စျေးဟာတိုင်းပြည်ရဲ့ဝမ်းစာ
မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနစ်ဌာနအပါအဝင် မြို့ပြမြေယာမှာ ဈေးများလည်း ပါရှိခဲ့ပါတယ်။ စျေးဟာ တိုင်းပြည်စီးပွားရေးရဲ့ ပြဒါးတိုင်လို့လဲပြောလို့ရပါတယ်။ ဒါကြောင့် မန္တလေးရတနာပုံရ ရွှေမြို့တော်တည်ဆောက်တဲ့အခါမှာ ဈေးများကို စနစ်တကျနေရာချခဲ့ပါတယ်။ မန္တလေးအနောက်ပြင် ကျယ်ဝန်းတဲ့နေရာမှာ လက်ကားဈေးကြီးတစ်ဈေးဖြစ်တဲ့ “မလွန်ဈေး” ရှိခဲ့ပါတယ်။ ရေလမ်းခရီးနဲ့ ရောက်ရှိလာမယ့် ကုန်ပစ္စည်းများအတွက် ဧရာဝတီနှင့်လည်းနီးပါတယ်။ ရှမ်းပြည်နယ်မှ ဆင်းလာမယ့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးပါတယ်။
မတ္တရာနယ်တစ်ဝိုက်မှ ထွက်ရှိတဲ့ ကွမ်း၊ ကွမ်းရွက်နှင့် အသီးအနှံများ ဝင်ရောက်လာတဲ့ ရွှေတချောင်း ရေရှင်မြောင်းနဲ့လည်း အရှေ့နှင့်အနောက် ကပ်လျက်ဖြစ်ပါတယ်။
မလွန်ဈေး
မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင်မြောက်ရှည်ပြီး အရှေ့အနောက်အနေနဲ့ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်ဝန်းပါတယ်။ ပေအနေဖြင့်တွက်ပါက တောင်မြောက် ပေ၂ဝဝဝ နီးပါးရှည်ပြီး အရှေ့အနောက်၊ ပေ ၆ဝဝ နီးပါးကျယ်တဲ့ ဈေးကြီးဖြစ်ပါတယ်။ ဈေးကြီး ဖွဲ့စည်းပုံဟာ သူ့ကုန်ပစ္စည်းအမျိုးအစားလိုက် တူရာစုပြီး တစ်ထပ်လောက်ရှိတဲံ လုံခြုံတဲ့ အဆောက်အအုံများဖြင့်လည်း ရောင်းချရပါတယ်။ မြောက်မှစပြီး အရှေ့အနောက် ၃၁လမ်းကို မလွန်ဈေးတွင် မြောက်ယွန်းတန်းလို့ခေါ်ပါတယ်။ အဲဒီနောက် တောင်ဘက်တစ်ပြ ၃၂ လမ်းကို တောင်ယွန်းတန်းဟု ခေါ်တွင်ပြီး အဲနှစ်လမ်းအကြား တစ်ပြ အရှည်တွင် တောင်မြောက်တိုးလျှိုပေါက် အနောက်မှစပြီး အိုးတန်း၊ ခဲလန်တန်း၊ ငါးပိတန်း၊ ထန်းလျက်တန်း၊ ထုံးတန်းဆိုပြီးတော့ ဈေးတန်းများအကြား လှည်းနှစ်စီးရှောင်နိုင်တဲ့ လမ်းရှိပါတယ်။ ဒီပုံစံအတိုင်း ၃၂ လမ်း၊ တောင်ယွန်းတန်းနှင့် ၃၃လမ်း ကျောက်စိမ်းတန်းအကြားတွင် ကြက်သွန်တန်း၊ ချင်းတန်း၊ ငါးပိတန်း၊ ဆားတန်း၊ ကွမ်းသီးတန်းနဲ့ ၃၃ လမ်း ကျောက်စိမ်း တန်းနှင့် ၃၄ လမ်း ညောင်ဇင်တန်းအကြားမှာ နီပါးတန်း၊ ပွတ်တန်း၊ ဆေးရိုးဝင်းဆိုပြီး သူ့ပစ္စည်းသူ့အတန်းနှင့်သူ လမ်းများခြားကာ စနစ်တကျတည်ပေးခဲ့တဲ့ လက်ကားပွဲ ရုံဈေးကြီးဖြစ်ပါတယ်။ အခုချိန်ထိရောင်းဝယ်ဖောက်ကားနေဆဲလည်း ဖြစ်ပါတယ်။
Read More>>>မြန်မာနိုင်ငံရဲ့ ရက်ကန်းမြို့အဖြစ် သတ်မှတ်ခံထားရတဲ့ အမရပူရကို သွားလည်မယ်ဆိုရင်
မလွန်ဈေးကို ကြိုသောကြောင့်
လက်ကားဈေးကြီးဖြစ်တဲ့ မလွန်ဈေးကို ကြိုတဲ့ ဈေးတစ်ဈေးလည်း မြောက်ဘက်မလှမ်းမကမ်းမှာ အတူတည်ထားခဲ့ပါတယ်။ မလွန်ဈေးကို ကြိုသောကြောင့် “ဈေးကြို”ဆိုပြီး အမည်တွင်ခဲ့ပါတယ်။ “ဈေးကြို”ကို နောက်တစ်ခါ “ဈေးချိုတော်”လို့ ခေါ်တွင်ခဲ့ပါတယ်။ ဈေးကြိုများက ယခင် မင်းနေပြည်များဖြစ်ခဲ့တဲ့ အင်းဝနေပြည်တော်၊ အမရပူရ နေပြည်တော်ရဲ့ ပန္နက်များတွင်လည်း ပါရှိခဲ့တယ်။
