Mandalay Trend Travel

ကိုဗစ်အလွန် မန္တလေးရှိ ခရီးသွားလုပ်ငန်းများအတွက် နိုင်ငံပေါင်း(၅)နိုင်ငံမှ ဗိသုကာစီမံကိန်းရေးဆွဲ

Read 363 times

မန္တလေးတိုင်း အတွင်းရှိ ခရီးစဥ်‌ သွားလာနိုင်သည့် ဒေသများအား  ကိုဗစ်ကာလအလွန်၌ ခရီးသွားဧည့်သည်များ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်စေရန်အတွက် မြန်မာအပါအ၀င် နိုင်ငံပေါင်း(၅)နိုင်ငံမှ ပူးပေါင်းကာ သုတေသန စီမံကိန်းတစ်ခု ပြုလုပ်လျက် ရှိပေသည်။

အဆိုပါစီမံကိန်းသည် နိုင်ငံပေါင်း (၅) နိုင်ငံမှ ပူးပေါင်းကာ ဗိသုကာပိုင်းဆိုင်ရာမှ  ပူးပေါင်းဆောင်ရွက်သည့် သုတေသန စီမံကိန်းတစ်ခု ဖြစ်ပြီး ပါဝင်သည့် နိုင်ငံများမှာ

 

  • မြန်မာနိုင်ငံ

  • ထိုင်းနိုင်ငံ

  • ဘယ်လ်ဂျီယံနိုင်ငံ

  • ကိုရီးယားနိုင်ငံ

  • ဗီယက်နမ်နိုင်ငံ တို့ ဖြစ်သည်။

ကိုဗစ်ကာလ အလွန်တွင် New Normal ပုံစံဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်စေရန်အတွက် ဗိသုကာပညာပိုင်း ဆိုင်ရာ အားဖြင့် ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယင်း စီမံကိန်းအား ပြုလုပ်ခြင်း ဖြစ်သည်။

နိုင်ငံပေါင်း(၅) နိုင်ငံ ပါဝင်သည့် “ Resilient Local Tourism” ခေါင်းစဥ်ဖြင့် စီမံကိန်းအား ဆွေးနွေးညှိနှိုင်း ရေးဆွဲခဲ့ခြင်း ဖြစ်ပေသည်။အဆိုပါ စီမံကိန်းတွင် နိုင်ငံအသီးသီးရှိ တက္ကသိုလ် (၇) ခုမှ ပါမောက္ခများ ၊ ကျောင်းသား၊ ကျောင်းသူများမှ အွန်လိုင်းစနစ်ဖြင့် သုတေတနစီမံကိန်းကို ပူးပေါင်းရေးဆွဲနေခြင်း ဖြစ်သည်။

ထိုသို့ ရေးဆွဲမည့် စီမံကိန်းတွင် ဒေသတစ်ခုချင်းစီရှိ အဓိက အကြောင်းအရာ(၄) ခု ကို ဦးစားပေးကာ ဆောင်ရွက်သွားမည် ဖြစ်သည်။

ယင်းအကြောင်းအရာ (၄)ချက်မှာ ဒေသအလိုက် ထင်ရှားသည့် ရှေးဟောင်း အဆောက်အဦးများအား လေ့လာနိုင်စေရန် ၊ အများပြည်သူသွားလာနိုင်သည့် နေရာများတွင် စိတ်အေးချမ်းသာစွာ အနားယူစေနိုင်ရန်၊ နေ့စဥ်ဖြတ်သန်းသွားလာနေသည့် New Normal နှင့်အတူ သဟဇာတဖြစ်စွာ သွားလာနိုင်စေရန် နှင့် ဒေသတွင်းရှိ စီးပွားရေးလလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန် စသည့် အချက်များ ဖြစ်ပေသည်။

ထိုစီမံကိန်းအား (၂၀၂၁)ခုနှစ် ၊ မတ်လတွင် အပြီးသတ်ရေးဆွဲသွားမည် ဖြစ်ပြီး မန္တလေး နည်းပညာတက္ကသိုလ် မှ တာ၀န်ရှိသူများကလည်း စီမံကိန်းအတွက် လိုအပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ကောက်ယူပေးလျက် ရှိကြောင်း သိရသည်။

Ref:mrtv

Photo crd





 

Bookmark