန်ပြုလုပ်ပေးပါ။
တရားနဲ့ နေထိုင်နိုင်ပါက ဒီအပတ်မှာ ကံကောင်းမှုများ သင့်ထံသို့ ရောက်ရှိလာတော့မှာ သေချာ နေပါပြီ။ ယခုကာလအတွင်း ခြေ၊ လက်၊ အင်္ဂါတို့တွင် မတော်တဆ ထိခိုက်ဒဏ်ရာရမှုများ ကြုံတွေ့ရနိုင် ပါတယ်။
အနားယူချိန် မရလောက်အောင်ပင် အလုပ်များ အလွန်များပြားနေရတတ်ပါတယ်။ မိရိုးဖလာနတ်များကို ပူဇော်ပသထားသူများ နတ် ”မ” ကိန်းရှိနေပါသည်။ အိမ်တွင်လည်း သော့ပျက်များရှိနေရင် အမြန်ဆုံး စွန့်ပစ်လိုက်စေချင်ပါတယ်။
ကူညီမည့်သူများ သင့်အား ဝိုင်းဝိုင်းလည်နေလိမ့်မည်။ မိမိ တတ်သိထားနှင့်ပတ်သက်၍ ငွေရခြင်းကိန်းမျိုး ကြုံရတတ်ပါသည်။ သင်တန်းတတ်ရန် ကြံရွယ်ထားသူများ ကောင်းသောအချိန်ကာလတစ်ခု ဖြစ်ပါသည်။
သင်တန်းနှင့် ပတ်သက်၍ ကံအထူးကောင်းနေပါတယ်။ ကိုယ်ကစတင်၍ အာမခံပေးခြင်းမျိုးလုံး၀ မပြုလုပ်သင့်ပါ။ အချစ်ရေးမှာတော့ စန်းပွင့်နေတတ်ပါတယ်။ မိမိထက်ငယ်တဲ့သူတွေနဲ့ အချစ်ရေး ပိုမိုအဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးမှာတော့ ပန်ကာလေ သိပ်မခံပါနှင့် ။ ခေါင်းလျှော်တာကို ဆင်ခြင်ဆောင်ရွက်ပါ။
အကျိုးပေးဂဏန်း - ၁/၀/၇
အထူးဟော - အဆိုးလေးတွေကြုံပြီးမှ အကောင်းဖြစ်တတ်ပါတယ်။
ယတြာ - အုန်းနို့ခေါက်ဆွဲဘုရား ကပ်လှူလိုက်ပါ။
သောကြာ
ယခုကာလအတွင်းသင်သည် မိတ်ဆွေကောင်းရမည်။ ရန်အတိုက်အခံနှင့်အတူ စုတ်လာဘ်လည်းဝင်မည်။ စပ်တူ လုပ်ဖေါ်ကိုင်ဖက်များနှင့် လမ်းခွဲရတတ်သည်။ ရွှေထွက်တတ်သည်။ အလှူရက်၊ မင်္ဂလာရက်များ ရွှေ့ရတတ်သည်။
ယခုကာလအတွင်း အိမ်ပြန်ဆောက်ခြင်း မပြုလုပ်ပါနှင့်ဦး။ အိမ်ကို ပြုပြင်ဖာထေးနေပါ။ နိုင်ငံခြားနှင့် ဆက်သွယ်သောကိစ္စ အောင်မြင်လိမ့်မည်။ ဘုရားပုံတော်၊ ဘိုးတော်၊ မယ်တော် ပုံတော်များ ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များ ဝင်လာမည်။
ရွှေထွက်ပြီး အဖိုးတန်ကျောက်ထည်ပစ္စည်းများ ပြန်ဝင်လာမည်။ အကြီးအကဲများ အထင်သေးသကဲ့သို့ ငယ်ရွယ်သူတို့၏ မထေမဲ့မြင်ပြုခြင်းမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ သို့သော် ဆရာကောင်းတွေ့မည်။ အရပ်တပါးသို့ ခရီးသွားရောက်ရကိန်း မြင်သည်။
