Mandalay Trend Travel

ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားသူများ ကြိုတင်ပြင်ဆင်ရမည့် အချက် (၁၅)ချက်

Read 421 times

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများကို ယာယီပိတ်သိမ်း ထားခဲ့ရာ ပြီးခဲ့သော ဒီဇင်ဘာလ (၁၆)ရက်နေ့တွင်မှ ပြည်တွင်းသီးသန့် လေကြောင်းလိုင်းများကို ပြန်လည် ဖွင့်လှစ် ပြေးဆွဲခွင့် ပြုခဲ့သည်။ 

ပြန်လည်ပြေးဆွဲမည့် ပြည်တွင်းလေကြောင်းလိုင်းများ၊ လေယာဉ် မောင်/မယ်များ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးနင်းလိုက်ပါမည့် ခရီးသည်များ လိုက်နာနိုင်ရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) မှ စံသတ်မှတ်ချက်များအား ဒီဇင်ဘာလ (၁၄) ရက်နေ့က ထုတ်ပြန်ပေးခဲ့သည်။ 

မြန်မာနိုင်ငံ၏ လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ပြန်လည် အားကောင်းလာပြီး မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ရ့ည်ရွယ်ချက်ဖြင့် လေကြောင်းလိုင်းများကို စံသတ်မှတ်ချက်များ ထုတ်ပြန်ကာ ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

MOHS မှ ထုတ်ပြန်ထားသော စံသတ်မှတ်ချက်များအား မဖြစ်မနေ လိုက်နာရမည့် အဖွဲ့အစည်းများမှာ လေကြောင်းခရီးသည်များ၊ လေကြောင်းလိုင်း မြေပြင်ဝန်ဆောင်မှု ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများ၊ လေယာဉ်မှုးနှင့် လေယာဉ်မောင်/မယ်များ စသည်တို့ ဖြစ်ကြောင်း သိရသည်။ 

စံသတ်မှတ်ချက်များထဲမှ လေကြောင်းခရီးသည်များ လိုက်နာရမည့် အချက် (၁၅)ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ 

၁။ လေယာဉ်လက်မှတ်များကို ပြည်တွင်း Ticket Agent များမှဖြစ်စေ၊ Online Booking စနစ်ဖြင့် ဖြစ်စေ ပုံမှန်အတိုင်း ဝယ်ယူနိုင်သည်။ 

၂။ ခရီးစဉ်အလိုက် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများ ဖြစ်သည့် Rapid Antigen Diagnostic Test (RDT) Kit ဖြင့် ပုဂ္ဂလိ

၃။ ခရီးစဉ််အတွက် (RDT) Test Kit များဖြင့် ဓာတ်ခွဲစစ်ဆေးမှုကို MOHS မှ အသိအမှတ်ပြုထားသော ပုဂ္ဂလိက (သို့) အစိုးရဆေးရုံ၊ ဆေးခန်းများတွင် လေယာဉ်လက်မှတ် ပြ၍ဖြစ်စေ၊ လေယာဉ်ခရီးစဉ် ကြိုတင်စာရင်း သွင်းထားကြောင်း အတည်ပြုချက် ပြ၍ဖြစ်စေ မိမိစရိတ်ဖြင့် ဓာတ်ခွဲ စစ်ဆေးနိုင်သည်။ 

၄။ ခရီးသည်များ အနေဖြင့် COVID-19 သံသယဖြစ်ဖွယ် လက္ခဏာများဖြစ်သော နှာစေး ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အနံ့အရသာပျောက်ခြင်း အစရှိသည့် လက္ခဏာများ ကင်းစင်မှသာ သတ်မှတ်ခရီးစဉ်တွင် လိုက်ပါရမည်။ 

၅။ လေယာဉ်ခရီးစဉ် မထွက်ခွာမီ ကိုယ်ရေး အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမည်ဖြစ်ပြီး 

  • မိမိ၏ အမည်၊ 
  • နိုင်ငံသားစိစစ်ရေး ကဒ်ပြားအမှတ်၊ 
  • နေရပ်လိပ်စာ၊ 
  • ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ 
  • လေယာဉ်လက်မှတ် ဝယ်ယူချိန်၊ 
  • Check-in ပြုလုပ်ချိန်နှင့် 
  • ခရီးဆုံး လေဆိပ်သို့ ရောက်ရှိချိန် 

စသည်တို့ကို တာဝန်ရှိသူများအား တင်ပြရမည် ဖြစ်သည်။ ထို့ပြင် Check-in ဝင်ချိန်တွင် ဆိုက်ရောက်မည့် မြို့၌ တည်းခိုးမည့် နေရာကိုပါ တစ်ပါတည်း မှန်ကန်စွာ ဖြည့်စွက်ရမည် ဖြစ်သည်။ 

