Event & Entertainment Mandalay Trend Movies

မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသားကြီး ဝင်းဦး

Read 972 times

စွယ်စုံရမင်းသားကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဝင်းဦးဟာဆိုရင် မွေးချင်းကိုးယောက် ရှိခဲ့ပြီး အကြီးဆုံးက မိန်းကလေး တင်တင်ဦးပါ။ ကျန်တဲ့ ညီအကို၊ မောင်နှမတွေကတော့ (ကိုကျော်ဝင်း)ဝင်းညွန့်၊  (ကိုကိုဦး) ဝင်းဦး၊ (ကိုအုန်းကြိုင်) အောင်မိုး၊ ကြည်ရွှင်၊  စိုးညွန့်၊  အေးညွန့်၊   သန်းကျော်ညွန့်နဲ့ အငယ်ဆုံးက     မာလာညွန့် ဖြစ်ပါတယ်။

ဝင်းဦးကို အများစုက ရုပ်ရှင်အကယ် ဒမီမင်းသား၊   အဆိုတော်အဖြစ်နဲ့ သိကြပါတယ်။ ဒါပေမယ့် ဝင်းဦးဟာ ကိုကိုဦးအဖြစ်နဲ့ တပ်မတော်အရာရှိဘဝတွင် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးအောင်ဒင် (ငြိမ်း-အား/ကာ) တို့နဲ့အတူ  ရှေ့တန်းတွင်  တိုက်ပွဲဝင်ခဲ့သူပါ။ ဗိုလ်ကြီးဘဝအထိ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ 

နောက်တော့   ရုပ်ရှင်မင်းသား၊  အဆိုတော်၊  စာရေးဆရာ၊ ဒါရိုက်တာ၊  ပြဇာတ်မင်းသား၊ မဂ္ဂဇင်းထုတ်ဝေသူ (စန္ဒာမဂ္ဂဇင်း)   မြန်မာနိုင်ငံအလေးမနှင့်  ကျွမ်းဘား အဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ်  တာဝန်ယူခဲ့သူ တစ်ယောက် ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်လို နားရက်မျိုးမှာပါ သူ့ရုံးခန်းကို ဆရာမြသန်းတင့်၊ ဦးကျော်အောင်၊ ဆရာမင်းကျော်၊ စန္ဒရားလှထွဋ် တို့ကိုဖိတ်ပြီး သူတို့ဆီကနေ ပညာဆည်းပူး တတ်ပါသေးတယ်။ 

ရုပ်ရှင်လောကထဲရောက်ဖို့     တွန်းအားပေးခဲ့တာ ဒေါ်တင်တင်မူ (ရုပ်ရှင်မင်းသမီး)နှင့်  ရှုမဝဦးကျော်တို့ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်လောက ထဲကို ရောက်ပြီး မကြာခင် လျှမ်းလျှမ်းတောက် မင်းသားတစ်ယောက် ဖြစ်လာပါတယ်။ 

ဝင်းဦးရဲ့ အခုတိုင်အောင် မရိုးတဲ့ ဂန္ဓာဝင်မြောက်တဲ့ ဇတ်ကားတွေဖြစ်တဲ့

  • နှစ်ယောက်ထဲ နေချင်တယ်၊  
  • ဆောင်း အိပ်မက်၊  
  • အတွယ်အတာ၊
  • မောင်တို့ ချယ်ရီမြေ၊
  • ကျောက်မဲအကျဉ်းသား၊
  • တိမ်လွှာမို့မို့လွင်၊
  • တစ်ကျော့ နှစ်ကျော့ တေးကိုသီ၊  
  • မှုံရွှေရည် နဲ့ 
  • ခိုင်မာလာ နှင်းဆီ  ဇာတ်ကားများကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ 

မြန်မာ့ရုပ်ရှင်ဟာ နှစ် (၁၀၀) တိုင်သော်လည်း မင်းသားကြီး ဝင်းဦးကတော့ နှစ်ပေါင်းများစွာတိုင်အောင် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ 
 

Bookmark