ဗုဒ္ဓဟူးနံဝင်သော် လူထွက်တတ်သည်။ ဆွေမျိုးသားချင်းထဲမှ နာရေးပေါ်တတ်သည်။ ကိုယ်ဝန်ဆောင်သည်များ မီးဖွားဖို့ရှိရင်တော့ ဆရာကောင်းတွေရှိတဲ့ ဆေးရုံဆေးခန်းမှာ မွေးမှပဲ အဆင်ပြေတတ်ပါသည်။
ယခုကာလအတွင်း အိပ်ယာ ကောင်းကောင်းဝယ်ဖို့ကိစ္စ မသင့်လျော်သေးပါ။ ဇိမ်ခံပစ္စည်းဝင်ဖို့ မသင့်လို့ပါ။ အချစ်ရေးမှာတော့ ခေတ်မီသော၊ ကြည့်ကောင်းသော အမျိုးသားနှင့် ဆုံတွေ့ရတတ်ပါတယ်။ သို့သော် ၎င်းသည် လူပျိုစစ်စစ်မဟုတ်ဖို့ များပါတယ်။
အိမ်ထောင်ရေး ကံကောင်းနေတတ်ပါတယ်။ ပညာရေးမှာတော့ လိုအပ်သည်ထက် ပိုမိုကြိုးစားဖို့လိုပါတယ်။
အကျိုးပေးဂဏန်း - ၉/၂/၆
အထူးဟော - အလုပ်ကံလေးတွေ ပွင့်လန်းလာတတ်သည်။
ယတြာ - ပြောင်းဖူးကြော်လေးတွေ ဘုရားလှူပေးပါ။
စနေ
ယခုကာလအတွင်း ငွေရေး၊ ကြေးရေး အဆင်မပြေမှုများ ရင်ဆိုင်ရမည်။ လူမျိုးခြားဒုက္ခပေးတတ်သည်။ မထင်မှတ်ထားသော ခရီးများ သွားလာရတတ်သည်။ ငွေကုန်ကြေးကျ များနေရတတ်သည်။ မိမိလုပ်ဖေါ်ကိုင်ဖက်များနှင့် အဆင်မပြေမှုများ ကြုံတွေ့နေရမည်။
သင်သည် ကျန်းမာရေး ချူချာကိန်းရှိနေသည်။ စက်ပစ္စည်းများဝင်ကိန်း ရှိနေပါတယ်။ မနာလိုမှု ကြောင့် ရန်အတိုက်အခံများ ကြုံရတတ်သည်။ ဘာသာရေးနှင့် ပတ်သက်သော အသိဉာဏ်များပွင့်လန်းလာလိမ့်မည်။ ပဉ္ဇင်းခံရတတ်သည်။
အလုပ်ထဲတွင်၊ စိတ်မဝင်စားခြင်း၊ မပျော်ရွှင်ခြင်းနှင့် စိတ်လေလွင့်ခြင်းများ ဖြစ်နေလိမ့်မည်။ အလုပ်ပြောင်းဖို့ စိတ်ကူးရှိထားရင် မပြောင်းသင့်သေးပါ။ ပြောင်းလျှင်လည်း အဆင်မပြေနိုင်သေးပါ။ ပြဿနာဟောင်း၊ ရောဂါဟောင်းများ ပြန်ပေါ်လာတတ်ပါတယ်။
ယခုကာလအတွင်း အဘိုးအဘွားတွေ အမွေရကိန်း ရှိနေသည်။ ရိုးရာနတ်များကို ပူဇော်လေ့ရှိပါက လှူဒါန်း မေတ္တာပို့ပေးလိုက်ပါ။ ရွှေ၊ ငွေပျောက်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ ကာလရှည်ကြာ ရင်းနှီးပေါင်းသင်းသူများနှင့် ဝိဝါဒကွဲပြားကာ လမ်းခွဲရခြင်းများ ကြုံရမည်။
