မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံ နှစ်နိုင်ငံ တို့၏ ချစ်ကြည်ရေးအဖြစ် နိုင်ငံ နှစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ပူးပေါင်း၍ ဖျော်ဖြေပွဲများကို နှစ်စဉ်ကျင်းပလျက် ရှိနေရာမှ ယခုနှစ် အတွက်တော့ ရုပ်သံလိုင်းများမှ တစ်ဆင့် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ယင်းကဲ့သို့ ထုတ်လွှင့်ရာတွင် အောက်တိုဘာလ (၉) ရက်နေ့တွင် ထုတ်လွှင့်သွားမည် ဖြစ်ပြီး အချိန်အားဖြင့် ညနေ (၅) နာရီတွင် မြန့်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် ၎င်းချစ်ကြည်ရေးပွဲအား တခြားရုပ်သံလိုင်းများမှ တစ်ဆင့် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ ထုတ်လွှင့်သွားမည့် မီဒီယာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မြန်မာ့ရုပ်မြင် သံကြား
မြန်မာ့အသံရေဒီယိုတို့မှ
MRTV Facebook Page
MRTV Live
MOI Webportal Myanmar Facebook Page နှင့်
Myanmar Digital News Facebook Page တို့မှလည်း ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်းမှ အထူးဖျော်ဖြေပေးမည့် သူများမှာ မြန်မာနိုင်ငံမှ အဆိုတော်များ ဖြစ်သည့် နီနီခင်ဇော်နှင့် ဘီလီလမင်းအေး တို့ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ကိုရီးယား ရိုးရာအကအလှများဖြင့် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင် မော်ဒယ်တစ်ယောက် ဖြစ်တဲ့ ခါရာနဲ့ အတူ မော်ဒယ် အေးချမ်းမိုးတို့က အစီအစဉ် တင်ဆက်သူများ အဖြစ် ပါဝင်ကူညီပေးသွားမှာ ဖြစ်ပါတယ်။
ရုပ်သံလိုင်းများဖြစ်သည့် မြန်မာ့ ရုပ်မြင်သံကြား၊ MRTV Facebook page၊ နှင့် MRTV Live တို့တွင် အောက်တိုဘာလ (၉) ရက်နေ့ ညနေ (၅) နာရီတွင် ပြသသွားမည် ဖြစ်ပြီး ညနေ (၅) နာရီ (၄၅) အချိန်တွင် ထုတ်လွှင့်မှု ပြီးမည် ဖြစ်ပါသည်။ MOI Webpotrtal Myanmar Facebook Page နှင့် Myanmar Digital News Facebook Page တွင်တော့ ညနေ (၆) နာရီမှ စတင်ကာ ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။