အိမ်တော်ရာစေတီတော် ဘုရားပွဲ
အိမ်တော်ရာစေတီ ဘုရားပွဲ
မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ရှေးအစဉ်အလာမပျက် နှစ်စဉ် သီတင်းကျွတ်လဆန်း ( ၁၁ ) ရက်နေ့မှ ( ၁၃ ) ရက်နေ့အထိ ကျင်းပလေ့ရှိပါသည်။
ဆွမ်းတော်ကြီးပွဲများ၊ ခြင်းအလှခတ်ပွဲများ ၊ စည်တော်ကြီးပွဲများ ၊ အငြိမ့်ပွဲများ စည်ကားသိုက်မြိုက်စွာ ပါဝင်မည်ဖြစ်ပါသည်။ သီတင်းကျွတ်လဆန်း ( ၈ ) ( ၉ ) ( ၁၀ ) ရက်နေ့များတွင် တရားပွဲများ ၊ လဆန်း ( ၁၁ ) ( ၁၂ ) ရက်များတွင် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များအဖြစ် သစ်လွင် သာလောင်အငြိမ့် ၊ ယဉ်ကျေးမှု ပဒေသာကပွဲ ၊ ငြိမ်းချမ်းရေး တေးဂီတနှင့် အငြိမ့်ခန်း ၊ နန်းတော်ရှေ့ မဟာမင်္ဂလာ စည်တော်ကြီးတို့မှ ပါဝင် ဖျော်ဖြေသွားမည် ဖြစ်ပါသည်။
ခြင်းအလှခတ်ပွဲအား တော်လလင်းလဆန်း ( ၁၃ ) ရက်နေ့မှ သီတင်းကျွတ်လဆန်း ( ၁၃ ) ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး နံနက် ( ၉ ) နာရီ မှ ည ( ၁၂ ) နာရီ အတွင်း ကြည့်ရှု့နိုင်ပါသည်။
သီတင်းကျွတ်လဆန်း ( ၁၃ ) ရက်နေ့တွင် မန္တလေးမြို့အနောက်ပြင်ရှိ ကျောင်းတိုက်ကြီး ( ၂၀ ) မှ သံဃာ အပါး ၆၀၀ ကျော်အား ဆွမ်း နှင့် သပိတ်များ ကပ်လှူပူဇော်သွားမည် ဖြစ်ပါသည်။ အိမ်တော်ရာဘုရားပွဲအတွင်း အနယ်နယ် အရပ်ရပ်မှ ပွဲဈေးသည်များ၊ ဘုရားဖူး လာသူများဖြင့် စည်ကားလျက်ရှိသည်။
မန္တလေး မုန့်တီ ၊ အိမ်တော်ရာ မလိုင်ပေါက်စီ တို့အား ပွဲတော်ရက်အတွင်း ဝယ်ယူသုံးဆောင်နိုင်သည်။ ရိုးရာမပျက် အိုးပုတ်တန်းမှ အိုးပုတ် ချိုးရုပ်လေးများအပြင် သီတင်းကျွတ်လ အတွင်းဆီမီးပူဇော်ရန် ဆီမီးခွက်လေးများကိုလည်း ဝယ်ယူရရှိနိုင်သည်။
အိမ်တော်ရာ ဘုရားအနီးဝန်းကျင်မှ ထီးလုပ်ငန်းမှာ တချိန်က အိမ်တော်ရာထီးဟု လူသိများခဲ့ပြီး ယခု အခါ တိမ်မြှုပ်ပျောက်ကွယ်သွားသော နှမျောဖွယ်ရာ မြန်မာ့လက်မှုလက်ရာ တစ်ခုဖြစ်သည်။