Business Live-Style

သုံးစွဲသူတိုင်းကို အိမ်အရောက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှု ပြုလုပ်ပေးနေတဲ့ TrueMoney Myanmar

Read 422 times

နိုင်ငံတစ်ဝန်းက လူသန်းပေါင်း များစွာဆီကို ငွေလွှဲငွေထုတ် ဝန်ဆောင်မှုတွေ ပေးနေတဲ့ TrueMoney Myanmar ဟာ ၎င်းတို့ တန်ဖိုးထားရတဲ့ သုံးစွဲသူ မိဘပြည်သူတွေ ကိုဗစ်ကာလအတွင်း ငွေလွှဲငွေပို့ရာမှာ ပိုမိုလွယ်ကူ အဆင်ပြေစေဖို့ ရည်ရွယ်ချက်နဲ့ အခမဲ့ ဝန်ဆောင်မှု အသစ်တစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ 

ဒါကတော့ TrueMoney နဲ့ ငွေလွှဲကြမယ့် Customer များအတွက် ငွေလွှဲခြင်း၊ ငွေထုတ်ယူခြင်း စတာတွေကို အိမ်တိုင်ရာရောက် ငွေထုတ်ပေးခြင်း၊ ငွေလက်ခံခြင်းကို ပြုလုပ်ပေးမှာ ဖြစ်ပြီး ဒီလိုဝန်ဆောင်မှု အသစ်အတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မှ ထပ်မံပေးဆောင်စရာ မလိုအပ်ဘူးလို့ ဆိုပါတယ်။ 

ဒီဝန်ဆောင်မှုကို TrueMoney Care အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကိုဗစ်ကာလအတွင်းမှာ TrueMoney အသုံးပြုသူများ ပိုမို အဆင်ပြေ လွယ်ကူမှု ရှိစေဖို့နဲ့ အိမ်ပြင်ကို ထွက်စရာမလိုဘဲ အိမ်ထဲမှာတင် ငွေသွင်းငွေထုတ် ငွေလွှဲခြင်းတွေကို လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

ငွေကျပ် (၁)သိန်းနဲ့ အထက် လုပ်ဆောင်လိုတဲ့ သုံးစွဲသူ မည်သူမဆို ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မှာ ဖြစ်ပြီး ယခုလက်ရှိမှာ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မြို့နယ်ပေါင်း (၁၀၀) ကျော်မှာ ဝန်ဆောင်မှုကို ပေးအပ်ထားပြီး ကျန်ရှိနေတဲ့ မြို့နယ်များမှာလည်း ဆက်လက် တိုးချဲ့ပေးအပ်သွားဖို့ လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။ 

အသေးစိတ် အချက်အလက်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
>> https://truemoney.com.mm/door2door/

Ascend Group ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ TrueMoney Myanmar ကို (၂၀၁၄) ခုနှစ်၊ နိုဝင်ဘာလမှာ စတင်တည်ထောင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာ မြန်မာတစ်ပြည်လုံး ကိုယ်စားလှယ်ပေါင်း (၂၀,၀၀၀) ကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှတစ်ဝန်းမှာတော့ TrueMoney က အေးဂျင့်ပေါင်း (၇၀,၀၀၀) ကျော် ရှိတဲ့ ကွန်ယက်တစ်ခုကို ပိုင်ဆိုင်ထားပြီး လက်ရှိ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံ (၆) နိုင်ငံမှာ လုပ်ဆောင်လျက် ရှိတဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ 

Bookmark