Live-Style

အင်္ဂလိပ်စာ လေ့လာဖို့ Youtube ပေါ်က အကောင်းဆုံး Channel များ

Read 233 times

နေ့တိုင်း အချိန်တိုင်းမှာ ဒီကမ္ဘာကြီးပေါ်က လူတွေဟာ သူတို့မသိသေးတဲ့ အကြောင်းအရာတွေကို လွယ်လွယ်ကူကူနဲ့ သင်ယူဖို့ Youtube ကို အသုံးပြုနေကြပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို လေ့လာနိုင်ပြီး အသုံးပြုရတာလည်း အင်မတန်လွယ်ကူပါတယ်။ တစ်ခုတည်းသော လိုအပ်တာက Internet Connection ကောင်းဖို့ပါပဲ။ 

ဒီလို အိမ်တွင်းအောင်းနေရတဲ့ အချိန်မှာ English စာတိုးတက်ဖို့ ဘယ် Youtube Channel လေးတွေကို ကြည့်ပြီး လေ့လာနိုင်သလဲဆိုတာ ပြောပြပေးသွားမှာပါ။ 

 

Speak English With Mr.Duncan

ဒီ Channel လေးမှာတော့ တစ်ပတ်ကို သုံးရက် လေ့လာနိုင်မှာဖြစ်ပြီး သင်ပေးတဲ့သူက အင်္ဂလန်က သူ့အိမ်ကနေ သင်ခန်းစာတွေ ပို့ချတာပဲဖြစ်ပါတယ်။သင်ခန်းစာတွေက ပေါ့ပေါ့ပါးပါးနဲ့ ရိုးရိုးရှင်းရှင်း လေးတွေမို့လို့ လွယ်လွယ်ကူကူ လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ 

Easy English 

အခုမှ English  စလေ့လာမယ့်သူတွေ အတွက်ဆို ဒီ Channel လေးက တော်တော် အသုံးဝင်ပါတယ်။ နေ့စဥ် လူနေမှုဘဝမှာ အသုံးပြုမယ့် စကားတွေ၊ အသံနေအသံထားတွေကို ဒီ Channel လေးမှာ သင်ယူနိုင်မှာပါ။ 

BBC Learning English 

ဒီ Channel ကတော့ British English လေ့လာဖို့ အကောင်းဆုံးတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နေ့တိုင်း သင်ခန်းစာ အသစ်တွေ တင်လေ့ရှိပြီး သင့်အတွက် တစ်ခုမဟုတ်တစ်ခု အထောက်အကူရနိုင်မှာပါ။ 

On The GO With EF 

ဒီ Channel လေးကတော့ ခရီးသွားရင်းနဲ့ နာမည်ကြီး မြို့တွေအကြောင်း၊ သူတို့ရဲ့ ယဥ်ကျေးမှုတွေ အကြောင်းကို လေ့လာခွင့်ရမှာပါ။ အခုလို အချိန်မှာ ကိုယ်တိုင် ခရီးထွက်နေသလို ခံစားနေရမှာဖြစ်ပြီး ကိုယ့်ရဲ့ English စွမ်းရည်ကိုလည်း တိုးတက်စေဦးမှာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။ 

Bookmark