“ဈေးကြို”၏ မူလနေရာဟာ ယခုငါးပိတန်းလက်ကြား (ဈေးချိုတော်တိုက်တန်းကြီး၏ အရှေ့ဘက်) ၂၆ ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၇ လမ်း (ဘာဘူတန်း)ကြားနေရာများ ဖြစ်ပါတယ်။။ မူလမန္တလေး “ဈေးကြို”က အမရပူရ “ဈေးကြို”ပုံစံအတိုင်း တည်ဆောက်ခဲ့ပါတယ်။ ၁၈၇၆ ခုနှစ်တွင် မူလ “ဈေးကြိုတော်” ကို သစ်သားများဖြင့်သာ ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ အဆိုပါ ဈေးကြို (ဈေးချို)မှာ ၁၉၀၂ ခုနှစ် ဧပြီ ၁၂ ရက် (သက္ကရာဇ် ၁၂၆၃ ခုနှစ် တန်ခူးလဆန်း ၅ ရက်) တွင် မီးကြီးလောင်ကျွမ်းပါတယ်။ အဲဒီနောက် နှစ် ၉၀ ကျော်ကြာ သက်တမ်းရှည်ပြီး ကမ္ဘာကျော်ခဲ့တဲ့ ၁၂ ရုံ အုတ်တိုက် ဈေးချိုတော်ကြီးကို “အုတ်ကာသွပ်မိုး” ဟူတဲံ နေ့နာမ်သင့်အတိုင်း ၁၂၆၅ ခု (၁၉၀၃ ခု)တွင် တည်ဆောက်ခဲ့ပါတယ်။
အေ၊ ဘီ၊ စီ ဟူ၍
၂၆ဘီလမ်း (အာဇာနည်လမ်း)မှ တောင်ဘက် ၂၈ လမ်း (သံဖြူတန်း)အထိ နှစ်ပြ(ပေ ၁၅ဝဝ နီးပါး) ရှည်ပြီး အရှေ့ အနောက်အနေဖြင့် ၈၄ လမ်းအထိ တစ်ပြ (ပေ ၆ဝဝ နီး ပါး) ကျယ်ဝန်းပါတယ်။ အုတ်တိုက် သွပ်မိုးရုံကြီး ၁၂ ရုံ ပါရှိပြီး တောင်မြောက်အလျားလိုက်ရှိတဲ့ ရုံကြီးသုံးရုံတွဲပြီး ကြားတွင် မလွယ်ပေါက်။ အဲဒီနောက် နောက်ထပ် သုံးရုံတွဲပြီး အလယ်တွင် ကျယ်ဝန်းသော အလယ်ပေါက် ကြီးထားရှိကာ ထိုပုံစံအတိုင်း တောင်ဘက်တွင်လည်း ခြောက်ရုံတွဲရှိပါတယ်။ အေ၊ ဘီ၊ စီ ဟူ၍ နာမည်ပေးပြီး အယ်လ် အထိရှိပါတယ်။ ရုံအလိုက် အမျိုးအစားတူ ကုန်ပစ္စည်းများကိုပဲ တစုတစည်းတည်း ရောင်းချကြပါတယ်။
ကြားတန်းများမပါဘဲ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၁၆ဝ ရှိပါတယ်။ ၁၂ ရုံတွင် ဆိုင်ခန်းပေါင်း ၂ဝဝဝ နီးပါး ရှိပြီး အဲဒီအရေအတွက်ဟာ ရုံကြီးအတွင်း ဝင်လမ်း၊ ထွက်လမ်း၊ ဝင်ပေါက်၊ ထွက်ပေါက်များ မူလအတိုင်း မပျက်မယွင်းရှိ စေရန် နှစ် ၉ဝ စလုံး နေရာချထားခဲ့တဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် မည်သည့်သဘာဝအန္တရာယ်နှင့် ရင်ဆိုင်ရသည်မဆို ဝင်လမ်း၊ ထွက်လမ်း ရှင်းပါတယ်။ ဒါ့အပြင် မလွယ် ပေါက်လမ်းများနှင့် အလယ်ပေါက်လမ်းမကြီးများပေါ်တွင် ယာဉ်များ၊ အထူးသဖြင့် မီးသတ်ကားများ လွယ်ကူစွာ ဝင်နိုင်ပြီး ထွက်လမ်းများလည်း ရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလမ်း
မန္တလေးဈေးချိုတော်တွင် ရုံကြီး ၁၂ ရုံအပြင် အရှေ့ ဘက်တွင် ၈၄ လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)ကို မျက်နှာ ပြုပြီး၂၆ ဘီလမ်းနှင့် ၂၈ လမ်းကြားရှိ တိုက်တန်းကြီး တည်ရှိပြီး ၂၆ ဘီလမ်း၊ ၈၄ လမ်းနှင့် ရွှေတချောင်းမြောင်း ကြားတွင် တိုက်တန်းလေးတည်ရှိပါတယ်။ ၁၉ရဝ ဝန်းကျင် တွင် အဆိုပါ တိုက်တန်းလေးကို ဖျက်သိမ်းပြီး မန္တလေး မြူနီစီပယ် (ယခုစည်ပင်သာယာရေးကော်မတီ)က မြို့တော်ခန်းမ(၂)နှင့် မြို့တော်ခန်းမ(၃)ဟူပြီး ခေတ်မီ နှစ်ထပ်တိုက်တန်းကြီး တည်ဆောက်ခဲ့ပါတယ်။ အပေါ် ထပ်တွင် ခန်းမများထားရှိပြီး အောက်ထပ်တွင် ကုန် ပဒေသာဆိုင်များ၊ ရုံးခန်းများနှင့် တစ်ချိန်က နာမည်ကျော် ကြားခဲ့တဲ့ မန္တလေးတိုင်းသမဝါယမအသင်းစုရဲ့ သမဝါယမစာနယ်ဇင်း စာအုပ်အရောင်းဆိုင်ကြီးတို့ ဖွင့်လှစ်ခဲ့ပါတယ်။ မြို့တော်ခန်းမ(၂)နှင့် ခန်းမ(၃)တို့တွင် မင်္ဂလာဧည့်ခံပွဲ များ ကျင်းပလေ့ရှိပြီး