ဂေါက် ရိုက် လေ့ကျင့်ရန် နေရာကောင်းများ
မန္တလေးနှင့် အနီးတစ်ဝိုက်တွင် ဂေါက်သီးရိုက် ၀ါသနာပါသူများအတွက် တစ်နှစ်ပတ်လုံး ဂေါက်ရိုက်နိုင်သည့် ဂေါက်ကွင်းများရှိသည်။ မိမိ၏ ဂေါက်သီးရိုက် စွမ်းရည်ကို လေ့ကျင့်ရေးကွင်းများတွင် သွားရောက်စမ်းသပ်နိုင်သလို ကျင်း ၁၈ ကျင်းပါ ဂေါက်ကွင်းများတွင်လည်း ကစားနိုင်ပါသည်။ပူသော ရာသီဥတု မနှစ်သက်သော ဂေါက်သီးရိုက်သမားများအတွက် ရာသီဥတု အေးမြလှသော ပြင်ဦးလွင် ဂေါက်ကွင်းသို့ သွား၍လည်း ဂေါက်ရိုက်နိုင်ပါသည်။ ဂေါက်ကွင်းအားလုံးတွင် ဂေါက်ရိုက်ပစ္စည်းများ ငှားရမ်း အသုံးပြုနိုင်ပြီး ၊ အသင်းဝင် မဟုတ်သူများ အတွက်လည်း တစ်နေ့တာ ကစားခွင့် နှုန်းထားခ ပေးပြီး ဆော့ကစားနိုင်သည်။ ဂေါက်ရိုက်သူများအနေဖြင့် ကော်လံပါ ရှပ်အင်္ကျိကို ၀တ်ဆင်လာဖို့ သတိရစေလိုပါသည်။
Asia Center ဂေါက်လေ့ကျင့်ရေးကွင်း
လှပသော လေ့ကျင့်ရေး ဂေါက်ကွင်းတစ်ခုဖြစ်ပြီး မန္တလေးတောင် အနီးတွင် တည်ရှိသည်။ ဂေါက်ကွင်းမှ ကျွမ်းကျင်နည်းပြများမှလည်း သင့်စွမ်းရည်ကို မြှင့်တင် ညွှန်ပြပေးဖို့အသင့်ရှိနေသလို လှပ စိမ်းစိုသော သစ်ပင်ပန်းမာန်များမှလည်း သင်၏ စိတ်ကို ကြည်နှုးလန်းဆန်းမှု အပြည့်ပေးနိုင်မှာ ဖြစ်ပါသည်။
ရွှေမန်းတောင် ဂေါက်ကွင်း
ကျင်း (၁၈) ကျင်း ပါရှိပြီး မန္တလေးတောင်ခြေ တွင် တည်ရှိသည်။ မြို့တွင်းနှင့် နီးကပ်စွာ တည်ရှိသော်လည်း ၊ စိမ်းလန်းစိုပြည်လှပြီး သပ်ရပ်လှပစွာ တည်ဆောက်ထားသော ဂေါက်ကွင်းတစ်ခု ဖြစ်ပါသည်။
ရေတံခွန်တောင် ဂေါက်ကွင်း
ရန်ကင်းတောင်သို့သွားသော လမ်းတွင်ရှိသည်။ လမ်းတစ်လျှေက် စပါးကွင်းများ၏ စိမ်းလန်းစိုပြည်သော အလှကို ခံစားနိုင်သည်။ ကျင်း (၁၈) ကျင်း ပါရှိသည့် အပြင် driving range လည်း ပါရှိပါသည်။ Caddies များ ၊ golf carts များကိုလည်း လိုအပ်သလို ဌားရမ်း အသုံးပြုနိုင်ပါသည်။
ပြင်ဦးလွင် ဂေါက်ကွင်း
တောင်ပေါ် ဒေသလေးတစ်ခုဟု ပြောနိုင်သလို သစ်ရိပ် ၀ါးရိပ် များဖြင့် ဖုံးလွှမ်းနေသဖြင့် မည်သည့် အချိန်တွင် လာရောက်ကစားသည် ဖြစ်စေ တစ်နှစ်ပတ်လုံး အေးမြနေပြီး ကျင်း (၁၈) ကျင်းပါ ဂေါက်ကွင်းလေးမှာ ပြင်ဦးလွင်မြို့တွင် တည်ရှိပါသည်။