Food and Drink Live-Style Mandalay Trend

မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် အသစ်စိုက်ပျိုးသော ဧရာမင်းစပါး စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

Read 566 times

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မျိုးစပါးများ ဖူလုံရေးအတွက် အသစ်ထပ်မံ  စိုက်ပျိုးထားသော စပါးမျိုးစိတ်များမှာ ဖြစ်ထွန်အောင်မြင်လျက်ရှိနေသည်။ 

မျိုးနယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်တောင်သူများ ပူးပေါင်းပြီး စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း (၆) ခုအတွင်းရှိ ကျေးရွာအုပ်စု (၃၃) အုပ်မှ တောင်သူ (၁၄၅)ဦး၏ မြေဧက (၆၁၆.၁၆) ဧကတွင် စိုက်ပျိုးထားရှိရာ အောင်မြင် ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။

ဧရာမင်း စပါးမျိုးစေ့စိုက်ပျိုးရေးများ ဖြစ်ထွန်းရေးအတွက် ကျောက်ဆည်မြို့နယ်မှ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးနည်းပညာပေးစခန်းအလိုက် တာဝန်ရှိသူများက စပါးစိုက်ခင်းများသို့ အပတ်စဉ် ကွင်းဆင်းပြီး တောင်သူများနှင့်ပူးပေါင်းကာ အပတ်စဉ် စစ်ဆေးလေ့ရှိကြောင်း သိရသည်။ 

ထိုကဲ့သို့ စစ်ဆေးရာတွင် အပင်ကြီးထွားနှုန်းနှင့် မျိုးပွားခြင်းများ တိုင်းတာခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းနှင့် မျိုးကွဲပယ်ခြင်း၊ ပိုးကျရောက်မှုများ စစ်ဆေးခြင်းနှင့် လိုအပ်သည့်အချိန်များတွင် မြေဩဇာ ကျွေးခြင်းနှင့် ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျှက်ရှိသည်။ 
မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ် စိုက်ရတာ စနစ်ကျတော့ ကုန်ကျမှုစရိတ်က မိရိုးဖလာစိုက်ပျိုးနည်းနဲ့ ယှဉ်လိုက်ရင် ကုန်ကျမှုစရိတ်မှာ အနည်းငယ်များသော်လည်း အပင်ဖြစ်နှုန်းကောင်းလို့ ထွက်နှုန်း ပိုများကြောင်း သိသာထင်ရှားနေပါသည်။ 

မျိုးစေ့အတွက်သီးသန့်စိုက်ပျိုးတာကြောင့် ရောင်းတဲ့အခါမှာ အခြားစပါးတွေ့ထက်စျေးပိုရတာကြောင့် စိုက်ပျိုးတဲ့ တောင်သူအနေနဲ့ တွက်ချေကိုက်ကြောင်း ညောင်ရွှေကျေးရွာမှ ဧရာမင်း မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ် စိုက်ပျိုး သည့် တောင်သူ များမှ ပြောကြားထားသည်။ 

Ref: MOI 
 

Bookmark