What's New

၁၅ရက်အတွင်း သင့်ကိုယ်သင် ပြောင်းလဲစေနိုင်မယ့် နည်းလမ်း (၇) ခု

Read 146 times
နည်းလမ်းကောင်းလေးတွေကို ဒီကနေ့မှာ ပြောပြပေးချင်ပါတယ်။ 
 
 ၁။ စာအုပ်ဖတ်ပါ။ 
 
၁၅ ရက်အတွင်းမှာ သင်ကြိုက်နှစ်သက်မယ်ထင်တဲ့ စာအုပ်တစ်အုပ်ကို ပြီးအောင် ဖတ်ကြည့်ပါ။ သင်က စာဖတ်နှေးသူ ဒါမှမဟုတ် စာအများကြီးဖတ်ရတာ မကြိုက်တဲ့သူဆိုရင်တော့ ခပ်ပါးပါး စာအုပ်တစ်အုပ်ကို ရွေးချယ်လို့ ရပါတယ်။ 
 
၂။ ပညာအသစ်တစ်ခုကို သင်ယူကြည့်ပါ။ 
 
ဒီ ၁၅ ရက်အတွင်း သင်သိချင်တဲ့ ပညာတစ်ခုကို သင်ယူပါ။ ဟင်းချက်နည်း၊ အပင်စိုက်နည်း၊ အပ်ချုပ်နည်း စသဖြင့် ကိုယ်စိတ်ဝင်စားမယ်ထင်တဲ့ အရာတစ်ခုကို စတင်သင်ယူကြည့်ပါ။ 
 
၃။ Workout Challenge လုပ်ပါ။
 
တစ်နေ့လုံး မလှုပ်မရှားနေတဲ့အခါ သင့်စိတ်ကြည်လင်မှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့ကို ၅မိနစ်လောက် အချိန်ပေးပြီး ၁၅ရက် Workout Challenge လုပ်ကြည့်ပါ။ ၅မိနစ်စာ Workout Video တွေကို Utube မှာ ရှာဖွေလို့ ရပါတယ်။ 
 
၄။ ကိုယ့်ကိုကိုယ် သိအောင်လုပ်ပါ။
 
လူ့ဘဝက တိုတိုလေးမို့ သူများအကြောင်းတွေ တွေးမိနေရင်း အချိန်တွေ ကုန်ဆုံးနေတာဟာ အင်မတန် နှမြောဖို့ ကောင်းပါတယ်။ ကိုယ့်အကြောင်းကိုယ်တွေး၊ ကိုယ့်ကိုကိုယ် အချိန်ပေးပါ။ ကိုယ် ဘာဖြစ်နေလဲ၊ ဘာလိုအပ်နေလဲ၊ ဘာလုပ်ချင်လဲ ဆိုတာကို သေချာစဉ်းစားကြည့်ပါ။
 
၅။ အသီးအရွက် ပုံမှန်စားပါ။
 
၁၅ ရက်အတွင်း အသီးအရွက်တစ်မျိုးကို နေ့တိုင်းစားပေးပါ။ ဒါမှမဟုတ် သံပယိုရည်နွေးနွေးလေးကို နေ့တိုင်းသောက်တာမျိုး စသဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုတာမျိုးကို စားသုံးပေးပါ။ ၁၅ရက်အကြာမှာ အရင်ကထက် ပိုပြီး နေလို့ထိုင်လို့ ကောင်းလာတာကို ခံစားရပါလိမ့်မယ်။ 
 
၆။ Skin Care ပါ။ 
ဒီ၁၅ရက်အတွင်းမှာ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ ရတဲ့ Skin Care နည်းတွေ ပြုလုပ်ကြည့်ပါ။ မျက်နှာကို အနည်းဆုံး တစ်ခေါက် ပေါင်းတင်ပေးပါ။ Mask ကပ်တာ၊ Scrub လုပ်တာမျိုးလည်း ပြုလုပ်လို့ ရပါတယ်။ 
 