မျက်စိနှင့်ပတ်သက်၍ ဆေးရုံ၊ ဆေးခန်းရောက်မည်။ သွားနာ၊ သွားကိုက်ဖြစ်မည်။ ချစ်သူနဲ့ ချိတ်ဆက်ထားသည့် ကိစ္စများ လွဲချော်နေတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ သားသမီးနဲ့ပက်သက်ပြီး လင်မယားနှစ်ယောက် စကားများရတတ်ပါတယ်။
အကျိုးပေးဂဏန်း - ၂/၃/၈
အထူးဟော - အလုပ်များ၊ ကိစ္စများနေတတ်ပါတယ်။
ယတြာ - ကိုယ့်ထက်နွမ်းပါးသူကို ဆေးအလှူလေးတွေ လုပ်ပေးပါ။
ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)
09 77 5555 695/ 09 44 5555 695
==============================
(၇) ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဗဒင္ေဟာစာတမ္း
ေမလ (၂၈) ရက္ေန႔မွ ဇြန္လ (၃) ရက္ေန႔အထိ (၇) ရက္သားသမီးမ်ား အားလုံးအတြက္ တစ္ပတ္စာ ေဗဒင္ေဟာစာတမ္းကို ေဖာ္ျပေပးလိုက္ပါသည္။
တနဂၤေႏြ
ယခုကာလအတြင္း အမႈအခင္းမျဖစ္ရန္ အထူးသတိထားပါ။ ျဖစ္လွ်င္ မၿပီးႏိုင္ဘဲ ျဖစ္သြားတတ္သည္။ ေငြႏွင့္ လိုက္လွ်င္လည္း ရႈံးသြားတတ္သည္။ ပစၥည္းမ်ား မငွားပါႏွင့္။ မည္သို႔ေသာအေၾကာင္းအရာမ်ားရွိရွိ အားကိုးမည့္သူမရွာပါႏွင့္။ ဒုကၡေပးတတ္ပါတယ္။
အစာအဆိပ္ျဖစ္ျခင္း၊ ေျခေထာက္၊ ခါး၊ သြား ဒုကၡေပးတတ္သည္။ က်န္းမာေရးညံ့ျခင္း ႀကဳံရတတ္ပါတယ္။ ထီကံေကာင္းေသာကာလျဖစ္၍ တနလၤာသားသမီးႏွင့္ စပ္တူထိုးပါ။
ယခုကာလအတြင္း အလုပ္တြင္ ဆုံးရႈံးမႈေတြ မ်ားျပားေနရတတ္သည္။ ေငြေပ်ာက္ျခင္း၊ ေႂကြးတင္ျခင္းမ်ားလည္း ႀကဳံရတတ္ပါသည္။ အထက္လူႀကီးမ်ားေၾကာင့္ စိတ္အေႏွာက္အယွက္မ်ား ျဖစ္တတ္ပါသည္။
မဂၤလာပြဲ အစီအစဥ္မ်ား ရက္ေ႐ႊ႕ရတတ္သည္။ ေက်ာက္စိမ္းနဲ႔လုပ္တဲ့ လက္ဝတ္ရတနာမ်ား စတင္မဝတ္သင့္ေသးပါ။ အဝတ္အစားေကာင္းမ်ား ထုတ္မဝတ္ပါႏွင့္။ လူမႈေရးကိစၥမ်ားတြင္ ဦးေဆာင္ ဦး႐ြက္ မျပဳရေသးပါ။
အသြားအလာ မဆင္ျခင္၍ ရန္မ်ားတတ္ပါတယ္။ အိမ္ေထာင္ရွိသူဆိုလွ်င္ အိမ္ေထာင္ဘက္ကခရီးလြန္ေနတတ္ပါတယ္။ လက္ရွိအလုပ္အကိုင္ ေျပာင္းခ်င္စိတ္မ်ား ေပၚလာလိမ့္မည္။ ေျပာင္းလွ်င္ ပို၍ ဆိုး႐ြားသြားႏိုင္ပါတယ္။
