Mandalay Trend

ကျောက်ဆည်မြို့ ပလိပ်အင်းတွင်ကျက်စားသည့် ဆောင်းခိုငှက်များအား လာရောက်ကြည့်ရှုသူများနေ

Read 741 times

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်  ပလိပ်အင်း ရေတိမ်ဒေသတွင် ဆောင်းခိုငှက်များ အောက်တိုဘာလ ဒုတိယအပတ်မှ  စတင်ကာ လာရောက်ကျက်စား နေသည်ကို မြင်တွေ့ရပြီး  ယင်းဆောင်းခိုငှက်များကို လာရောက်ကြည့်ရှုသူ များပြားလျက်ရှိနေသည်။ 

ပလိပ်အင်းသည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့ အနောက် တောင်ဘက်တွင် တွေ့ရှိရပြီး ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့် (၈၉) ပေတွင် တည်ရှိသည်။ ရေတိမ်ပြီး သဘာဝအင်းအမျိုးအစား ဖြစ်ပြီး ကုန်းတွင်းရေတိမ်ဒေသ (Inland Wetland)၊ အင်းအိုင်(Pond) အမျိုးအစား အင်းတစ်ခု ဖြစ်ပါသည်။ 

ဆောင်းခိုငှက်များသည် နှစ်စဉ် ပလိတ်အင်းသို့ လာရောက်လေ့ ရှိကြပြီး ရှားပါးမျိုးစိတ် ငှက်များစွာလည်း လာရောက်ကျက်စားလေ့ရှိပါသည်။ ငှက်များစွာအပြင် လိပ်၊ ငါး အစရှိသည့် ရေနေသတ္တဝါများစွာသည်လည်း နေထိုင်ကျက်စားလေ့ရှိပါသည်။ 

နှစ်စဉ် ပလိပ်အင်းဒေသသို့ အဦးဆုံး ရောက်ရှိလာသော ဆောင်းခိုငှက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ယင်းတို့မှာ... 

  • တောငန်းရိုင်း(Greylag  goose)၊ 
  • ခရုတုတ်(Asian openbill)၊ 
  • ဟင်္သာ၊
  • ဥပန်းငှက်  (Oriental darter)၊ 
  • တစ်တီတူး (Grey headed lapwing)၊ 
  • မြီးညှောင့်ငှက် (White wagtail) နှင့် အတူ အခြားရှားပါးငှက်မျိုးစိတ်များ လည်းပါဝင်ကြောင်း သိရှိရသည်။ 

လိပ်အင်းအတွင်း ငှက်များအပြင် တခြားရေနေ သတ္တဝါ အမျိုးအစားများစွာကိုလည်း တွေ့ရှိနိုင်မှာ ဖြစ်ပါသည်။ ၎င်းမျိုးစိတ်များမှာ…

  • ရေငှက်မျိုးစိတ် ၃၇ မျိုး၊ 
  • အခြားငှက် မျိုးစိတ်ခုနစ်မျိုး၊ 
  • ငါးမျိုးစိတ်ရှစ်မျိုး 
  • ရေငှက်မျိုးစိတ် ၃၀၊ 
  • ရာသီ အလိုက် ပြောင်းရွှေ့ကျက်စားသည့်ဆောင်းခိုငှက် ၁၁ မျိုး နှင့် 
  • ဒေသမျိုးရင်း ငှက်မျိုးစိတ် ၁၉ မျိုး ကျက်စားကြောင်း သိရသည်။

အင်းအတွင်းတွင် ကြာလင်ပန်းများ ပေါများစွာ ပေါက်ရောက်ခြင်းနှင့်အတူ အခြားအပင်များ ဖြစ်သည့် ရေမှော်၊  ကနဖော့၊ ဟင်းချန်၊ ရေကန်စွန်း တို့လည်း ပေါက်ရောက်ကြောင်း သိရသည်။   

Ref: mrtv news 
 

Bookmark