ယခုအခါ ခန်းမ(၃) နေရာတွင် ရတနာပုံဘဏ်အဆောက်အအုံနှင့် အရောင်းပြခန်းများ ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ ဈေးချိုတော်ပင်မရုံကြီး ၁၂ ရုံရဲ့ တောင်ဘက်ခြမ်းရုံ ခြောက်ရုံတွဲရဲ့ အနောက်ဘက် တွင် ပန်းတန်း၊ ထိုးမုန့်တန်း၊ သံဖြူတန်းလေး၊ မုန့်စုံတန်း တို့ တည်ရှိပြီး မြောက်ဘက် ခြောက်ရုံတွဲရဲ့ အနောက်ဘက်တွင် ငှက်ပျောတန်း၊ မွေ့ရာတန်း၊ လင်းရောင်ခြည် ဈေးတန်း၊ အောင်ဈေးတန်းတို့ တည်ရှိပါတယ်။
သံဖြူတန်းကြီး
ဈေးချိုတော်ကြီးရဲ့ တောင်ဘက် ၂၈လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားကို သံဖြူတန်းကြီးဟု ခေါ်တွင်ပြီး သံ သေတ္တာများ၊ သံဖြူနှင့်ပတ်သက်သော အထည်များ ရောင်းချကြပါတယ်။ ထို့ပြင် ပွဲရုံများလည်း တည်ရှိပါတယ်။ သံဖြူတန်းကြီးတွင် ဦးခင်မောင်ရဲ့ ရွှေဥဒေါင်းသံသေတ္တာ ဆိုင်တည်ရှိသလို မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်ရဲ့ တိုက်လည်းရှိပါတယ်။ ဒါ့အပြင် မြို့မဒိုးတီးအကျော် ဦးလှဒင် ကလည်း သံဖြူတန်းကြီးတွင် နေထိုင်ကြပါတယ်။ထို ၂၈ လမ်း ကိုပင် ၈၅ လမ်းနှင့် ရွှေတချောင်းကြားကို အိုးတန်းကြီးဟု ခေါ်ပြီး မြေအိုး၊ စဉ့်အိုးများ ရောင်းချကြပါတယ်။ အိုးတန်းကြီးနှင့် တစ်ဆက်တည်း ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ၈၅ လမ်းနှင့် ရွှေတချောင်း ကြားမှာ ထီးတိုင်ဈေးဖြစ်ပြီး မနက်ပိုင်းတွင် ကုန်စိမ်းများ၊ ပန်းများရောင်းချပြီး စားသောက်ကုန်၊ ကုန်ခြောက်နှင့် ပွဲရုံများလည်း တည်ရှိပါတယ်။ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ၈၆ လမ်းပေါ်တွင်လည်း မုန့်စုံတန်းနှင့် ပျံကျဈေးတန်းတို့ တည်ရှိပြီး အဆိုပါ ၈၆ လမ်းပေါ်တွင် ဆင်ကြီးနှစ်ကောင်တည်ရှိပါတယ်။
ဆင်ကြီးနှစ်ကောင်
ဆင်ကြီး နှစ်ကောင်ဆိုတာဟာ ၈၆ လမ်းမှ အနောက် ဘက်အိမ်တော်ရာဘုရားအရှေ့မုခ်အထိတည်ဆောက် ထားသော အုတ်တံတားကြီးရဲ့ ထိပ်မှာတည်ရှိပြီး အုတ်၊ ဆင်ရုပ်ကြီးနှစ်ကောင်ကို အစွဲပြုကာ ထိုနေရာကို “ဆင် ကြီးနှစ်ကောင်”လို့ ခေါ်ဆိုကြပါတယ်။ အိမ်တော်ရာဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂၀၉ ခုနှစ်တွင် ပုဂံမင်းက သူရဲ့အိမ်တော်နေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်းဖြစ်ပြီး တံတား ဒါယကာမှာ “နိဗ္ဗာနပစ္စယနာဂဆဒ္ဒန်ဆင်မင်း” ကြီးဖြစ်ပါတယ်။ ထိုဆင်မင်းမှာ ဘိုးတော်ဘုရားလက်ထပ်တွင် ဟံသာဝတီတောင်ဘက် နိဗ္ဗာန်ရွာရဲ့ အရှေ့ဘက် ကုန်းသာယာအမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်ပါတယ်။ ပုဂံမင်းက အိမ်တော်ရာစေတီတော် တည်ထားပြီးနောက် ၁၂၁ဝ ခုနှစ်တွင် ဆင်မင်းပိုင်ငွေတော်များဖြင့် အုတ် တံတားကြီး တည်ဆောက်ကာ တံတားဦးတွင် အုတ်ဆင် ရုပ်ကြီးနှစ်ရုပ် တည်ဆောက်ပြီး အလှူတော်ပြုလုပ်ပေးခဲ့ပါတယ်။
အိမ်တော်ရာထီး