သင့္ေနအိမ္သို႔ ကြဲကြာေနတာၾကာၿပီျဖစ္တဲ့ မိတ္ေဆြမ်ား လာလည္တတ္သည္။ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး စိတ္ခ်မ္းသာရတာ မ်ားပါတယ္။ ခ်စ္သူဆီက အမွတ္ရစရာ လက္ေဆာင္ေတြရတတ္ပါတယ္။ ပညာေရးကံ အားမရေသးပါဘူး။
အက်ိဳးေပးဂဏန္း - ၁/၈/၃
အထူးေဟာ - စိတ္ပူပန္စရာေတြမ်ားေနတတ္ပါတယ္။
ယၾတာ - သီးစုံအခ်ဥ္ဟင္းခ်က္ၿပီး ရဟန္းသံဃာေတြကို ေလာင္းလႉလိုက္ပါ။
တနလၤာ
ယခုကာလမ်ားအတြင္း အထက္လူႀကီး၊ ႀကီးကဲသူတို႔ထံမွ အကူအညီေပးလိမ့္မည္။ ကာလအတန္ၾကာေျဖရွင္း၍ ခက္ခဲေသာျပႆနာမ်ား ၿပီးေျမာက္ေအာင္ ေျဖရွင္းႏိုင္မည္။ ေပၚေပါက္လာေသာ အခြင့္အေရးသစ္တို႔ကို လက္ေတြ႕အသုံးခ်၍ တိုးတတ္မႈရမည္။
ပတ္ဝန္းက်င္တြင္ အေျပာင္းအလဲမ်ားစြာျဖစ္မည္။ ယခင္ ရန္ျပႆနာျဖစ္ခဲ့ဘူးသူမ်ားႏွင့္ ပူးေပါင္း၍ လုပ္ရမည္။ သင္သည္ ေပ်ာ္႐ႊင္စရာေကာင္းေသာ အလုပ္မ်ား လုပ္ရလိမ့္မည္။ ေငြေတြလည္း ရမယ္။ ကိုယ္လုပ္သမွ် ေအာင္ျမင္ၿပီး အရာထင္တတ္ပါတယ္။
အဖက္ဖက္မွ စိတ္ခ်မ္းသာစရာမ်ား ႀကဳံရတတ္ပါတယ္။ ငယ္႐ြယ္သူမ်ား ယခုကာလအတြင္း အိမ္ေထာင္ေရးကို မစဥ္းစားသင့္ေသးပါ။ ခ်စ္သူနဲ႔ အေပ်ာ္မလြန္မိပါေစနဲ႔။ စက္ပစၥည္းအေဟာင္းေတြ ဝင္လာမယ္။ ေျမကိစၥ၊ အေမြ ကိစၥေတြ စကားေျပာရမည္။
အိမ္ေထာင္ေရးသာယာေပမယ့္ သားသမီးမ်ားအတြက္ စိတ္ပူရတတ္ပါတယ္။ လူမ်ိဳးျခား လက္ေအာက္ ငယ္သားတို႔ေၾကာင့္ ပူပင္ေသာကေရာက္ရမယ္။ ေငြေရးေၾကးေရး အရႈပ္အေထြးမ်ားလည္း ေပၚေပါက္လာတတ္ပါတယ္။ အလုပ္ေတြ ေျမာက္ျမားစြာလုပ္ေနရမယ္။
ဝန္ထမ္းေတြအဖို႔ သင္တန္းတတ္ရျခင္း အဖြဲ႕အစည္းတစ္ခုအတြင္း ဝင္ရျခင္းမ်ား ရွိမည္။ အြန္လိုင္းက လိုအပ္တဲ့ပညာေတြ ရွာေဖြသင္ယူလို႔ေကာင္းတဲ့ ကာလတစ္ခုပါပဲ။ က်န္းမာေရးေဒါင္ေဒါင္ျမည္ ေကာင္းေနတတ္ပါတယ္။ စားေကာင္းအိပ္ေပ်ာ္မယ့္ ကာလေတြပါပဲ။
အက်ိဳးေပးဂဏန္း - ၂/၆/၀
အထူးေဟာ - ကံျမင့္မားေနတတ္ပါတယ္။
ယၾတာ - ပ်ားရည္ ဘုရားကပ္လႉေပးပါ။