၇။ Milestone တစ်ခု ချပြီး ဖြစ်အောင် လုပ်ကြည့်ပါ။ 
 
သင်ပြီးမြောက်အောင် လုပ်ချင်တဲ့ ပန်းတိုင်ခပ်သေးသေးတစ်ခုကို စဉ်းစားကြည့်ပါ။ ပြီးရင်တော့ စာအုပ်တစ်အုပ်ထဲ ချရေးပြီး ၁၅ ရက်အတွင်း ဖြစ်အောင်လုပ်ပါ။ ရေရှည်ပန်းတိုင်မျိုး အချိန်ပေးရတဲ့ ပန်းတိုင်မျိုး မဖြစ်ဖို့တော့ လိုပါတယ်။ အချိန်သိပ်မပေးရတဲ့ ပန်းတိုင်မျိုးကို စဉ်းစားကြည့်ပါ။ 
 
ဖုန်း တစ်နေ့လုံး ထိုင်သုံးပြီး အချိန်ဖြုန်းနေမယ့်အစား ဒီအချက် (၇) ချက်ကို ၁၅ ရက်အတွင်း ဖြစ်အောင်လုပ်ကြည့်ပါနော်။ ၁၅ရက်အကြာမှာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲခြင်းတွေကို တွေ့နိုင်ပါလိမ့်မယ်။ 
 
Reference from OlivemmBlog
========================
[Zawgyi Version]
သင္က သင့္ကိုသင္ ေျပာင္းလဲပစ္ခ်င္ေနတဲ့ လူတစ္ေယာက္ဆိုရင္ေတာ့ ဒီစာက သင့္အတြက္ အမ်ားႀကီး အသုံးဝင္ေစမွာပါ။ (၁၅) ရက္အတြင္း အားလပ္တဲ့ အခ်ိန္ေလးေတြမွာ အခ်ိန္ကို အက်ိဳးရွိစြာ အသုံးခ်ၿပီး ကိုယ့္ကိုကိုယ္ ေျပာင္းလဲႏိုင္ဖို႔ နည္းလမ္းေကာင္းေလးေတြကို ဒီကေန႔မွာ ေျပာျပေပးခ်င္ပါတယ္။ 
 
 ၁။ စာအုပ္ဖတ္ပါ။ 
 
၁၅ ရက္အတြင္းမွာ သင္ႀကိဳက္ႏွစ္သက္မယ္ထင္တဲ့ စာအုပ္တစ္အုပ္ကို ၿပီးေအာင္ ဖတ္ၾကည့္ပါ။ သင္က စာဖတ္ေႏွးသူ ဒါမွမဟုတ္ စာအမ်ားႀကီးဖတ္ရတာ မႀကိဳက္တဲ့သူဆိုရင္ေတာ့ ခပ္ပါးပါး စာအုပ္တစ္အုပ္ကို ေ႐ြးခ်ယ္လို႔ ရပါတယ္။ 
 
၂။ ပညာအသစ္တစ္ခုကို သင္ယူၾကည့္ပါ။ 
 
ဒီ ၁၅ ရက္အတြင္း သင္သိခ်င္တဲ့ ပညာတစ္ခုကို သင္ယူပါ။ ဟင္းခ်က္နည္း၊ အပင္စိုက္နည္း၊ အပ္ခ်ဳပ္နည္း စသျဖင့္ ကိုယ္စိတ္ဝင္စားမယ္ထင္တဲ့ အရာတစ္ခုကို စတင္သင္ယူၾကည့္ပါ။ 
 
၃။ Workout Challenge လုပ္ပါ။
 
တစ္ေန႔လုံး မလႈပ္မရွားေနတဲ့အခါ သင့္စိတ္ၾကည္လင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ တစ္ေန႔ကို ၅မိနစ္ေလာက္ အခ်ိန္ေပးၿပီး ၁၅ရက္ Workout Challenge လုပ္ၾကည့္ပါ။ ၅မိနစ္စာ Workout Video ေတြကို Utube မွာ ရွာေဖြလို႔ ရပါတယ္။ 
 