ဒီဆင်တံတားပေါ်မှာ ယခင်က မန္တလေးမြို့ရဲ့ နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူ ဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။ အိမ်တော်ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာရောင်းချရသဖြင့် ထီးရိုးပြုလုပ်တဲ့ လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးပါတယ်။ အဲနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့ပါတယ်။ ယခုအိမ်တော်ရာထီး ပျောက်ကွယ်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ယခုတိုင်မန္တလေးတွင် အခိုင်အမာတည်ရှိနေဆဲဖြစ်တဲ့ ပွဲစားကုန်သည် စက်ပိုင်များရဲ့ကထိန်တော်အသင်းကြီးဟာ ၁၉၃ဝ ဝန်းကျင်ကာလများက အိမ်တော်ရာဆင်ကြီး နှစ်ကောင်အနီး ပွဲစားကြီး ဦးသန့်အိမ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ညပိုင်းတွင်လည်း ဈေးချိုတော်ရုံကြီး ၁၂ရုံနှင့် တိုက်တန်းကြီးကြားတွင် ညဈေးတန်းတည်ရှိခဲ့ပါတယ်။ နေ့ခင်းပိုင်း မအားလပ်သဖြင့် မဝယ်ခြမ်းရသူများ ဈေးချို ညစျေးတန်းတွင် စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။ အနယ်နယ် အရပ်ရပ်သာမက နိုင်ငံတကာအထိ စိတ်ဝင်စားခဲ့တဲ့ ညဈေးတန်းကြီးဖြစ်ပါတယ်။
ဈေးရပ်ကွက်ကြီး
ဈေးချိုတော်ရဲ့ မြောက်ဘက် ၂၅လမ်းနှင့် ၂၆ ဘီ လမ်းကြား၊ ၈၆လမ်း ရွှေတချောင်းမြောင်း အရှေ့ဘက် တွင်လည်း မန်းသီရိဈေးဟူပြီး တည်ရှိခဲ့ပါတယ်။ ယခင်က ပင်လယ်ငါးနှင့် အသားငါးကုန်ခြောက်ဈေးကြီး ဖြစ်ပါတယ်။ ယခုအခါ အထပ်မြင့်ဈေးကြီး တည်ဆောက်ပြီး ဖြစ်ပါတယ်။ ဈေးချိုတော် တိုက်တန်းကြီးရဲ့ အရှေ့ဘက် ၂၅လမ်းမှ ၂၈လမ်းကြား၊ ၈၃လမ်းမှ ၈၄လမ်းကြားတွင် ဆောက်လုပ်ရေး ကုန်မာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဒီဇယ်အင်ဂျင် နှင့် ရေစုပ်စက်ပစ္စည်းများ ရောင်းချကြတဲ့ ဆိုင်ခန်းကြီးများ တည်ရှိကြပါတယ်။ ယခင်က ၂၇ လမ်းနှင့် ၂၈လမ်းကြား၊ ၈၃ လမ်းနှင့် တောင်ဘက် တိုက်တန်းကြီးကြားတွင် သေတ္တာဝင်းဆိုပြီး တည်ရှိခဲ့ပြီး ထင်းရှူးသေတ္တာများ၊ ကုန်ပစ္စည်းထည့် အသားကြမ်းသေတ္တာများ ပြုလုပ်ရောင်းချ ကြသပါတယ်။ ဈေးချိုတော်ကြီးကို ဗဟိုပြုပြီး မြောက်မှ တောင်ဘက် ၂၅လမ်းမှ လမ်း၃ဝ အတွင်း၊ အရှေ့မှ အနောက် သို့ ၈၃လမ်းမှ ၈၈လမ်းအတွင်း နေရာကြီးသည် စျေးရပ်ကွက်ကြီးဖြစ်ခဲ့ပါတယ်။ ၂၉လမ်းရှိ ဝါးတန်းရပ်သည်လည်း ဈေးလမ်းမကြီးဖြစ်ပါတယ်။ သကျသီဟဘုရားအနီးတွင်လည်း ပွဲရုံတန်း၊ ဆန်တန်းများ တည်ရှိပါတယ်။ အဆိုပါ ဈေးရပ်ကွက်ကြီးလည်း မလွန်ဈေးရပ်ကွက်ကြီးနှင့် တစ်ဆက်တည်း ဖြစ်သွားပါတယ်။
မန္တလေးမြို့ရဲ့ စီးပွားရေးအချက်အချာ
ထို့ကြောင့် မလွန်ဈေးနှင့် ဈေးချိုတော်ကြီးသည် မန္တလေးမြို့ရဲစီးပွားရေးအချက်အချာ အသည်းနှလုံး ဖြစ်သည်။ မ မြန်မာလူမျိုးတို့ရဲ့ စီးပွားရေးအတက်အကျ ပြဒါးတိုင်လည်း ဖြစ်ခဲ့ပါတယ်။ မြို့တည်ကတည်းက တည်ရှိခဲ့တဲ့ အခင်းအကျင်းဖြစ်သဖြင့် ထိုရပ်ကွက်ကြီးများ၊ ဈေးကြီးများရဲ့ လူမှုဆက်ဆံရေးများဟာ မြန်မာ့လူမှု ဆက်ဆံရေးစစ်စစ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဈေးချိုတော်ရုံကြီး ၁၂ ရုံအတွင်းရှိ ဆိုင်ခန်းများမှာ အခန်းမရှိ၊ အကာမရှိ၊ အကန့်မရှိ။ ဟိုဘက်ဆိုင် ဒီဘက်ဆိုင် လှမ်းမြင်နေရပါတယ်။ ဘိုးဘွားမှအစ သားသမီးမြေးမြစ်အထိ ပိုင်ဆိုင်မှုမပြောင်းလဲသဖြင့် အစဉ်အဆက် မိသားစုသဖွယ် ဖြစ်နေပါတယ်။