အဂၤါ
ယခုကာလအတြင္း အခ်စ္ေရးတြင္ ေပ်ာ္႐ႊင္စရာ၊ ၾကည္ႏူးစရာ မ်ားေနသည္။ ေဝးကြာေနတဲ့ခ်စ္သူေတြ ဆုံဆည္းရတတ္ပါတယ္။ အခ်စ္ေရးကံ အထူးေကာင္းေန၍ ခ်စ္သူမရွိေသးသူမ်ားခ်စ္သူၾကင္ဖက္ႏွင့္ ဆုံေတြ႕ရတတ္သည္။ အိမ္ေထာင္ေရးမွာေတာ့ အျပစ္မရွာဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ကိုယ္ခ်င္းစာႏိုင္မွ အဆင္ေျပတတ္ပါတယ္။
ျပည္တြင္း၊ နယ္စပ္ခရီးမ်ားလည္း သြားလာေနရတတ္သည္။ လုပ္ငန္းခြင္အတြင္း အတိုက္အခံ၊ ၿပိဳင္ဘက္မ်ား ေပၚေပါက္လာတတ္ပါတယ္။ အႀကီးအကဲမ်ား ၿငိဳျငင္မႈ ခံရတတ္ပါတယ္။ အလုပ္ေျပာင္း၊ ေနရာေျပာင္းလည္း ႀကဳံေတြ႕ရႏိုင္ပါတယ္။
ေငြေၾကးကံ အဝင္ေကာင္းေန၍ ထီေပါက္သလို အေမြရသလို ေငြအစုလိုက္၊ အပုံလိုက္ဝင္ကိန္းမ်ား ရွိေနပါတယ္။ ဒါေပမယ့္ ေငြေၾကးဆုံးရႈံးျခင္းမ်ား၊ ေပ်ာက္ဆုံးျခင္းမ်ား ပူးတြဲႀကဳံရတတ္ပါတယ္။ အဖိုးတန္ပစၥည္းမ်ား သူခိုးခိုးခံရတတ္၍ သတိထားပါ။
ရွိေသာ ပစၥည္းမ်ားကို ထုခြဲေရာင္းခ်ခ်င္တာမ်ိဳးရွိရင္ ဒီေန႔မွာ ေဆာင္႐ြက္လို႔ ေကာင္းပါတယ္။အလႉမဂၤလာကိစၥမ်ားတြင္ မိမိက ဦးေဆာင္ ျပဳလုပ္ရမည္။ မသင့္ျမတ္သူမ်ားႏွင့္ ျပန္လည္သင့္ျမတ္လိမ့္မည္။
ေကာင္းတာေတြ လုပ္ေနရင္ေတာင္မွ စြပ္စြဲေျပာဆို ေဝဖန္ျခင္းမ်ိဳးလည္း ခံရတတ္ပါတယ္။ ပညာသင္တန္းမ်ား တတ္ေရာက္ရကိန္း ရွိေနသည္။ စက္ပစၥည္းမ်ား ဝင္လာတတ္သည္။ ပညာ သင္တန္းမ်ား တတ္ေရာက္၍ ေအာင္ျမင္မႈမ်ား ရရွိမည္။
အက်ိဳးေပးဂဏန္း - ၃/၆/၅
အထူးေဟာ - စုတ္ေရာလာဘ္ေရာဝင္မည္။
ယၾတာ - သစၥာပန္း ဘုရားကပ္လႉလိုက္ပါ။
ဗုဒၶဟူး/ ရာဟု
ယခုကာလအတြင္း အလုပ္ေတြမ်ားျပားစြာ လုပ္ကိုင္ေနရတတ္ပါသည္။ သို႔ေသာ္ ေမွ်ာ္လင့္သေလာက္ ေငြဝင္ျခင္းမ်ားမရွိဘဲ ျဖစ္ေနပါလိမ့္မည္။ မိမိ၏မိသားစုထဲမွ အႀကီးအကဲမ်ား အလုပ္ထဲမွ အထက္လူႀကီးမ်ား၏ ကူညီပံ့ပိုးမႈကို ခံရတတ္ပါသည္။
