Travel Mandalay Trend

မန္တလေးမြို့၏ အထင်ကရ ဈေးတစ်ခုဖြစ်သော ဈေးချိုအကြောင်း

Read 848 times

By Thant 

မန္တလေး‌စျေးချိုသည် အထက်မြန်မာပြည်မှာ အကြီးဆုံး‌စျေးတစ်ခုဖြစ်ပြီး မင်းတုန်းမင်းလက်ထက်လောက် ကတည်းက ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေးအကျဆုံး စေ◌ျးတစ်ခုဖြစ်ပါတယ်။ 

၁၉၉၀ ခုနှစ်မှာ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် အဆောက်အဦးများကို ပြန်လည်မွန်းမံခဲ့သည်။ အသစ်ပြန်လည်တည်ဆောက်ထားသော ဈေးချိုတွင် အဆောက်အအုံ (၈) ခုပါရှိပြီး (၇) ခုကတော့ ယခင်အဟောင်းကို ပြန်လည်ပြုပြင်ထားခြင်းဖြစ်ပြီး အထပ် (၄) ထပ်စီပါရှိသည်။ ကျန်အဆောက်အအုံ (၁) ခု ကိုသာ အထပ် (၆) ထပ်ဖြင့် အသစ်ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 

ဈေးချိုမှာ ဈေး၀ယ်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက ပစ္စည်းတွေသာမက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် အိန္နိယနိုင်ငံမှ တင်သွင်းသော ပစ္စည်းများကိုလည်း ရရှိနိုင်မှာဖြစ်ပါသည်။  လက်လီ၊ လက်ကားရောင်း၀ယ်တဲ့ ဈေးဖြစ်တာကြောင့် တခြားဈေးတွေမှာ ဈေး၀ယ်ခြင်းထက် ပိုမို သက်သာတာကို တွေ့ရနိုင်ပါသည်။ 

နိုင်ငံခြားသားခရီးသွားများနှင့်  ပြည်တွင်းလည်ပတ်သူများကတော့ ချိတ်လုံချည်၊ ချည်ထည်အဝတ်အစား၊ လက်ဖက်၊ ထိုးမုန့် နှင့် ကျောက််မြတ်ရတနာတို့ကို ဈေးချိုတွင်အဓိကထားဝယ်ယူကြသည်ကို တွေ့ရသည်။ 

ဈေးချိုတွင် စုစုပေါင်းဆိုင် ၃၀၀၀ ကျော်ရှိပြီး ဈေးချိုအတွင်းရှိ ယခင်က ရတနာဘုံဈေးဟုခေါ်သော Diamond Plaza သည် မန္တလေးမြို့လယ်ရှိ နာရီစင်ဘေးတွင်တည်ရှိနေသည်။ ထိုအဆောက်အဦးတွင် မြန်မာ့လက်မှုပညာ လက်ရာများ နှင့် ယဥ်ကျေးမှု အနုပညာ ပစ္စည်းများကိုလဲ ၀ယ်ယူရရှိနိုင်ပါသည်။ 

Reference: www.travelfish.org 

Bookmark