By Thant
မန္တလေးတိုင်းအတွင်းရှိ သမိုင်းဝင်အဆောက်အအုံများ တည်ရှိရာ မြို့ (၇) မြို့ အကြောင်းကို အောက်တွင် ဖော် ပြပေးထားပါသည်။
၁။ အောင်မြေသာဇံမြို့နယ်
မန္တလေးမြို့၏ အထင်ကရ ရှေးဟောင်းအဆောက်အဦးများစွာ တည်ရှိရာမြို့ဖြစ်သည့် အောင်မြေသာဇံမြို့နယ်တွင် အတုမရှိကျောင်း၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်နှင့် တခြားသော သမိုင်းဝင် အဆောက်အဦးများစွာလည်း ရှိပေသည်။ ကုသိုလ်တော်ဘုရားနှင့် အတုမရှိကျောင်းတို့သည် မင်းတုန်းမင်းလက်ထက်တော် ကတည်းက တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးမြို့၏ အထွတ်အမြတ်ထားရာ မန္တလေးတောင်သည်လည်း အောင်မြေသာဇံမြို့တွင် တည်ရှိသည်။
၂။ အမရပူရမြို့နယ်
အမရပူရမြို့သည် ဘိုးတော်ဘုရားလက်ထက်က တည်ထောင်ခဲ့သော မြို့တစ်မြို့ ဖြစ်ပြီး တောင်ငူခေတ် ကာလ၌ မြန်မာနိုင်ငံ၏ အဓိက မြို့တော် (၂) ကြိမ်တိုင်တိုင် ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ မန္တလေးမြို့ကြီး၏ အဓိက မြို့တစ်မြို့ အဖြစ် ရပ်တည်လျက်ရှိသည်။ မဟာဂန္နာရုံကျောင်းတိုက်၊ နဂါးရုံဘုရားနှင့် မဟာဝေယံဘုံသာဗားကရာ စသည့် သမိုင်းဝင်အဆောက်အအုံတို့ တည်ရှိရာ မြို့လည်း ဖြစ်သည်။
၃။ တံတားဦးမြို့နယ်
တံတားဦးမြို့နယ်သည် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများတည်ရှိရာ အင်းဝမြို့ဟောင်း နှင့် ပင်းယမြို့ဟောင်းတို့ ၏ တည်ရှိရာနေရာ ဖြစ်ပေသည်။ အင်းဝမြို့ဟောင်း သည် ၁၄ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ပင်းယမြို့ဟောင်းသည်လည်း သီဟသူမင်းလက်ထက် ၁၃၁၃ ခုနှစ်ခန့်လောက်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဝိဇရပူရ ဟု ခေါ်တွင်ခဲ့ကြသည်။ ပင်းယခေတ်၏ မြို့တော်ဖြစ်ခဲ့သောကြောင့် နောက်ပိုင်းတွင် ပင်းယမြို့ဟု ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။
၄။ ကျောက်ဆည်မြို့နယ်
ကျောက်ဆည်မြို့သည် မန္တလေးတိုင်း၏ အနီးတွင် တည်ရှိပြီး ကျောက်ဆည်ဆင်အကဖြင့် နာမည်ကျော်ကြားသော မြို့တစ်မြို့ဖြစ်သည်။ သမိုင်းဝင်အဆောက်အအုံများ တည်ရှိရာ မြင်စိုင်းမြို့ဟောင်း၏ တည်နေရာလည်းဖြစ်သည်။ မြင်စိုင်းမြို့အား အနော်ရထာမင်းလက်ထက်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။
၅။ စဥ့်ကိုင်မြို့နယ်
စဉ့်ကိုင်မြို့သည် ကျောက်ဆည်မြို့နှင့် အနီးအနား မန္တလေးနှင့် မနီးမဝေးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ပလိပ်ဒေသ ရှေးဟောင်းအဆောက်အအုံ တစ်ခုရှိပြီး ရှေးဟောင်းလက်မှုပညာများကို မြင်တွေ့နိုင်သည်။ ရတနာလာဘ်လာဘမုနိဆုတောင်းပြည့်မြွေဘုရား၊ ဗန်းမော်ကျောင်း၊ ကျိတ်ကုန်းကျောင်း၊ ပါဋလိကျောင်း၊ ဗောဓိကျောင်း၊ လေးထပ်ကျောင်းနှင့် နောက်တော်ပါကျောင်းတို့ တည်ရှိရာမြို့လည်း ဖြစ်သည်။
၆။ မြစ်သားမြို့နယ်
မြစ်သားမြို့သည် ရွာပေါင်း ၂၂၇ ရွာနှင့် ရပ်ကွက် ၆ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ ဖြစ်သည်။ မိုင်းမော်မြို့ဟောင်း (သို့) ပင်လယ်မြို့ဟောင်းတည်ရှိရာမြို့လည်း ဖြစ်သည်။ ဤမြို့ဟောင်းကို ၁၉၆၅ ခုနှစ်လောက်က ကျောက်ဆည်လွင်ပြင်ကို ကောင်ကင်ဓာတ်ပုံဖြင့် ကြည့်ရှုရာမှ ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။ မြနဒီကျောက်စာအား ရှာဖွေတွေ့ရှိခဲ့သော နေရာတစ်ခုလည်း ဖြစ်သည်။
၇။ နွားထိုးကြီးမြို့နယ်
မြင်းခြံမြို့အနီးရှိ နွားထိုးကြီးမြို့နယ်ကို ယခင်က နွားဓိုလ်ဟုခေါ်ရာမှ နွားထိုးအဖြစ်ပြောင်းလဲကာ ယခုအခါ နွားထိုးကြီးမြို့ဟု ခေါ်ဆိုခြင်းဖြစ်သည်။ဝတီးမြို့ဟောင်းတည်ရှိရာ မြို့တစ်မြို့လည်းဖြစ်သည်။ ဝတီးမြို့ဟောင်းအား ၂၀၁၄ ခုနှစ်ဝန်းကျင်ခန့်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဝတီးလူမျိုးတို့ နေထိုင်ခဲ့ရာ ဒေသဟုလဲ ရှေးဟောင်းသုသေသန ပညာရှင်များက ဖောပြထားခဲ့ကြသည်။
Reference: mandalayregion.gov.mm