Things to do in Mandalay

30 st festival

Read 615 times

30-inလမ်း ၃၀ ဘုရားပွဲ

 

ဆောင်းရာသီသည် ပွဲတော်ရာသီဖြစ်သည်နှင့်အညီ ပွဲတော်များ လှိုင်လှိုင်ကျင်းပလေ့ရှိပါသည်။ မန္တလေးမြို့ကြီးတွင်လည်း ဆိုရိုးစကားဖြစ်သော ဘုရားပွဲအစ ၊ ဘုရားသုံးဆူက ဟုဆိုသည့်အတိုင်း ၊ ဘုရားသုံးဆူ ပွဲတော်အားကျင်းပရန် ရောက်ရှိနေကြသော ဆယ့်နှစ်ပွဲ ဈေးရောင်းသူများအား ၂၉ လမ်းနှင့် လမ်း ၃၀ မှစ၍ ၃၃လမ်း အလွန်အထိ တွေ့နိုင်သည်။

 

ဘုရားပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့တွင် ကျင်းပလေ့ရှိသော်လည်း၊ တစ်လခွဲလောက် အလိုမှ စ၍ ဈေးများစတင် ရောင်းချလေ့ရှိကြသည်။ ဘုရားသုံးဆူပွဲအား တရားပွဲ ကျင်းပပြီးနောက်တွင်မှ ၊ အငြိမ့်ပွဲများနှင့် ဗုံအကြီး နှစ်လုံးအပါအဝင် အခြားတူရိယာပစ္စည်းနှင့်တွဲဖက် တီးခတ် ဖျော်ဖြေသော စည်တော်ကြီးပွဲများလည်း ကျင်းပလေ့ရှိသည်။

 

ပွဲဈေး မုန့်များဖြစ်သော မုန့်လင်မယား ၊ မုန့်သိုင်းခြုံ၊ ဆပ်သွားဖူးမုန့်၊ မုန့်ပျားသလက် ၊ ကောက်ညှင်းကျည်တောက်၊ မုန့်ပေါင်း၊ မုန့်ပေါက်ကြော်၊ မုန့်ဆီကြော်၊ ကြာဆံကြော် ၊ ခေါက်ဆွဲကြော်တို့အပြင် ပုစွန်ကြော်ကဲ့သို့သော အကြော်များလည်း ဝယ်ယူနိုင်သည်။ ထို့ပြင် အိုးပုတ် ရောင်းချသောဆိုင်များအားလည်း ပွဲဈေးနေရာ အနှံ့တွင် တွေ့ရှိနိုင်သည်။ ထိုအိုးပုတ်ဆိုင်များတွင် အရောင်အသွေးစုံလင် လှပသော ကလေး ကစားစရာ အိုးပုတ်မှစ၍ စုဘူးများ နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်အမီ ဆီမီးထွန်းညှိပူဇော်နိုင်သော ဆီမီးခွက်လေးများအား ချိုသာသော ဈေုးနှုန်းဖြင့် ဝယ်ယူရရှိနိုင်သည်။

                                                                                                  

Bookmark