လူပ်ိဳ၊ လူလြတ္မ်ား ယခုကာလအတြင္း အိမ္ေထာင္မျပဳသင့္ေသးပါ။ မဆင္ျခင္ဘဲ ႏွစ္ဦးသေဘာတူ လက္ထပ္လိုက္ျခင္းမ်ားက ဆိုးေသာအက်ိဳးဆက္ေတြ ျဖစ္ေစပါတယ္။ ေျမအဝင္ေကာင္းႏိုင္သလို ေျမဝယ္မည့္သူမ်ားကို လိုက္လံ၍ ေဆာင္႐ြက္ေပးျခင္း၊ ေျမေရာင္းမည့္သူမ်ားႏွင့္ ကိုယ္က ဆက္သြယ္ေပးလိုက္ျခင္းေၾကာင့္ ေငြေၾကး အက်ိဳးအျမတ္မ်ားစြာ ရရွိခံစားရႏိုင္ပါတယ္။ က်န္းမာေရးေတာ့ အထူးေကာင္းေနပါေသာ္လည္း အစားအေသာက္၊ အေနအထိုင္၊ အသြားအလာ ဂ႐ုစိုက္သင့္ပါတယ္။
ေငြကုန္ေၾကးက်မ်ားေနမည္။ အညံ့အဆိုးမ်ား ရွိေနပါေသးတယ္။ အစစ၊ အရာရာ သတိႀကီးစြာ ထားရပါမယ္။ မိမိအေပၚ မေကာင္းႀကံျခင္း၊ မေကာင္းေျပာျခင္းမ်ား ခံရတတ္ပါတယ္။ တရား႐ုံးတြင္ အမႈအခင္းမ်ားႏွင့္ ပတ္သက္၍ ရင္ဆိုင္ ေျဖရွင္းရတတ္ပါတယ္။
အိမ္ေထာင္ေရးမွာေတာ့ တတ္ႏိုင္သေလာက္ ျပႆနာမျဖစ္ေအာင္ေနပါ။ ျဖစ္လိုက္ရင္ အႀကီး အက်ယ္ထိ ျဖစ္သြားႏိုင္လို႔ပါ။ ပညာရပ္တစ္ခု သင္ၾကားရျခင္း၊ အလုပ္ႏွင့္ပတ္သက္၍ သင္တန္းတတ္ရျခင္းမ်ိဳး ႀကဳံရတတ္ပါတယ္။ မိမိကို အသင္းအဖြဲ႕တစ္ခု၊ ပါတီတစ္ခုမွ လာ၍ ကမ္းလွမ္းျခင္းမ်ိဳး ႀကဳံေတြ႕ရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း - ၄/၇/၆
အထူးေဟာ - ကံအနည္းငယ္အညံ့ေတြ ေရာပါေနတတ္ပါတယ္။
ယၾတာ - အလွျပင္ပစၥည္း ကုန္ေနတာေတြ၊ အေဟာင္းေတြရွိရင္ စြန႔္ပစ္လိုက္ပါ။
ၾကာသပေတး
ယခုကာလအတြင္း ေငြေခ်းမိပါက ျပန္မဆပ္ႏိုင္ေသးပါ။ ကိုယ္က ေငြေခ်းလိုက္ပါကလည္း ျပန္မရတတ္ပါ။ အသင္း အဖြဲ႕အစည္းမ်ားတြင္ ကိုယ္က ဦးေဆာင္၊ ဦး႐ြက္ျပဳျခင္းမ်ား မျပဳလုပ္သင့္ေသးပါ။ ဘုရားေက်ာင္းေဆာင္သန႔္ရွင္းေရးကို နံနက္တိုင္း မွန္မွန္ျပဳလုပ္ေပးပါ။
တရားနဲ႔ ေနထိုင္ႏိုင္ပါက ဒီအပတ္မွာ ကံေကာင္းမႈမ်ား သင့္ထံသို႔ ေရာက္ရွိလာေတာ့မွာ ေသခ်ာ ေနပါၿပီ။ ယခုကာလအတြင္း ေျခ၊ လက္၊ အဂၤါတို႔တြင္ မေတာ္တဆ ထိခိုက္ဒဏ္ရာရမႈမ်ား ႀကဳံေတြ႕ရႏိုင္ ပါတယ္။
အနားယူခ်ိန္ မရေလာက္ေအာင္ပင္ အလုပ္မ်ား အလြန္မ်ားျပားေနရတတ္ပါတယ္။ မိ႐ိုးဖလာနတ္မ်ားကို ပူေဇာ္ပသထားသူမ်ား နတ္ ”မ” ကိန္းရွိေနပါသည္။ အိမ္တြင္လည္း ေသာ့ပ်က္မ်ားရွိေနရင္ အျမန္ဆုံး စြန႔္ပစ္လိုက္ေစခ်င္ပါတယ္။
