Mandalay Trend

မန္တလေးမြို့ မဟာမုနိဘုရား၀န်း အတွင်းရှိ အဆောက်အဦများအား ပြန်လည်ပြုပြင်မှုများ ပြုလုပ်

Read 265 times

မန္တလေး မဟာမုနိ ရုပ်ရှင်တော် ဘုရားကြီး ပရဝုဏ် နေရာတစ်ဝိုက်တွင်ရှိသည့်  သာသနိက အဆောက်အဦများ၊ တည်ရှိရာနေရာများနှင့် အဆောက်အဦးအတွင်း၊ အပြင်နေရာများအား ပြုပြင်မှုများအား ပြုလုပ်လျက်ရှိရာတွင် အပြီးတိုင် ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။

ထိုသို့ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင်  သာသနာ့ဥယျာဉ်အဖြစ် တည်ရှိစေရန်အတွက်  (၂၀၁၆) ခုနှစ်မှ စတင်ကာ (Master Plan) ရေးဆွဲခဲ့ပြီး  ပြုပြင် တည်ဆောက်မှုများ ဆောင်ရွက်နေခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင်  တည်ဆောက်မှုမှာ (၈၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။

သာသနာ့ဥယျာဉ်အဖြစ် တည်ရှိစေရန် ဆောင်ရွက်ရာတွင် အဆောက်အဦးအသစ် တည်ဆောက်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်း မရှိကာ ယခင် အဆောက်အအုံအား ပြုပြင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအဆောက်အအုံအား ပြုပြင်ထိန်းသိမ်းရာ လုပ်ငန်းစဉ်တွင် အောက်ပါအကြောင်းအရာများ ပါရှိသည်။ ၎င်းတို့မှာ…

  •  မြန်မာမှုဆိုင်ရာများ မွမ်းမံပြင်ဆင်ခြင်း၊ 
  • ရွှေဆေးသုတ်ခြင်း၊ 

  • ဥယျာဉ်တည်ဆောက်ခြင်း၊ 

  • တန်ဆောင်းများပြုပြင်ခြင်း၊ 

  • ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းခြင်း၊ 

  • မှတ်တမ်းများပြုစုခြင်း အစရှိသော မွမ်းမံပြုပြင်ထိန်းသိမ်းမှုများအား ဆောင်ရွက်လျက်ရှိသည်။

COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ပြည်သူများ ဖူးမြော်နိုင်စေရန် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့သည် ၎င်းတို့ (Facebook Page) မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ကိုလည်း ပြုလုပ်လျက်ရှိပေသည်။

မန္တလေးတိုင်း အစိုးရအနေဖြင့်လည်း COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရပေသည်။

 

Bookmark