မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကြံခိုင်မှုရှိစေရေးနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး တို့အတွက် မန္တလေးအတွင်းရှိ ခရိုင်များ၊ မြို့နယ်များ၊ ရပ်ကွက်များနှင့် ကျေးရွာများတွင် (၂၄.၁၁.၂၀၂၀) ရက်၊ (၂၅.၁၁.၂၀)ရက်နှင့် (၂၆.၁၁.၂၀၂၀) ရက် တို့တွင် ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းသို့ ဓာတ်အားလိုင်းများပိတ်၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ယနေ့(၂၄.၁၁.၂၀)ရက်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကြေညာချက် ထုတ်ပြန်ထားသည်။
ဓာတ်အားပြတ်တောက်မည့် မြို့နယ်များမှာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ပုသိမ်ကြီး၊အမရပူရ၊မတ္တရာ၊တကောင်း၊ကျောက်ဆည်၊စဥ့်ကိုင်၊တံတားဦး၊မိတ္ထီလာ၊သာစည်၊တောင်သာ၊မြင်းခြံ၊ညောင်ဦး၊ ကျောက်ပန်းတောင်း၊ရမည်းသည်းနှင့် ရန်အောင်မြို့နယ်တို့ ပါ၀င်မည် ဖြစ်သည်။
ထိုသို့ဓာတ်အားပြတ်တောက်မှု ပြုလုပ်ရခြင်းမှာ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ဓာတ်အား လိုင်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊Jumper Connection များ စစ်ဆေးပြုလုပ်ခြင်းများ ပြုလုပ်မည် ဖြစ်သောကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ ယနေ့ (၂၄.၁၁.၂၀)ရက်နေ့တွင် (၀၉း၀၀)မှ (၁၂း၀၀)နာရီ ၊(၀၉း၀၀)မှ(၁၄း၀၀)နာရီတို့တွင် အလှည့်ကျ ဓာတ်အားလိုင်းများ ပြတ်တောက်မည် ဖြစ်သဖြင့် အများပြည်များအား ကြိုတင်အသိပေး ပန်ကြားအပ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာထားသည်။