၆။ ကျန်းမာရေးဆိုင်ရာ ကြေညာချက်စာရွက်အား မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်၍ သက်ဆိုင်ရာ ကျန်းမာရေး တာဝန်ရှိသူများထံ မပျက်မကွက် ပေးအပ်ရမည်။ 

၇။ လေယာဉ်ခရီးစဉ်တစ်လျှောက် ခွဲစိတ်ခန်းသုံး ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask)နှင့် မျက်နှာကာ (Face Shield) တို့အား သေချာစွာ ဝတ်ဆင်ထားရှိရမည် ဖြစ်ပြီး လေယာဉ်မောင်၊မယ်တို့၏ ညွှန်ကြားချက်များကိုလည်း အတိအကျ လိုက်နာဆောင်ရွက်ရမည်။ 

၈။ လေယာဉ်ခရီးစဉ်တစ်လျှောက် သတ်မှတ်ထားသော ခုံအမှတ်တွင်သာ လိုက်ပါစီးနင်းရမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နေမကောင်းဖြစ်ပါက လေယာဉ်မောင်၊မယ်တို့အား ချက်ချင်း သတင်းပို့ရမည်။ 

၉။ သွားလိုရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသဆိုင်ရာ ကျန်းမာရေးဌာန၏ စစ်ဆေးမှုများ၊ လိုအပ်သော အသွားအလာ ကန့်သတ်ထားရှိခြင်း လုပ်ငန်းစဉ်များနှင့် ဒေသန္တရဆိုင်ရာ အမိန့်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။ 

၁၀။ Stay-at-home အရပ်မှဖြစ်စေ၊ Non-stay-at-home အရပ်မှဖြစ်စေ လိုက်ပါမည့် ခရီးသည်များ အားလုံးသည် (၃၆)နာရီအတွင်း (RDT) Test Kit ဖြင့် စစ်ဆေးထားသည့် COVID-19 ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်တွင် ပြသနိုင်ရမည်ဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်တွင် ဓာတ်ခွဲစစ်ဆေးမှုအဖြေသည် (၃၆)နာရီထက် ကျော်လွန်ပါက လက်ခံမည်မဟုတ်ပေ။ 

၁၁။ Stay-at-home ဒေသမှ လာရောက်သော ခရီးသည်များမှာ Non-stay-at-home အရပ်သို့ ရောက်ရှိပါက Facility Quarantine (or) Hotel Quarantine ဝင်ရမည်။ Facility Quarantine မလုံလောက်ပါက Hotel Quarantine ကို မိမိစရိတ်ဖြင့်သာ ဝင်ရောက်ရမည်ဖြစ်ပြီး (၃)ရက်မြောက်နေ့တွင် RT-PCR Test ကို မိမိစရိတ်ဖြင့်သာ စစ်ဆေးရမည်ဖြစ်သည်။ 

ရောဂါပိုးမတွေ့ရှိပါက Quarantine မှ ထွက်နိုင်ပြီး RT-PCR Test ဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ (RDT) Test Kit ဖြင့်သာ စစ်ဆေးပါက (၇)ရက်မြောက်နေ့တွင် Negative ရရှိမှသာ Quarantine မှ ထွက်ရမည်ဖြစ်သည်။

၁၂။ Stay-at-home ဒေသမှ ခရီးသည်များ Stay-at-home အရပ်သို့ သွားရောက်ပါက Quarantine ဝင်ရောက်ရန် မလိုအပ်ပေ။ 

၁၃။ Non-stay-at-home ဒေသမှ ခရီးသည်များ မည်သည့်အရပ်သို့ သွားရောက်လိုသည်ဖြစ်စေ Quarantine ဝင်ရန် မလိုအပ်ပေ။ 

၁၄။ သက်ဆိုင်ရာမြို့သို့ ရောက်ရှိပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေး စစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာ ကန့်သတ်ခြင်းများ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ 

၁၅။ ခရီးသည်အနေဖြင့် အစိုးရဆေးရုံသို့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူရန် သွားရောက်ခြင်း ဖြစ်ပါက Check-in ဝင်ချိန်တွင် လေကြောင်းလိုင်း တာဝန်ရှိသူထံသို့ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးမှ လက်မှတ်ရေးထိုးထားသည့် ကျန်းမာရေးဆိုင်ရာ လွှဲပြောင်းမှု မှတ်တမ်း (Medical Referral Form) အား ပြသနိုင်ရမည်။ 

အထက်ဖော်ပြပါ Quarantine ဆိုင်ရာ သတ်မှတ်ချက်များသည် ‌အခြေအနေအပေါ် မူတည်၍ အပြောင်းအလဲများလည်း ရှိနိုင်ပါသည်။ 

Bookmark