Source; The Mirror Daily
Unicode
ယေန႔ေခတ္လူငယ္အမ်ားစုထဲမွာ မႏၲေလးရဲ့ အသည္းႏွလုံး ျဖစ္တဲ့ မူလေဈးခ်ိဳ အစစ္အေၾကာင္းကို သိရွိသူနည္းပါးလွပါတယ္။ ဒါေၾကာင့္ မႏၲေလးၿမိဳ႕ေတာ္ႀကီးရဲ႕ အထင္ကရေနရာတစ္ခုျဖစ္တဲ့ ေစ်းခ်ိဳႀကီးရဲ႕ သမိုင္းေၾကာင္းကို ဗဟုသုတရရွိေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။
ေစ်းဟာတိုင္းျပည္ရဲ႕ဝမ္းစာ
မႏၲေလးၿမိဳ႕သစ္ နန္းသစ္တည္ကတည္းက ခုနစ္ဌာနအပါအဝင္ ၿမိဳ့ျပေျမယာမွာ ေဈးမ်ားလည္း ပါရွိခဲ့ပါတယ္။ ေစ်းဟာ တိုင္းျပည္စီးပြားေရးရဲ႕ ျပဒါးတိုင္လို႔လဲေျပာလုိ႔ရပါတယ္။ ဒါေၾကာင့္ မႏၲေလးရတနာပုံရ ေရႊၿမိဳ့ေတာ္တည္ေဆာက္တဲ့အခါမွာ ေဈးမ်ားကို စနစ္တက်ေနရာခ်ခဲ့ပါတယ္။ မႏၲေလးအေနာက္ျပင္ က်ယ္ဝန္းတဲ့ေနရာမွာ လက္ကားေဈးႀကီးတစ္ေဈးျဖစ္တဲ့ “မလြန္ေဈး” ရွိခဲ့ပါတယ္။ ေရလမ္းခရီးနဲ႔ ေရာက္ရွိလာမယ့္ ကုန္ပစၥည္းမ်ားအတြက္ ဧရာဝတီႏွင့္လည္းနီးပါတယ္။ ရွမ္းျပည္နယ္မွ ဆင္းလာမယ့္ ေတာင္ေပၚကုန္မ်ားအတြက္ ရွမ္းကုန္သည္မ်ား စတည္းခ်ရာ ရွမ္းပြဲရပ္၊ ေဒးဝန္းရပ္ႏွင့္လည္း နီးပါတယ္။
မတၱရာနယ္တစ္ဝိုက္မွ ထြက္ရွိတဲ့ ကြမ္း၊ ကြမ္းရြက္ႏွင့္ အသီးအႏွံမ်ား ဝင္ေရာက္လာတဲ့ ေရႊတေခ်ာင္း ေရရွင္ေျမာင္းနဲ႔လည္း အေရွ႕ႏွင့္အေနာက္ ကပ္လ်က္ျဖစ္ပါတယ္။
မလြန္ေဈး
မလြန္ေဈးက (ယခု) ၃၁လမ္းႏွင့္ ၃၄လမ္းၾကား ေတာင္ေျမာက္ရွည္ၿပီး အေရွ႕အေနာက္အေနနဲ႔ ၈၅လမ္းမွ ၈၆လမ္းၾကား တစ္ျပက်ယ္ဝန္းပါတယ္။ ေပအေနျဖင့္တြက္ပါက ေတာင္ေျမာက္ ေပ၂၀၀ဝ နီးပါးရွည္ၿပီး အေရွ႕အေနာက္၊ ေပ ၆၀ဝ နီးပါးက်ယ္တဲ့ ေဈးႀကီးျဖစ္ပါတယ္။ ေဈးႀကီး ဖြဲ႕စည္းပုံဟာ သူ႔ကုန္ပစၥည္းအမ်ိဳးအစားလိုက္ တူရာစုၿပီး တစ္ထပ္ေလာက္ရွိတဲံ လုံျခဳံတဲ့ အေဆာက္အအုံမ်ားျဖင့္လည္း ေရာင္းခ်ရပါတယ္။ ေျမာက္မွစၿပီး အေရွ႕အေနာက္ ၃၁လမ္းကို မလြန္ေဈးတြင္ ေျမာက္ယြန္းတန္းလုိ႔ေခၚပါတယ္။ အဲဒီေနာက္ ေတာင္ဘက္တစ္ျပ ၃၂ လမ္းကို ေတာင္ယြန္းတန္းဟု ေခၚတြင္ၿပီး အဲႏွစ္လမ္းအၾကား တစ္ျပ အရွည္တြင္ ေတာင္ေျမာက္တိုးလၽွိုေပါက္ အေနာက္မွစၿပီး အိုးတန္း၊ ခဲလန္တန္း၊ ငါးပိတန္း၊ ထန္းလ်က္တန္း၊ ထုံးတန္းဆိုၿပီးေတာ့ ေဈးတန္းမ်ားအၾကား လွည္းႏွစ္စီးေရွာင္နိုင္တဲ့ လမ္းရွိပါတယ္။ ဒီပုံစံအတိုင္း ၃၂ လမ္း၊ ေတာင္ယြန္းတန္းႏွင့္ ၃၃လမ္း ေက်ာက္စိမ္းတန္းအၾကားတြင္ ၾကက္သြန္တန္း၊ ခ်င္းတန္း၊ ငါးပိတန္း၊ ဆားတန္း၊ ကြမ္းသီးတန္းနဲ႔ ၃၃ လမ္း ေက်ာက္စိမ္း တန္းႏွင့္ ၃၄ လမ္း ေညာင္ဇင္တန္းအၾကားမွာ နီပါးတန္း၊ ပြတ္တန္း၊ ေဆးရိုးဝင္းဆုိၿပီး သူ႔ပစၥည္းသူ႔အတန္းႏွင့္သူ လမ္းမ်ားျခားကာ စနစ္တက်တည္ေပးခဲ့တဲ့ လက္ကားပြဲ ႐ုံေဈးႀကီးျဖစ္ပါတယ္။ အခုခ်ိန္ထိေရာင္းဝယ္ေဖာက္ကားေနဆဲလည္း ျဖစ္ပါတယ္။
မလြန္ေဈးကို ႀကိဳေသာေၾကာင့္
လက္ကားေဈးႀကီးျဖစ္တဲ့ မလြန္ေဈးကို ႀကိဳတဲ့ ေဈးတစ္ေဈးလည္း ေျမာက္ဘက္မလွမ္းမကမ္းမွာ အတူတည္ထားခဲ့ပါတယ္။ မလြန္ေဈးကို ႀကိဳေသာေၾကာင့္ “ေဈးႀကိဳ”ဆိုၿပီး အမည္တြင္ခဲ့ပါတယ္။ “ေဈးႀကိဳ”ကို ေနာက္တစ္ခါ “ေဈးခ်ိဳေတာ္”လို႔ ေခၚတြင္ခဲ့ပါတယ္။ ေဈးႀကိဳမ်ားက ယခင္ မင္းေနျပည္မ်ားျဖစ္ခဲ့တဲ့ အင္းဝေနျပည္ေတာ္၊ အမရပူရ ေနျပည္ေတာ္ရဲ႕ ပႏၷက္မ်ားတြင္လည္း ပါရွိခဲ့တယ္။
