Mandalay Trend Live-Style

မန္တလေးတွင် ရှိသော မြို့နယ် (၇) ခုတွင် ရက်အကန့်သတ်ဖြင့် လျှပ်စစ်မီး ယာယီ ပြတ်တောက်မည်

Read 2640 times

မန္တလေးခရိုင်အတွင်းတွင် အောက်တိုဘာလ (၁၃) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့ထိ မြို့နယ် အလိုက်လျှပ်စစ်မီးယာယီ (၁၅) ရက်ပြတ်တောက် မည်ဖြစ်ကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (MESC) မှပြောကြားထားသည်။ 

(၂၀၂၀) ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ ခရိုင်နှင့်မြို့နယ်အလိုက် မန္တလေးတိုင်း လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းမှ ထရန်စဖော်မာများ စစ်ဆေးခြင်းနှင့် ဓါတ်အားလိုင်းများ ကြံ့ခိုင်မှု ရှိစေရန်စစ်ဆေးပြု ပြင်မှုများပြုလုပ်ပေးနေခြင်းဖြစ်သည်။

ယခုကဲ့သိူ့ ဓာတ်အား ယာယီပြတ်တောက်ရာတွင် တိုင်းဒေသကြီး တစ်ခုလုံးတွင် ပြတ်တောက်ခြင်း ဖဖြစ်စေပဲ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မယ့် ဧရိယာတွင်သာ ယာယီပြတ်တောက်မည် ဖြစ်ကြောင်း သတိပေးကြေညာထားသည်။

မန္တလေးခရိုင်အတွင်း တွင်အောက်ပါရက်များတွင် မီးယာယီပြတ်တောက်မည့် မြို့နယ်များကို ဖော်ပြထားသည်။ 
၎င်းမြို့နယ်များမှာ…

  • အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ၊ 
  • (၁၅) ရက်နေ့တွင်ခရိုင်အတွင်းရှိမြို့နယ် (၇) ခု ၊ 
  • (၁၆) ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ၊ 
  • (၁၇) ရက်နေ့တွင် အောင်မြေသာစံမြို့နယ် ၊ 
  • (၁၉) ရက်နေ့တွင် ပြည်ကြီးတံခွန်နှင့်အောင်မြေသာစံမြို့နယ် ၊ 
  • (၂၀) ရက်နေ့တွင် ပုသိမ်ကြီး ၊ အောင်မြေသာစံ ၊ မဟာအောင်မြေနှင့်ချမ်းအေးသာစံမြို့နယ် ၊
  • (၂၁) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် ၊
  • (၂၂) ရက်နေ့တွင် အောင်မြေသာစံ ၊ ပုသိမ်ကြီး ၊ မဟာအောင်မြေ ၊ ချမ်းအေးသာစံ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ 
  • (၂၃) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် ၊ 
  • (၂၄) ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ၊
  • (၂၅) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် ၊
  • (၂၇) ရက်နေ့တွင် အောင်မြေသာစံနှင့်ချမ်းအေးသာစံမြို့နယ် ၊
  • (၂၉) ရက်နေ့တွင် ချမ်းအေးသာစံနှင့်ချမ်းမြသာစည်မြို့နယ် ၊ 
  • (၃၁) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်များ၌ နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီအထိ လျှပ်စစ်မီးယာယီ ပြတ်တောက်မည်ဖြစ်သည် ။

ယင်းသို့ပြုလုပ်ရာတွင် ထရန်စဖော်မာအိုးများအားပိတ်၍ လျှပ်စစ်လိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်ခုတ်ခြင်း၊ ကြွေသီးလဲလှယ်ခြင်း၊ ဓာတ်အားလိုင်း အဆင့်မြင့်တင်ခြင်းများ ဆောင်ရွက်နေခြင်းတို့ကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခြင်းဖြစ်သည် ။

Ref: မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (MESC)

Bookmark