Live-Style Shopping & Promo

ကိုဗစ်ကာလအတွင်း တကမ္ဘာလုံးမှာ အွန်လိုင်းစီးပွားရေး လုပ်ငန်းအသုံးပြုသူ (၂) ဘီလီယံကျော် တိုးလာ

Read 346 times

ကမ္ဘာ့ကပ်ရောဂါ ရောဂါကူးစက်ဖြစ်ပွားနေစဉ်မှာ တစ်ဝန်းရှိ   သန်းချီတဲ့   ဈေးဆိုင်တွေဟာ ၎င်းတို့ရဲ့  ပုံမှန်မိရိုးဖလာ စီးပွားရေးလုပ်ငန်းတွေကို ရှင်သန်အောင်   လိုက်လျောညီထွေ ပြောင်းလဲလာတဲ့ အနေနဲ့  အွန်လိုင်းကနေ ပြောင်းလဲ ရောင်းချလာကြပါတယ်။
 
အဲ့လို စွန့်စားပြီး  ပထမဆုံးအနေနဲ့ စီးပွားရေး လုပ်ငန်းတွေက ပြောင်းလဲ လုပ်ဆောင်လာတဲ့အခါမှာတော့  တစ်ကမ္ဘာလုံးရဲ့ အွန်လိုင်းအသုံးပြု  ကုန်သွယ်စီးပွားရေး လုပ်ငန်း အသုံးပြုသူပေါင်း (၂) ဘီလီယံထိ  တိုးတတ် ကြီးထွားလာပါတယ်။

COVID-19 ရောဂါ ဖြစ်ပွားနေတဲ့အခါမှာ  လူတွေဟာ ရောဂါ ကူးစက်မှုကို တာဆီးကာကွယ်ဖို့ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေက လူတွေကို အိမ်မှာနေဖို့ဖြစ်လာ စေတဲ့အတွက်   အွန်လိုင်းအသုံးပြု   ကုန်သွယ်စီးပွားရေး ကဏ္ဍဟာ အကြီးမားဆုံးအောင်မြင်မှု  တစ်ခုဖြစ်လာ ပါတယ်။အွန်လိုင်းမှာ တစ်ခါမှ ဈေးမဝယ်ဖူးတဲ့ လူသန်းပေါင်း (၁၀၀) ကျော်တောင်မှ အခုဆိုရင်တော့ ပုံမှန် ဈေးဝယ်နေသူတွေ ဖြစ်နေကြပါပြီ။ 
 
ရောဂါစတင်ဖြစ်ပွားချိန်မှာတော့ နှာခေါင်းစည်း၊ ဗက်တီးရီးယား ပိုးသတ်ဆေးရည်၊ အပူချိန်တိုင်းကိရိယာ နဲ့   အောက်ဆီဂျင်တိုင်းစက်တွေကတော့ ထိပ်တန်းဦးစားပေး ရောင်းချရတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် နောက်ပိုင်းမှာ တခြားကုန်ပစ္စည်းတွေကို  ဝယ်ယူမှုနှူန်းတွေပါ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

အွန်လိုင်းဝန်ဆောင်မှု မကောင်းခြင်းနဲ့ ဝန်ဆောင်မှု မရှိခြင်းတို့ကြောင့်   တချို့စီးပွားရေးလုပ်ငန်း များကတော့ ရေရှည် လုပ်ဆောင်နိုင်မှု မရှိပဲ ဒေဝါလီခံသွားရတာလည်း    ရှိပါတယ်။ ဒါပေမယ့် အွန်လိုင်းစီးပွားရေးဟာ စီးပွားရေးအတက်အကျ ဖြစ်စဉ်အတွင်း အလုပ်အကိုင် ဆုံးရှုံးသွားသူများအတွက် လည်း အလုပ်အကိုင်သစ်များကို ဖန်တီးပေးတဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။ 
 
ပစ္စည်းပို့ဆောင်တဲ့ နေရာမှ လုပ်ကိုင်နေတဲ့ သူတွေကလည်း ပစ္စည်းလိုက်ပို့ရတာက အခက်အခဲတွေ ရှိတာမှန်ပေမယ့် အခြား အလုပ်တွေထက် အတော်လေးကောင်းတယ်လို့ လက်ခံထားကြပါတယ်။ အခုဆိုရင်  အွန်လိုင်းစီးပွားရေးလုပ်ငန်းဟာ အသုံးပြုသူပေါင်း (၂) ဘီလီယံအထိ တိုးတတ်၊ ကြီးထွားလာ နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ 
 
Ref: https://sleeknote.com/blog/online-shopping-statistics 
 

 

Bookmark