ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတွေဟာ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုနဲ့ တိုက်ရိုက်ပတ်သတ်နေတယ်ဆိုတာ သိပါသလား
အချို့ကလေးငယ်တွေဟာ ငယ်စဉ်အချိန်မှာကတည်းက တတ်သိလိမ္မာလာကြပြီး အသိတရားလေးတွေနဲ့ ကိုယ့်တာဝန်ကိုယ် ယူတတ်လာကြပါတယ်
အချို့ကလေးငယ်တွေမှာတော့ မနိုင်စိန်လေးတွေလို့ မေမေ ဖေဖေတို့ပါးစပ်က ရေရွတ်ပြီး အလိုလိုက်ပေးထားကြရတဲ့ အခြေအနေလေးတွေရှိကြပါတယ်။
သူတို့လေးတွေ ကြီးပြင်းလာကြပြီး အချိန်တန်အရွယ်ရောက်လာကြတဲ့အခါ ပညာအရည်အချင်း ၊ ခံယူချက် အသိဥာဏ်ပညာ၊ တာဝန်ယူလိုစိတ် စတဲ့အကြောင်းအရာတွေနဲ့အတူအပြောအဆို အနေအထိုင်တွေက အစ မတူကွဲပြားသွားကြတာကို မြင်ဖူး ကြုံဖူးကြမှာပါ
ဒါဟာ ဘယ်ကနေ မြစ်ဖျားခံလာသလဲလို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါ အရမ်းကိုငယ်ရွယ်လွန်းတဲ့ (၅)နှစ်မတိုင်ခင်အချိန်လေးတွေမှာ ကလေးငယ်တို့ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ တစ်သက်စာ သက်ရောက်မှုလေးတွေကနေ စတင်ခဲ့တာပါပဲ။
ဒါကြောင့်မို့ မေမေ ဖေဖေတို့ရဲ့ ချစ်လှစွာသော ရင်သွေးငယ်လေးတွေကို ယဉ်ကျေးလိမ္မာ သိတတ်လွန်းတဲ့ ကလေးငယ်လေးတွေ ဖြစ်လာစေဖို့သူတို့လေးတွေကို ဘယ်လို ထိတွေ့ဆက်ဆံပြောဆိုရမယ် ဘယ်လိုသွန်သင်လမ်းပြပေးထားရမယ်ဆိုတာတွေ စတဲ့ မသိမဖြစ် သိထားရမယ့် ပတ်ဝန်းကျင်နဲ့ ဆက်နွယ်နေတဲ့ ကလေးငယ်တို့ရဲ့ ဖွံ့ဖြိုးမှုအကြောင်းတွေကို အချိန်တိုအတွင်း အလွယ်တကူ လုပ်ဆောင်နိုင်အောင် ဒီတွေ့ဆုံဆွေးနွေးပွဲလေးကို Kiddie Life Pre-school လေးမှာ ပြုလုပ်ဖို့ စီစဉ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။
ကလေးငယ်များရဲ့ ပတ်ဝန်းကျင်ကို အလေးထားပြီး မှန်ကန်တဲ့ ပြုစုပျိုးထောင်မှုလေးတွေ လုပ်ချင်တဲ့ မေမေ ဖေဖေတို့အားလုံးကို ဒီဆွေးနွေးပွဲလေးကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်
ဒီဆွေးနွေးပွဲလေးကို Kiddie Life မှာ စာရင်းပေးသွင်းပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်
ဆွေးနွေးပွဲလေးနဲ့အတူ အခြား ပျော်ရွှင်ဖွယ် အမှတ်ရဖွယ် အစီအစဉ်လေးတွေလဲ ထည့်သွင်းစီစဉ်ပေးထားပါသေးတယ်
ခုံနေရာနဲ့ လူဦးရေလည်း ကန့်သတ်ထားတာမို့ အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းထားကြဖို့ လိုပါတယ်
နေ့ရက် - 28.6.2019 (သောကြာနေ့)
အချိန် - ညနေ (၄-၆)နာရီ
နေရာ - Kiddie Life Pre-school ၇၆လမ်း(စည်သာလမ်း)- (၂)လမ်း
ဒီဆွေးနွေးပွဲလေးကို စိတ်ဝင်စားသူ မည်သူမဆို 09 671888007 ကို ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် m.me/kiddie.crayons ဒီနေရာလေးကို နှိပ်ပြီး Message Box ကနေပဲ ဖြစ်ဖြစ်
Kiddie Life Pre-school ၇၆လမ်း(စည်သာလမ်း)- (၂)လမ်း တွင်လည်း စာရင်းပေးသွင်းထားလို့ရပါတယ်
Org Link
https://www.facebook.com/events/2465708136812662/