ကူညီမည့္သူမ်ား သင့္အား ဝိုင္းဝိုင္းလည္ေနလိမ့္မည္။ မိမိ တတ္သိထားႏွင့္ပတ္သက္၍ ေငြရျခင္းကိန္းမ်ိဳး ႀကဳံရတတ္ပါသည္။ သင္တန္းတတ္ရန္ ႀကံ႐ြယ္ထားသူမ်ား ေကာင္းေသာအခ်ိန္ကာလတစ္ခု ျဖစ္ပါသည္။
သင္တန္းႏွင့္ ပတ္သက္၍ ကံအထူးေကာင္းေနပါတယ္။ ကိုယ္ကစတင္၍ အာမခံေပးျခင္းမ်ိဳးလုံး၀ မျပဳလုပ္သင့္ပါ။ အခ်စ္ေရးမွာေတာ့ စန္းပြင့္ေနတတ္ပါတယ္။ မိမိထက္ငယ္တဲ့သူေတြနဲ႔ အခ်စ္ေရး ပိုမိုအဆင္ေျပတတ္ပါတယ္။ က်န္းမာေရးမွာေတာ့ ပန္ကာေလ သိပ္မခံပါႏွင့္ ။ ေခါင္းေလွ်ာ္တာကို ဆင္ျခင္ေဆာင္႐ြက္ပါ။
အက်ိဳးေပးဂဏန္း - ၁/၀/၇
အထူးေဟာ - အဆိုးေလးေတြႀကဳံၿပီးမွ အေကာင္းျဖစ္တတ္ပါတယ္။
ယၾတာ - အုန္းႏို႔ေခါက္ဆြဲဘုရား ကပ္လႉလိုက္ပါ။
ေသာၾကာ
ယခုကာလအတြင္းသင္သည္ မိတ္ေဆြေကာင္းရမည္။ ရန္အတိုက္အခံႏွင့္အတူ စုတ္လာဘ္လည္းဝင္မည္။ စပ္တူ လုပ္ေဖၚကိုင္ဖက္မ်ားႏွင့္ လမ္းခြဲရတတ္သည္။ ေ႐ႊထြက္တတ္သည္။ အလႉရက္၊ မဂၤလာရက္မ်ား ေ႐ႊ႕ရတတ္သည္။
ယခုကာလအတြင္း အိမ္ျပန္ေဆာက္ျခင္း မျပဳလုပ္ပါႏွင့္ဦး။ အိမ္ကို ျပဳျပင္ဖာေထးေနပါ။ ႏိုင္ငံျခားႏွင့္ ဆက္သြယ္ေသာကိစၥ ေအာင္ျမင္လိမ့္မည္။ ဘုရားပုံေတာ္၊ ဘိုးေတာ္၊ မယ္ေတာ္ ပုံေတာ္မ်ား ဘာသာေရးႏွင့္ ပတ္သက္ေသာ ပုံေတာ္မ်ား ဝင္လာမည္။
ေ႐ႊထြက္ၿပီး အဖိုးတန္ေက်ာက္ထည္ပစၥည္းမ်ား ျပန္ဝင္လာမည္။ အႀကီးအကဲမ်ား အထင္ေသးသကဲ့သို႔ ငယ္႐ြယ္သူတို႔၏ မေထမဲ့ျမင္ျပဳျခင္းမ်ိဳးလည္း ႀကဳံေတြ႕ရတတ္ပါတယ္။ သို႔ေသာ္ ဆရာေကာင္းေတြ႕မည္။ အရပ္တပါးသို႔ ခရီးသြားေရာက္ရကိန္း ျမင္သည္။
ဗုဒၶဟူးနံဝင္ေသာ္ လူထြက္တတ္သည္။ ေဆြမ်ိဳးသားခ်င္းထဲမွ နာေရးေပၚတတ္သည္။ ကိုယ္ဝန္ေဆာင္သည္မ်ား မီးဖြားဖို႔ရွိရင္ေတာ့ ဆရာေကာင္းေတြရွိတဲ့ ေဆး႐ုံေဆးခန္းမွာ ေမြးမွပဲ အဆင္ေျပတတ္ပါသည္။
ယခုကာလအတြင္း အိပ္ယာ ေကာင္းေကာင္းဝယ္ဖို႔ကိစၥ မသင့္ေလ်ာ္ေသးပါ။ ဇိမ္ခံပစၥည္းဝင္ဖို႔ မသင့္လို႔ပါ။ အခ်စ္ေရးမွာေတာ့ ေခတ္မီေသာ၊ ၾကည့္ေကာင္းေသာ အမ်ိဳးသားႏွင့္ ဆုံေတြ႕ရတတ္ပါတယ္။ သို႔ေသာ္ ၎သည္ လူပ်ိဳစစ္စစ္မဟုတ္ဖို႔ မ်ားပါတယ္။