၄။ ကိုယ့္ကိုကိုယ္ သိေအာင္လုပ္ပါ။
 
လူ႔ဘဝက တိုတိုေလးမို႔ သူမ်ားအေၾကာင္းေတြ ေတြးမိေနရင္း အခ်ိန္ေတြ ကုန္ဆုံးေနတာဟာ အင္မတန္ ႏွေျမာဖို႔ ေကာင္းပါတယ္။ ကိုယ့္အေၾကာင္းကိုယ္ေတြး၊ ကိုယ့္ကိုကိုယ္ အခ်ိန္ေပးပါ။ ကိုယ္ ဘာျဖစ္ေနလဲ၊ ဘာလိုအပ္ေနလဲ၊ ဘာလုပ္ခ်င္လဲ ဆိုတာကို ေသခ်ာစဥ္းစားၾကည့္ပါ။
 
၅။ အသီးအ႐ြက္ ပုံမွန္စားပါ။
 
၁၅ ရက္အတြင္း အသီးအ႐ြက္တစ္မ်ိဳးကို ေန႔တိုင္းစားေပးပါ။ ဒါမွမဟုတ္ သံပယိုရည္ေႏြးေႏြးေလးကို ေန႔တိုင္းေသာက္တာမ်ိဳး စသျဖင့္ က်န္းမာေရးအတြက္ အေထာက္အကူျပဳတာမ်ိဳးကို စားသုံးေပးပါ။ ၁၅ရက္အၾကာမွာ အရင္ကထက္ ပိုၿပီး ေနလို႔ထိုင္လို႔ ေကာင္းလာတာကို ခံစားရပါလိမ့္မယ္။ 
 
၆။ Skin Care ပါ။ 
ဒီ၁၅ရက္အတြင္းမွာ အိမ္မွာပဲ အလြယ္တကူ ျပဳလုပ္လို႔ ရတဲ့ Skin Care နည္းေတြ ျပဳလုပ္ၾကည့္ပါ။ မ်က္ႏွာကို အနည္းဆုံး တစ္ေခါက္ ေပါင္းတင္ေပးပါ။ Mask ကပ္တာ၊ Scrub လုပ္တာမ်ိဳးလည္း ျပဳလုပ္လို႔ ရပါတယ္။ 
 
၇။ Milestone တစ္ခု ခ်ၿပီး ျဖစ္ေအာင္ လုပ္ၾကည့္ပါ။ 
 
သင္ၿပီးေျမာက္ေအာင္ လုပ္ခ်င္တဲ့ ပန္းတိုင္ခပ္ေသးေသးတစ္ခုကို စဥ္းစားၾကည့္ပါ။ ၿပီးရင္ေတာ့ စာအုပ္တစ္အုပ္ထဲ ခ်ေရးၿပီး ၁၅ ရက္အတြင္း ျဖစ္ေအာင္လုပ္ပါ။ ေရရွည္ပန္းတိုင္မ်ိဳး အခ်ိန္ေပးရတဲ့ ပန္းတိုင္မ်ိဳး မျဖစ္ဖို႔ေတာ့ လိုပါတယ္။ အခ်ိန္သိပ္မေပးရတဲ့ ပန္းတိုင္မ်ိဳးကို စဥ္းစားၾကည့္ပါ။ 
 
ဖုန္း တစ္ေန႔လုံး ထိုင္သုံးၿပီး အခ်ိန္ျဖဳန္းေနမယ့္အစား ဒီအခ်က္ (၇) ခ်က္ကို ၁၅ ရက္အတြင္း ျဖစ္ေအာင္လုပ္ၾကည့္ပါေနာ္။ ၁၅ရက္အၾကာမွာ သင့္ရဲ႕ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာမွာပါ ေျပာင္းလဲျခင္းေတြကို ေတြ႕ႏိုင္ပါလိမ့္မယ္။ 
 
Reference from OlivemmBlog
 
Bookmark