အဘယ်ကြောင့် ရွှေကို ရင်းနှီးမြှုပ်နှံရန် ဝယ်ယူကြသနည်း
ရွှေကို တာရှည် လုံလုံခြုံခြုံသိမ်းထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း ရရှိနိုင်ကြသည်။ ရွှေသည် အစဉ်အမြဲ ဝယ်လိုအား မြင့်နေသော ပစ္စည်းတစ်ခု ဖြစ်သည်။ ရွှေသည် ငွေကြေးဖောင်းပွခြင်း ၊ ငွေကြေးလျော့နည်းခြင်း ၊ စတော့ ဈေးကွက်အားနည်းခြင်း သို့မဟုတ် ငွေကြေးပြသနာများကို ကာကွယ်နိုင်စွမ်းရှိသည်။ ရွှေသည် အခြားသော ရင်းနှီးမြှုပ်နှံမှုများနှင့် နှိုင်းစာလျှင် ငွေပေါ်လွယ်မှု အမြင့်ဆုံး ပစ္စည်းတစ်ခု ဖြစ်သည်။ အချိန်မရွေး ငွေကြေးအဖြစ် ပြန်လည်ပြောင်းနိုင်လဲနိုင်သည်။ ခြွင်းချက်အနေဖြင့်မူ ရွှေရင်းနှီး မြှုပ်နှံမှုသည် အခြားသော တန်ဖိုးမြင့်မားသည့် ပစ္စည်းရင်းနှီးမြှုပ်နှံများကဲ့သို့ မဟုတ်ပေ။ ပုံမှန် ရရှိနေသော အစုအပေါ် အမြတ်အစွန်း ရသကဲ့သို့ ရွှေက မရနိုင်ပေ။
စွန့်စားမှု
ရင်းနှီးမြှုပ်နှံရန် ငွေကြေးမရှိသောအခါတွင်သာလျှင် ရွှေသည် အဓိက ကျသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ရွှေရင်းနှီး မြှုပ်နှံမှု၏ နောက်ထပ် အပြစ်တစ်ခုမှာ ရွှေကို လုံခြုံစွာ မထားရှိလျှင် အခိုးခံရနိုင်ဖွယ် ရှိသော ပစ္စည်းတစ်ခုလည်းဖြစ်သည်။ ရွှေဈေးနှုန်းသည် အချိန်တို အတွင်း အတက်အကျ အပြောင်းအလဲ မြန်သည်။ အမြဲတမ်း ရွှေဈေးတက်နေသည်။ ရွှေရင်းနှီးမြှုပ်နှံမှုလုပ်ရန် ရွှေဝယ်သည့် အခါ အတုနှင့် မိသွားလျှင် သင့်ပိုက်ဆံ အားလုံးဆုံးရှုံးရဖွယ် ရှိသည်။
ရွှေရင်းနှီးမြှုပ်နှံမှုသည် ကောင်းသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သလော
ကမ္ဘာနှင့် အဝန်း ရွှေဈေးသည် တိုးတက် မြင့်မားလျက် ရှိသည်။ ကမ္ဘာနှင့် အဝန်း စီးပွားရေး ကပ်ဆိုက်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ ကောင်းစွာ အသက်မဝင်တော့ဘဲ စီးပွားရေးလည်း ကမောက်ကမ ဖြစ်ရခြင်းသည်လည်းကောင်း ၊ တရုတ် နှင့် အိန္ဒိယ နှင့် အခြားသော ပူးပေါင်း ဈေးကွက်များတွင် ရွှေနှင့် ကျောက်မျက် လက်ဝတ်ရတနာများ ဝယ်လိုအား ကောင်းလာခြင်းသည်လည်းကောင်း ၊ ရွှေ အပေါ် ရင်းနှီးမြှုပ်နှံရန် လူအများ စိတ်ဝင်စားလာသည့် အချက်တစ်ချက်ဖြစ်သည်။
ဘယ်သောအခါ ရွှေဝယ်သင့်သလဲ