အိမ္ေထာင္ေရး ကံေကာင္းေနတတ္ပါတယ္။ ပညာေရးမွာေတာ့ လိုအပ္သည္ထက္ ပိုမိုႀကိဳးစားဖို႔လိုပါတယ္။
အက်ိဳးေပးဂဏန္း - ၉/၂/၆
အထူးေဟာ - အလုပ္ကံေလးေတြ ပြင့္လန္းလာတတ္သည္။
ယၾတာ - ေျပာင္းဖူးေၾကာ္ေလးေတြ ဘုရားလႉေပးပါ။
စေန
ယခုကာလအတြင္း ေငြေရး၊ ေၾကးေရး အဆင္မေျပမႈမ်ား ရင္ဆိုင္ရမည္။ လူမ်ိဳးျခားဒုကၡေပးတတ္သည္။ မထင္မွတ္ထားေသာ ခရီးမ်ား သြားလာရတတ္သည္။ ေငြကုန္ေၾကးက် မ်ားေနရတတ္သည္။ မိမိလုပ္ေဖၚကိုင္ဖက္မ်ားႏွင့္ အဆင္မေျပမႈမ်ား ႀကဳံေတြ႕ေနရမည္။
သင္သည္ က်န္းမာေရး ခ်ဴခ်ာကိန္းရွိေနသည္။ စက္ပစၥည္းမ်ားဝင္ကိန္း ရွိေနပါတယ္။ မနာလိုမႈ ေၾကာင့္ ရန္အတိုက္အခံမ်ား ႀကဳံရတတ္သည္။ ဘာသာေရးႏွင့္ ပတ္သက္ေသာ အသိဉာဏ္မ်ားပြင့္လန္းလာလိမ့္မည္။ ပၪၨင္းခံရတတ္သည္။
အလုပ္ထဲတြင္၊ စိတ္မဝင္စားျခင္း၊ မေပ်ာ္႐ႊင္ျခင္းႏွင့္ စိတ္ေလလြင့္ျခင္းမ်ား ျဖစ္ေနလိမ့္မည္။ အလုပ္ေျပာင္းဖို႔ စိတ္ကူးရွိထားရင္ မေျပာင္းသင့္ေသးပါ။ ေျပာင္းလွ်င္လည္း အဆင္မေျပႏိုင္ေသးပါ။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းမ်ား ျပန္ေပၚလာတတ္ပါတယ္။
ယခုကာလအတြင္း အဘိုးအဘြားေတြ အေမြရကိန္း ရွိေနသည္။ ႐ိုးရာနတ္မ်ားကို ပူေဇာ္ေလ့ရွိပါက လႉဒါန္း ေမတၱာပို႔ေပးလိုက္ပါ။ ေ႐ႊ၊ ေငြေပ်ာက္တတ္သည္။ သူခိုးခိုးခံရတတ္သည္။ ကာလရွည္ၾကာ ရင္းႏွီးေပါင္းသင္းသူမ်ားႏွင့္ ဝိဝါဒကြဲျပားကာ လမ္းခြဲရျခင္းမ်ား ႀကဳံရမည္။
မ်က္စိႏွင့္ပတ္သက္၍ ေဆး႐ုံ၊ ေဆးခန္းေရာက္မည္။ သြားနာ၊ သြားကိုက္ျဖစ္မည္။ ခ်စ္သူနဲ႔ ခ်ိတ္ဆက္ထားသည့္ ကိစၥမ်ား လြဲေခ်ာ္ေနတတ္ပါတယ္။အိမ္ေထာင္ေရးမွာေတာ့ သားသမီးနဲ႔ပက္သက္ၿပီး လင္မယားႏွစ္ေယာက္ စကားမ်ားရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း - ၂/၃/၈
အထူးေဟာ - အလုပ္မ်ား၊ ကိစၥမ်ားေနတတ္ပါတယ္။
ယၾတာ - ကိုယ့္ထက္ႏြမ္းပါးသူကို ေဆးအလႉေလးေတြ လုပ္ေပးပါ။
ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
09 77 5555 695/ 09 44 5555 695