မန္တလေး မြို့မှ ပန်းချီ ပြခန်းများ
ဦးစွာ မန္တလေးမြို့၏ အနုပညာ ပုံရိပ်များ ဆက်လက်ရှင်သန်အောင် လမ်းပြပေးနေသော အနုပညာပြခန်းများကို ကျေးဇူးအထူးတင်ရှိခြင်းအားဖြင့် အောက်ဖော်ပြပါ ပန်းချီပြခန်းများမှ မန္တလေးမြို့၏ ထင်ရှားသော ပြခန်းများကို ကောင်းနိုးရာရာ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်။
ထန်းရိပ်ညို
လိုက်ဖက်မညီသော အဆောက်အအုံများ စုရုံးထားသလို ခောတ်ပေါ်ခောတ်ဟောင်း အနုပညာ လက်ရာများကို စုစည်းပြသထားသော ပြခန်းတစိခုဖြစ်သည်။ အပင်များအောက်အရိပ်တွင်းရှိ ထိုင်စရာ နေရာလေးကလည်းဖုန်ထ နေသော အပြင်ဘက်လမ်းမကြီးမှ ၀င်ရောက် ခိုလှုံ စရာ နေရာလေးသဖွယ် တာဝန်ကျေ နေသည်။ တရုတ်ပြည် ဘီဂျင်းတွင် ပန်းချီပြပွဲများ ပြသခဲ့သလို မြန်မာနိုင်ငံ၌လည်း မိသားစုပိုင် အခြားပန်းချီပြခန်း ၃ ခုရှိသော ပန်းချီဆရာ ဦးမျိုးခင်မှ ပိုင်ဆိုင်သော ပြခန်းလေးဖြစ်သည်။
မန္တလေး ခောတ်ပြိုင် ပန်းချီစင်တာ / စိတ်ကူးယဉ် ကမ္ဘာ စတူဒီယို
အဆောက်အဦး မျက်နှာစာတွင ကျောက်ဖြင့် ပြုလုပ်ထာားသော ကျောက်ဆစ်ရုပ်လုံး ၊ ရုပ်ခုများစစွာဖြင့် အလှဆင်ထားသော အနုပညာ ပြခန်းလေးဖြစ်သည့်အပြင် ဂီတပိုင်းဆိုင်ရာ ပညာရပ်များကိုပါ သင်ကြားပေးသော စင်တာလေးဖြစ်သည်။ နိုင်ငံခြား အနုပညာ ရှင်များမှပါ အထျိန်ပြည့် ဦးစီးပြသပေးနေကာ ပန်းပု ပညာရှင်မှသည် သတင်းစာဆ၇ာများအထိ အနုပညာ စွမ်း ဖန်တီးမှုများးကို မွေးထုတ်ပေးရာနေရာလေးဖြစ်သည်။
စိုးအောင် အနုပညာ လက်ရာပြခန်း
ဖော်ရွေလှသော ပန်းချီဆရာ စိုးအောင်မှ သူ၏ အိမ်ရှေ့ အခန်းမျက်နှာစာတွင် ဦးစီးဖွင့်လှစ်ထားသော ပန်းချီပြခန်းလေးဖြစ်ပြီး နှစ်နှစ်ဆယ်ကြာ သက်တမ်းရှိပြီဖြစ်သည်။ ပြည်တွင်းပန်းချီ ဆရာများအချင်းချင်း ပြသထားသော ပန်းချီလက်ရာများအပေါ် ကွဲပြားတဲ့အမြင်များ ၊ ထင်မြင်ယူဆချက်များကို ဆွေးနွေးနိုင်ရန် စားပွဲခုံတစ်လုံးနှင့် ကုလားထိုင်လေးများ ပြခန်းအလယ်တွင် ချပေးထားသည်။
မန္တလေးတောင် အနုပညာပြခန်း
မန္တလေးတောင်ခြေတွင် တည်ရှိ၍ မြန်မာပြည်အထက်ပိုင်း အနုပညာရှင်များအသငှ်း လူရုပ်ပုံ ၊ မျက်နှာပုံများကို အသားပေးရးဆွဲသော ပန်းချီဆရာများ အပတ်စဉ် ပြပွဲလေးများ ကျင်းပပေးရာ ပြခန်းလေးဖြစ်သည်။ ပန်းချီကားများကို နံရံများတွင် ချိတ်ဆွဲပြသကာ ခင်းကျင်းပြသထားသည်။ မန္တလေးတောင်ပေါ်မှ ပြန်ဆင်းလာပြီး ပြခန်းနားမှာ အပန်းဖြေရင်း အနုပညာလက်ရာများကို ခံစားနိုင်သည်။