ရှေးရိုးစကားတစ်ခုရှိသည်။ ရွှေဝယ်ရန် အကောင်းဆုံး အချိန်မှာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသောအချိန်ဖြစ်သည်။ ဆိုလိုသည်မှာ စီးပွားရေး အခြေခိုင်နေပြီး ရွှေဈေးများလည်း မူယာမာယာများစွာ တက်မနေသော အချိန်ကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် ရွှေဈေးသည် တစ်ခါတစ်ရံ မုတ်သုံမိုးကြောင့် ရွှေသတ္တု မိုင်းများတွင် ရွှေထုတ်လုပ်မှု ရပ်ဆိုင်းနေရသော ကာလဖြစ်သည်။
မြန်မာ နိုင်ငံတွင် ရွှေကို ရင်းနှီးမြှုပ်နှံမှု အတွက် မည်သို့ စီမံ ဆောင်ရွက်မည်နည်း
မြန်မာနိုင်ငံတွင် သဘာဝ ရွှေများသော အားဖြင့် ရွှေတုံးများ ၊ ရွှေခဲ ၊ ရွှေချောင်းများ (သို့မဟုတ်) ရွှေလက်ဝတ် ရတနာများ စသည်တို့ကို ရင်းနှီးမြှုပ်နှံမှု အတွက် ဝယ်လေ့ရှိကြသည်။ ရွှေတုံး ၊ ရွှေခဲများကို ပုံသွင်း၍ သို့မဟုတ် သန့်စင်၍ အကြွေစေ့များ ၊ ရွှေချောင်းများ နှင့် လက်ဝတ်ရတနာများ ပြုလုပ်ကြသည်။ အခြားနိုင်ငံများတွင် ရွှေကို နည်းမျိုးစုံဖြင့် ဝယ်ယူနိုင်သည်။ ဥပမာ - ရွှေသတ္တုတွင်းများတွင် ဝေစုခွဲ၍ ဝယ်ခြင်း ၊ ရွှေများကိုသာ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအနေဖြင့် စုဆောင်းထားသော “ရွှေ လဲလှယ်ရေး ကုန်သွယ်မှု ရန်ပုံငွေ” “Gold Exchange Trade Funds “ တွင် ဝယ်ယူခြင်းဖြင့်လည်းကောင်း ရရှိနိုင်သည်။
ရွှေ အပိုင်းအစများ ဝယ်ယူခြင်း
ရွှေ အပိုင်းအစများ ဝယ်ယူ စုဆောင်းခြင်း (ရွှေဟောင်းများ လက်ဝတ်ရတနာ အပျက်များမှ ရွှေများ) သည်လည်း ထင်ရှားလာသော ရင်းနှီးမြှုပ်နှံမှု မဟာ ဗျူဟာ တစ်ခုဖြစ်သည်။ အရည်သန့်စင်သော ရွှေဖြစ်ရန်နှင့် ရွှေပြား မဖြစ်ရန် ဂရုစိုက်ပါ။ ဝယ်ယူ သူများသည် ရွှေအပိုင်းအစများကို နေ့စဉ် ၁၀ % မှ ၂၀% အောက်ပတ်ဝန်းကျင် ဝယ်လေ့ ရှိသည်။ ထိုရွှေများမှ အမြတ်ရရန် ပြန်လည် လုပ်ဆောင်ကြသည်။
ရွှေဝယ်နည်း လမ်းညွှန်ချက်
*ဝယ်ယူမှု အားလုံးအတွက် ငွေချေ ဖြတ်ပိုင်းများ ရယူပါ။
*သင်၏ ရွှေများကို ဘဏ်များတွင် သိမ်းဆည်းမထားပါက ခိုင်ခံသော မီးခံ သေတ္တာ တစ်လုံးတွင် သိမ်းဆည်းထားပါ။ မီးခံ သတ္တာ၏ လျှို့ဝှက် နံပါတ်အား လူတကာမြင်သော နေရာတွင် မထားပါနှင့်။
*သင်၏ ရွှေရင်းနှီးမြှုပ်နှံထားသည်ကို မည်သူမျှ မပြောပါနှင့်။