“ေဈးႀကိဳ”၏ မူလေနရာဟာ ယခုငါးပိတန္းလက္ၾကား (ေဈးခ်ိဳေတာ္တိုက္တန္းႀကီး၏ အေရွ႕ဘက္) ၂၆ ဘီလမ္း (အာဇာနည္လမ္း)ႏွင့္ ၂၇ လမ္း (ဘာဘူတန္း)ၾကားေနရာမ်ား ျဖစ္ပါတယ္။။ မူလမႏၲေလး “ေဈးႀကိဳ”က အမရပူရ “ေဈးႀကိဳ”ပုံစံအတိုင္း တည္ေဆာက္ခဲ့ပါတယ္။ ၁၈၇၆ ခုႏွစ္တြင္ မူလ “ေဈးႀကိဳေတာ္” ကို သစ္သားမ်ားျဖင့္သာ ျပန္လည္ တည္ေဆာက္ခဲ့ပါတယ္။ အဆိုပါ ေဈးႀကိဳ (ေဈးခ်ိဳ)မွာ ၁၉၀၂ ခုႏွစ္ ဧၿပီ ၁၂ ရက္ (သကၠရာဇ္ ၁၂၆၃ ခုႏွစ္ တန္ခူးလဆန္း ၅ ရက္) တြင္ မီးႀကီးေလာင္ကၽြမ္းပါတယ္။ အဲဒီေနာက္ ႏွစ္ ၉၀ ေက်ာ္ၾကာ သက္တမ္းရွည္ၿပီး ကမၻာေက်ာ္ခဲ့တဲ့ ၁၂ ႐ုံ အုတ္တိုက္ ေဈးခ်ိဳေတာ္ႀကီးကို “အုတ္ကာသြပ္မိုး” ဟူတဲံ ေန႔နာမ္သင့္အတိုင္း ၁၂၆၅ ခု (၁၉၀၃ ခု)တြင္ တည္ေဆာက္ခဲ့ပါတယ္။
အေ၊ ဘီ၊ စီ ဟူ၍
၂၆ဘီလမ္း (အာဇာနည္လမ္း)မွ ေတာင္ဘက္ ၂၈ လမ္း (သံျဖဴတန္း)အထိ ႏွစ္ျပ(ေပ ၁၅၀ဝ နီးပါး) ရွည္ၿပီး အေရွ႕ အေနာက္အေနျဖင့္ ၈၄ လမ္းအထိ တစ္ျပ (ေပ ၆၀ဝ နီး ပါး) က်ယ္ဝန္းပါတယ္။ အုတ္တိုက္ သြပ္မိုး႐ုံႀကီး ၁၂ ႐ုံ ပါရွိၿပီး ေတာင္ေျမာက္အလ်ားလိုက္ရွိတဲ့ ႐ုံႀကီးသုံး႐ုံတြဲၿပီး ၾကားတြင္ မလြယ္ေပါက္။ အဲဒီေနာက္ ေနာက္ထပ္ သုံး႐ုံတြဲၿပီး အလယ္တြင္ က်ယ္ဝန္းေသာ အလယ္ေပါက္ ႀကီးထားရွိကာ ထိုပုံစံအတိုင္း ေတာင္ဘက္တြင္လည္း ေျခာက္႐ုံတြဲရွိပါတယ္။ ေအ၊ ဘီ၊ စီ ဟူ၍ နာမည္ေပးၿပီး အယ္လ္ အထိရွိပါတယ္။ ႐ုံအလိုက္ အမ်ိဳးအစားတူ ကုန္ပစၥည္းမ်ားကိုပဲ တစုတစည္းတည္း ေရာင္းခ်ၾကပါတယ္။
ၾကားတန္းမ်ားမပါဘဲ တစ္႐ုံလၽွင္ ဆိုင္ခန္းေပါင္း ၁၆ဝ ရွိပါတယ္။ ၁၂ ႐ုံတြင္ ဆိုင္ခန္းေပါင္း ၂၀၀ဝ နီးပါး ရွိၿပီး အဲဒီအေရအတြက္ဟာ ႐ုံႀကီးအတြင္း ဝင္လမ္း၊ ထြက္လမ္း၊ ဝင္ေပါက္၊ ထြက္ေပါက္မ်ား မူလအတိုင္း မပ်က္မယြင္းရွိ ေစရန္ ႏွစ္ ၉ဝ စလုံး ေနရာခ်ထားခဲ့တဲ့ စနစ္ျဖစ္ပါတယ္။ ဒါေၾကာင့္ မည္သည့္သဘာဝအႏၲရာယ္ႏွင့္ ရင္ဆိုင္ရသည္မဆို ဝင္လမ္း၊ ထြက္လမ္း ရွင္းပါတယ္။ ဒါ့အျပင္ မလြယ္ ေပါက္လမ္းမ်ားႏွင့္ အလယ္ေပါက္လမ္းမႀကီးမ်ားေပၚတြင္ ယာဥ္မ်ား၊ အထူးသျဖင့္ မီးသတ္ကားမ်ား လြယ္ကူစြာ ဝင္နိုင္ၿပီး ထြက္လမ္းမ်ားလည္း ရွိပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း
မႏၲေလးေဈးခ်ိဳေတာ္တြင္ ႐ုံႀကီး ၁၂ ႐ုံအျပင္ အေရွ႕ ဘက္တြင္ ၈၄ လမ္း (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)ကို မ်က္ႏွာ ျပဳၿပီး၂၆ ဘီလမ္းႏွင့္ ၂၈ လမ္းၾကားရွိ တိုက္တန္းႀကီး တည္ရွိၿပီး ၂၆ ဘီလမ္း၊ ၈၄ လမ္းႏွင့္ ေရႊတေခ်ာင္းေျမာင္း ၾကားတြင္ တိုက္တန္းေလးတည္ရွိပါတယ္။ ၁၉၇ဝ ဝန္းက်င္ တြင္ အဆိုပါ တိုက္တန္းေလးကို ဖ်က္သိမ္းၿပီး မႏၲေလး ျမဴနီစီပယ္ (ယခုစည္ပင္သာယာေရးေကာ္မတီ)က ၿမိဳ့ေတာ္ခန္းမ(၂)ႏွင့္ ၿမိဳ့ေတာ္ခန္းမ(၃)ဟူၿပီး ေခတ္မီ ႏွစ္ထပ္တိုက္တန္းႀကီး တည္ေဆာက္ခဲ့ပါတယ္။ အေပၚ ထပ္တြင္ ခန္းမမ်ားထားရွိၿပီး ေအာက္ထပ္တြင္ ကုန္ ပေဒသာဆိုင္မ်ား၊ ႐ုံးခန္းမ်ားႏွင့္ တစ္ခ်ိန္က နာမည္ေက်ာ္ ၾကားခဲ့တဲ့ မႏၲေလးတိုင္းသမဝါယမအသင္းစုရဲ႕ သမဝါယမစာနယ္ဇင္း စာအုပ္အေရာင္းဆိုင္ႀကီးတို႔ ဖြင့္လွစ္ခဲ့ပါတယ္။ ၿမိဳ့ေတာ္ခန္းမ(၂)ႏွင့္ ခန္းမ(၃)တို့တြင္ မဂၤလာဧည့္ခံပြဲ မ်ား က်င္းပေလ့ရွိၿပီး ယခုအခါ ခန္းမ(၃) ေနရာတြင္ ရတနာပုံဘဏ္အေဆာက္အအုံႏွင့္ အေရာင္းျပခန္းမ်ား ျပဳျပင္တည္ေဆာက္ခဲ့ပါတယ္။ ေဈးခ်ိဳေတာ္ပင္မ႐ုံႀကီး ၁၂ ႐ုံရဲ႕ ေတာင္ဘက္ျခမ္း႐ုံ ေျခာက္႐ုံတြဲရဲ႕ အေနာက္ဘက္ တြင္ ပန္းတန္း၊ ထိုးမုန႔္တန္း၊ သံျဖဴတန္းေလး၊ မုန႔္စုံတန္း တို့ တည္ရွိၿပီး ေျမာက္ဘက္ ေျခာက္႐ုံတြဲရဲ႕ အေနာက္ဘက္တြင္ ငွက္ေပ်ာတန္း၊ ေမြ႕ရာတန္း၊ လင္းေရာင္ျခည္ ေဈးတန္း၊ ေအာင္ေဈးတန္းတို့ တည္ရွိပါတယ္။
သံျဖဴတန္းႀကီး
ေဈးခ်ိဳေတာ္ႀကီးရဲ႕ ေတာင္ဘက္ ၂၈လမ္း၊ ၈၄ လမ္းႏွင့္ ၈၅ လမ္းၾကားကို သံျဖဴတန္းႀကီးဟု ေခၚတြင္ၿပီး သံ ေသတၱာမ်ား၊ သံျဖဴႏွင့္ပတ္သက္ေသာ အထည္မ်ား ေရာင္းခ်ၾကပါတယ္။ ထို့ျပင္ ပြဲ႐ုံမ်ားလည္း တည္ရွိပါတယ္။ သံျဖဴတန္းႀကီးတြင္ ဦးခင္ေမာင္ရဲ႕ ေရႊဥေဒါင္းသံေသတၱာ ဆိုင္တည္ရွိသလို ျမန္မာပညာရွိႀကီး ေရႊျပည္ဦးဘတင္ရဲ႕ တိုက္လည္းရွိပါတယ္။ ဒါ့အျပင္ ၿမိဳ့မဒိုးတီးအေက်ာ္ ဦးလွဒင္ ကလည္း သံျဖဴတန္းႀကီးတြင္ ေနထိုင္ၾကပါတယ္။ထို ၂၈ လမ္း ကိုပင္ ၈၅ လမ္းႏွင့္ ေရႊတေခ်ာင္းၾကားကို အိုးတန္းႀကီးဟု ေခၚၿပီး ေျမအိုး၊ စဉ့္အိုးမ်ား ေရာင္းခ်ၾကပါတယ္။ အိုးတန္းႀကီးႏွင့္ တစ္ဆက္တည္း ၂၈ လမ္းႏွင့္ ၂၉ လမ္းၾကား၊ ၈၅ လမ္းႏွင့္ ေရႊတေခ်ာင္း ၾကားမွာ ထီးတိုင္ေဈးျဖစ္ၿပီး မနက္ပိုင္းတြင္ ကုန္စိမ္းမ်ား၊ ပန္းမ်ားေရာင္းခ်ၿပီး စားေသာက္ကုန္၊ ကုန္ေျခာက္ႏွင့္ ပြဲ႐ုံမ်ားလည္း တည္ရွိပါတယ္။ ၂၇ လမ္းႏွင့္ ၂၈ လမ္းၾကား၊ ၈၆ လမ္းေပၚတြင္လည္း မုန႔္စုံတန္းႏွင့္ ပ်ံက်ေဈးတန္းတို့ တည္ရွိၿပီး အဆိုပါ ၈၆ လမ္းေပၚတြင္ ဆင္ႀကီးႏွစ္ေကာင္တည္ရွိပါတယ္။
ဆင္ႀကီးႏွစ္ေကာင္
ဆင္ႀကီး ႏွစ္ေကာင္ဆုိတာဟာ ၈၆ လမ္းမွ အေနာက္ ဘက္အိမ္ေတာ္ရာဘုရားအေရွ႕မုခ္အထိတည္ေဆာက္ ထားေသာ အုတ္တံတားႀကီးရဲ႕ ထိပ္မွာတည္ရွိၿပီး အုတ္၊ ဆင္႐ုပ္ႀကီးႏွစ္ေကာင္ကို အစြဲျပဳကာ ထိုေနရာကို “ဆင္ ႀကီးႏွစ္ေကာင္”လို႔ ေခၚဆုိၾကပါတယ္။ အိမ္ေတာ္ရာဘုရားကို မႏၲေလးၿမိဳ့တည္၊ နန္းတည္ႏွစ္မတိုင္မီ ၁၂၀၉ ခုႏွစ္တြင္ ပုဂံမင္းက သူရဲ႕အိမ္ေတာ္ေနရာတြင္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ပါတယ္။ ဆင္တံတားမွာ အိမ္ေတာ္ရာ ေစတီေတာ္ႀကီးၿပီးမွ တည္ေဆာက္ျခင္းျဖစ္ၿပီး တံတား ဒါယကာမွာ “နိဗၺာနပစၥယနာဂဆဒၵန္ဆင္မင္း” ႀကီးျဖစ္ပါတယ္။ ထိုဆင္မင္းမွာ ဘိုးေတာ္ဘုရားလက္ထပ္တြင္ ဟံသာဝတီေတာင္ဘက္ နိဗၺာန္ရြာရဲ႕ အေရွ႕ဘက္ ကုန္းသာယာအမည္ရွိ ေတာတြင္းမွ ဖမ္းယူရရွိၿပီး တစ္ကိုယ္လုံး ဆြတ္ဆြတ္ျဖဴေသာ ဆင္ျဖဴေတာ္ျဖစ္ပါတယ္။ ပုဂံမင္းက အိမ္ေတာ္ရာေစတီေတာ္ တည္ထားၿပီးေနာက္ ၁၂၁ဝ ခုႏွစ္တြင္ ဆင္မင္းပိုင္ေငြေတာ္မ်ားျဖင့္ အုတ္ တံတားႀကီး တည္ေဆာက္ကာ တံတားဦးတြင္ အုတ္ဆင္ ႐ုပ္ႀကီးႏွစ္႐ုပ္ တည္ေဆာက္ၿပီး အလွူေတာ္ျပဳလုပ္ေပးခဲ့ပါတယ္။
အိမ္ေတာ္ရာထီး
