By Thant
ဂျပန်နိုင်ငံရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့ ဆူရှီကို အရသာရှိရှိ စားသုံးနိုင်မယ့ မန္တလေးမြို့တွင်းက အကောင်းဆုံး Japan Sushi ဆိုင် (၄) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Sushi Bar
Sushi Bar ရဲ့ ထူးခြားချက်ကတော့ ဂျပန်ရိုးရာ ထမင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီဆိုင်လေးမှာ ရနိုင်မယ့် ထမင်းက ပုံမှန်စားနေကျ ထမင်းနဲ့မတူပဲ ထူးထူးခြားခြား ဂျပန်ဆန်နဲ့ ချက်ထားတာဖြစ်ပြီး ရေဓာတ် ၆၀ ရာခိုင်နှုန်း ပါ၀င်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ဂျပန်ရိုးရာ အစားအသောက်များအပြင် ကိုရီးယား ကင်ချီကိုလဲ အရသာမျိုးစုံ ရရှိနိုင်ပါတယ်။ အခုလို အချိန်မှာ ဆိုင်မှာသွားစားရမှာ အဆင်မပြေတဲ့သူတွေအတွက်လဲ မန္တလေးမြို့တွင်းကို Foodpanda, Mandalay Door To Door စတဲ့ Delivery Service တွေနဲ့မှာစားလို့ရအောင် စီစဉ်ပေးထားပါတယ်။
လိပ်စာ - (၃၂) လမ်းမကြီးပေါ်၊ (၆၈)လမ်းနဲ့ (၆၉) လမ်းကြား၊ မန္တလေးမြို့။
ဖုန်း - 09 955 552 700
၂။ Samurai Sushi
ဒီဆိုင်လေးကတော့ တခြားမြင်ဖူးနေကြ Sushi ဆိုင်တွေနဲ့ မတူပဲ ဂျပန်ရိုးရာ အိမ်လေးသဖွယ် ဆောက်လုပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်းဒီဇိုင်းကိုလဲ ဂျပန်းရိုးရာ ဒီဇိုင်းအတိုင်း ဆောက်လုပ်ထားပြီး လူငယ်တွေအတွက်တော့ ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလေးတစ်ခုပါပဲ။
Samurai Sushi ဟာ ယခုကာလအတွင်းကို မန္တလေးမြို့တွင်း ပို့ဆောင်ခ မယူပဲ အိမ်တိုင်ရာရောက် ပို့ပေးနေတာ ဖြစ်ပြီး ဆိုင်ကို သွားရတာ အဆင်မပြေဘူးဆိုရင် ဖုန်းဆက်ပြီး မှာယူနိုင်ပါတယ်။
လိပ်စာ - (၈၅) လမ်းပေါ်၊ လမ်း (၄၀) နဲ့ (၄၁) လမ်းကြား၊ မန္တလေးမြို့
ဖုန်း - 09 430 669 07
၃။ Sushi Queen
Sushi Queen ဆိုင်လေးကတော့ Sushi တစ်မျိုးတည်း ရရှိနိုင်တဲ့ ဆိုင်မျိုးမဟုတ်ဘဲ ဂဏန်းထမင်း၊ ကင်ချီဟင်းရည်၊ တော့ပိုကီ၊ တန်ပူရာကြော်အစုံ စတဲ့ အစားအစာတွေကိုပါ အစုံအလင်ရရှိနိုင်တဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်ပဲ ဖြစ်ပါတယ်။
စားစရာတင် အစုံအလင်ရနိုင်တာ မဟုတ်ပါဘူး၊ သောက်စရာမျိုးစုံကိုလည်း တစ်နေရာတည်းမှာပဲ ရနိုင်ပါတယ်။ ဆိုင်အပြင်အဆင်နဲ့ ပတ်သတ်ပြီး နံမည်ကြီးတဲ့ ဆိုင်မျိုးမဟုတ်ပဲ အစားအသောက် အရသာကောင်းတာကြောင့် လူကြိုက်များတဲ့ ဆိုင်တစ်ဆိုင်ပါ။
လိပ်စာ - (၃၇) လမ်းမပေါ်၊ (၇၃) လမ်းနဲ့ (၇၄)လမ်းကြား၊ မန္တလေးမြို့
ဖုန်း - 09 890 540 891
၄။ Daiichi Sushi MDY
Daiichi Sushi ဆိုင်လေးကတော့ ဆူရှီအမျိုးအစား အစုံအလင်ရရှိနိုင်တဲ့အပြင် ခေါက်ဆွဲမျိုးစုံကိုလဲ ရရှိနိုင်ပါသေးတယ်။ ဒီဆိုင်ရဲ့ အဓိကထူးခြားချက်ကတော့ လက်လုပ်ရေခဲမုန့်ပဲ ဖြစ်ပါတယ်။ ဆူရှီ စျေးနှုန်းကလည်း အရမ်းတန်တာမို့ လူကြိုက်များတဲ့ ဆိုင်တစ်ဆိုင်ပါပဲ။
ဆိုင်နေရာက ကျယ်ဝန်းတာကြောင့် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုလိုက်ပဲဖြစ်ဖြစ် စားသောက်နိုင်ပါတယ်။ ဆိုင်မှာ စားရတာ အဆင်မပြေတဲ့ သူတွေအတွက်လည်း ဆိုင်ကနေ Delivery စီစဉ်ပေးထားပါသေးတယ်။
လိပ်စာ - (၇၆) လမ်းမပေါ်၊ (၂၇) လမ်းနဲ့ (၂၈) လမ်းကြား၊ မန္တလေးမြို့
ဖုန်း - 09 201 2260
မန္တလေးမြို့တွင်းရှိ တခြားဂျပန်စားသောက်ဆိုင်များကို သွားချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ စားသောက်ဆိုင် ( ၁၉ ) ဆိုင်ကို ဖော်ပြပေးထားပါတယ်။