အခုလို Stay Home ကာလမှာ အိမ်မှာနေရင်း မိသားစုနဲ့ အတူတူ မုန့်ကောင်းကောင်းလေးတွေ လုပ်စားပြီး မိမိရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေမယ့် စိတ်ညစ်စရာ အကြောင်းအရာ တွေကနေ ဝေးဝေးနေ သင့်တဲ့ အချိန်ဖြစ်နေပါ။
အဲ့ဒါကြောင့် အိမ်မှာရှိတဲ့ ဟင်းချက်ပစ္စည်းတွေကို အသုံးပြုပြီး သက်သတ်လွတ်အာလူးဟင်း နှစ်သက်သူတွေ အတွက်လဲ သင့်တော်မယ့် အာလူးထောင်း ကြော်နည်းကို ပြောပြပေးပါမယ်။
ပါဝင်ပစ္စည်း
အာလူး - ၃၀ သား
ကြက်သွန်နီ - ၅ ကျပ်သား
ကြက်သွန်ဖြူ - ၄ မွှာ
ငရုတ်သီးစိမ်း - ၆ တောင့်
ပျဉ်းတော်သိမ် - ၁ ခက်
ချင်း - အနည်းငယ်
ငါးငံပြာရည် (သို့) ပဲငံပြာရည်အကျဲ - စားပွဲဇွန်း ၁ ဇွန်း
နနွင်းမှုန့် - အနည်းငယ်
ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အသားမှုန့် (သို့) - စားပွဲဇွန်း ၁/၃ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းရွက်မှုန့် - စားပွဲဇွန်း ၁/၃ ဇွန်း
ဆီ - အနည်းငယ်
အာလူးထောင်းကြော်ကို ပြုလုပ်မယ်ဆိုရင် ပထမဆုံး အနေနဲ့ အာလူး (၃၀) သားကို အရင်ဆုံး နူးနေအောင်ပြုပ်ပါ။ ပြီးရင် အာလူးကို အအေးခံပြီး အခွံ့ခွာရပါမယ်။ အဲ့ဒါပြီးရင်တော့ အာလူးကို ကြေအောင်ထောင်းပေးဖို့ လိုပါတယ်။ ဒါမှမဟုတ် ကြိတ်စက်ရှိမယ် ဆိုရင်လည်း စက်ကို အသုံးပြုပြီး ကြေညက်အောင် ခြေထားပါ။
အာလူးကို ကြေညက်အောင် ထောင်းပြီးပြီ ဆိုရင်တော့ ဟင်းခက် အမွှေးအကြိုင်တွေ ဖြစ်တဲ့ ကြက်သွန်နီ/ဖြူ၊ ချင်း၊ ငရုပ်သီးစိမ်းတို့ကို ညက်အောင် ထောင်းထားပါ။ ပျဉ်တော်သိမ်အရွတ်ကို ခြွေပြီး ရေဆေးထားဖို့ လိုပါလိမ့်မယ်။
ပြီးရင် ချက်မယ့်အိုးကို ဆီပူရင် အသင့်လှီးထားတဲ့ ကြက်သွန်နီ/ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ နန္ငင်းမှုန့်နဲ့ ငရုတ်သီးစိမ်းမှုန့်ကို ဦးစွာထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ငံပြာရည်၊ ဆား၊ အသားမှုန့်တို့ကို ထည့်ပြီး နှံ့အောင်မွှေပေးပါ။
ဆီသတ်ထားတာ အနံ့မွှေးလာရင် ထောင်းထားတဲ့ အာလူးများကိုထည့်ပြီး နှံ့အောင်မွှေပေးပါ။ အားလုံးနှံ့သွားရင်တော့ နောက်ဆုံးမှာ ပျဉ်းတော်သိမ်အရွက်လေးများကို အပေါ်ကနေ အုပ်လိုက်ပါ။ ပျဉ်းတော်သိမ် အနံ့မွှေးမွှေးလေးနဲ့ အားလူးအစပ်ထောင်းကြော် ဟင်းလျာလေးကို နှစ်သက်ကြမှာပါ အသေအချာပါပဲ။