ဒီဆင္တံတားေပၚမွာ ယခင္က မႏၲေလးၿမိဳ႕ရဲ႕ နာမည္ႀကီး အိမ္ေတာ္ရာထီးမ်ားကို ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ အိမ္ေတာ္ရာထီးသည္ ရဟန္းေဆာင္း၊ လူ ေဆာင္းသာမက မိန္းမပ်ိဳကေလးမ်ားပင္ ႏွစ္သက္စြာ ေဆာင္းၾကသည္။ အိမ္ေတာ္ရာထီးကို တစ္ျပည္လုံး က်ယ္ျပန႔္စြာေရာင္းခ်ရသျဖင့္ ထီးရိုးျပဳလုပ္တဲ့ လုပ္ငန္းအစုအေဝးႀကီးပင္ ရွိခဲ့ဖူးပါတယ္။ အဲေနရာကို ထီးရိုးဝင္းဟု ေခၚတြင္ခဲ့ပါတယ္။ ယခုအိမ္ေတာ္ရာထီး ေပ်ာက္ကြယ္ခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ ယခုတိုင္မႏၲေလးတြင္ အခိုင္အမာတည္ရွိေနဆဲျဖစ္တဲ့ ပြဲစားကုန္သည္ စက္ပိုင္မ်ားရဲ႕ကထိန္ေတာ္အသင္းႀကီးဟာ ၁၉၃ဝ ဝန္းက်င္ကာလမ်ားက အိမ္ေတာ္ရာဆင္ႀကီး ႏွစ္ေကာင္အနီး ပြဲစားႀကီး ဦးသန႔္အိမ္တြင္ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ျခင္း ျဖစ္ပါတယ္။ ညပိုင္းတြင္လည္း ေဈးခ်ိဳေတာ္႐ုံႀကီး ၁၂႐ုံႏွင့္ တိုက္တန္းႀကီးၾကားတြင္ ညေဈးတန္းတည္ရွိခဲ့ပါတယ္။ ေန႔ခင္းပိုင္း မအားလပ္သျဖင့္ မဝယ္ျခမ္းရသူမ်ား ေဈးခ်ိဳ ညေစ်းတန္းတြင္ စိတ္ခ်လက္ခ် ဝယ္ယူနိုင္ပါတယ္။ အနယ္နယ္ အရပ္ရပ္သာမက နိုင္ငံတကာအထိ စိတ္ဝင္စားခဲ့တဲ့ ညေဈးတန္းႀကီးျဖစ္ပါတယ္။
ေဈးရပ္ကြက္ႀကီး
ေဈးခ်ိဳေတာ္ရဲ႕ ေျမာက္ဘက္ ၂၅လမ္းႏွင့္ ၂၆ ဘီ လမ္းၾကား၊ ၈၆လမ္း ေရႊတေခ်ာင္းေျမာင္း အေရွ႕ဘက္ တြင္လည္း မန္းသီရိေဈးဟူၿပီး တည္ရွိခဲ့ပါတယ္။ ယခင္က ပင္လယ္ငါးႏွင့္ အသားငါးကုန္ေျခာက္ေဈးႀကီး ျဖစ္ပါတယ္။ ယခုအခါ အထပ္ျမင့္ေဈးႀကီး တည္ေဆာက္ၿပီး ျဖစ္ပါတယ္။ ေဈးခ်ိဳေတာ္ တိုက္တန္းႀကီးရဲ႕ အေရွ႕ဘက္ ၂၅လမ္းမွ ၂၈လမ္းၾကား၊ ၈၃လမ္းမွ ၈၄လမ္းၾကားတြင္ ေဆာက္လုပ္ေရး ကုန္မာပစၥည္းမ်ား၊ လၽွပ္စစ္ပစၥည္းမ်ား၊ ဒီဇယ္အင္ဂ်င္ ႏွင့္ ေရစုပ္စက္ပစၥည္းမ်ား ေရာင္းခ်ၾကတဲ့ ဆိုင္ခန္းႀကီးမ်ား တည္ရွိၾကပါတယ္။ ယခင္က ၂၇ လမ္းႏွင့္ ၂၈လမ္းၾကား၊ ၈၃ လမ္းႏွင့္ ေတာင္ဘက္ တိုက္တန္းႀကီးၾကားတြင္ ေသတၱာဝင္းဆုိၿပီး တည္ရွိခဲ့ၿပီး ထင္းရွူးေသတၱာမ်ား၊ ကုန္ပစၥည္းထည့္ အသားၾကမ္းေသတၱာမ်ား ျပဳလုပ္ေရာင္းခ် ၾကသပါတယ္။ ေဈးခ်ိဳေတာ္ႀကီးကို ဗဟိုျပဳၿပီး ေျမာက္မွ ေတာင္ဘက္ ၂၅လမ္းမွ လမ္း၃ဝ အတြင္း၊ အေရွ႕မွ အေနာက္ သို့ ၈၃လမ္းမွ ၈၈လမ္းအတြင္း ေနရာႀကီးသည္ ေစ်းရပ္ကြက္ႀကီးျဖစ္ခဲ့ပါတယ္။ ၂၉လမ္းရွိ ဝါးတန္းရပ္သည္လည္း ေဈးလမ္းမႀကီးျဖစ္ပါတယ္။ သက်သီဟဘုရားအနီးတြင္လည္း ပြဲ႐ုံတန္း၊ ဆန္တန္းမ်ား တည္ရွိပါတယ္။ အဆိုပါ ေဈးရပ္ကြက္ႀကီးလည္း မလြန္ေဈးရပ္ကြက္ႀကီးႏွင့္ တစ္ဆက္တည္း ျဖစ္သြားပါတယ္။
မႏၲေလးၿမိဳ႕ရဲ႕ စီးပြားေရးအခ်က္အခ်ာ
ထို့ေၾကာင့္ မလြန္ေဈးႏွင့္ ေဈးခ်ိဳေတာ္ႀကီးသည္ မႏၲေလးၿမိဳ႕ရဲစီးပြားေရးအခ်က္အခ်ာ အသည္းႏွလုံး ျဖစ္သည္။ မ ျမန္မာလူမ်ိဳးတို႔ရဲ႕ စီးပြားေရးအတက္အက် ျပဒါးတိုင္လည္း ျဖစ္ခဲ့ပါတယ္။ ၿမိဳ႕တည္ကတည္းက တည္ရွိခဲ့တဲ့ အခင္းအက်င္းျဖစ္သျဖင့္ ထိုရပ္ကြက္ႀကီးမ်ား၊ ေဈးႀကီးမ်ားရဲ႕ လူမွုဆက္ဆံေရးမ်ားဟာ ျမန္မာ့လူမွု ဆက္ဆံေရးစစ္စစ္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေဈးခ်ိဳေတာ္႐ုံႀကီး ၁၂ ႐ုံအတြင္းရွိ ဆိုင္ခန္းမ်ားမွာ အခန္းမရွိ၊ အကာမရွိ၊ အကန႔္မရွိ။ ဟိုဘက္ဆိုင္ ဒီဘက္ဆိုင္ လွမ္းျမင္ေနရပါတယ္။ ဘိုးဘြားမွအစ သားသမီးေျမးျမစ္အထိ ပိုင္ဆိုင္မွုမေျပာင္းလဲသျဖင့္ အစဥ္အဆက္ မိသားစုသဖြယ္ ျဖစ္ေနပါတယ္။
Source; The Mirror Daily