Mandalay Trend

ပိုမိုကောင်းမွန်တဲ့ လူမှုနေထိုင်မှုဘဝရဖို့ ထောက်ပံ့ပေးမယ့် Samsung ရဲ့ Smart Things

Read 226 times

ယနေ့ခေတ်ဟာ နည်းပညာခေတ် ဖြစ်တာနဲ့အညီ အလုပ်နှင့် ပညာသင်ယူခြင်းမှစ၍ ကျန်းမာရေးနဲ့ ဖျော်ဖြေရေးအထိ ကမ္ဘာအနှံ့ရှိလူများသည် ၎င်းတို့၏နေ့စဉ် လှုပ်ရှားမှုများအတွက် ပိုမို အဆင်ပြေလွယ်ကူသည့် နည်းလမ်းများကို နည်းပညာမှ တစ်ဆင့် ရှာဖွေလာလျက်ရှိသည်။

SmartThingsမှာ နေအိမ်များရှိ Samsung ၏ Smart device များတစ်ခုနှင့် တစ်ခုချိတ်ဆက်၍လုပ်ဆောင်နိုင်သော application တစ်ခုဖြစ်ပြီး အဆင့်မြင့်ဆက်သွယ်မှု လုပ်ဆောင်ချက်များဖြင့် မဝေးသောအနာဂတ်တွင် အိမ်ထောင်စုများသည် အိမ်၌ ရှိနေစဉ်ပိုမိုကောင်းမွန်သော ဘဝ၊အရည်အသွေးနှင့် သက်တောင့် သက်သာရှိမှုကို မျှော်လင့်နိုင်မှာလည်း ဖြစ်ပါတယ်။

အဝတ်လျှော်စက်၊ မီးလုံး၊ ကော်ဖီ စက်အစရှိတဲ့ အိမ်သုံးပစ္စည်းများကို SmartThings application မှတစ်ဆင့် ထိန်းချုပ်နိုင်သည့်အပြင် Samsung ရဲ့ရွေ့လျားမှု အာရုံခံကိရိယာများ၊ ကင်မရာများ၊ ရှပ်တာများ သို့မဟုတ် အပူထိန်းကိရိယာများ ကိုလည်း Tablet ဒါမှမဟုတ် smartphone နှင့် ထိန်းချုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်အိမ်မှာ မမျှော်လင့်သောလှုပ်ရှားမှုတွေ ရှိပါကသုံးစွဲသူတွေရဲ့ စမတ်ဖုန်း ဒါမှမဟုတ် ချိတ်ထားတဲ့ တက်ဘလက်မှာ သတိပေးချက်များကို ရရှိမှာဖြစ်ပါတယ်။Entertainment ပိုင်းအနေနဲ့ဆိုရင်လည်း Samsung ၏စမတ်မီးသီးများ၊ soundbar နှင့် QLED တီဗီများကိုချက်ချင်း ထိန်းချုပ်နိုင်ခြင်းဖြင့် အိမ်တွင်းရုပ်ရှင်ရုံ လိုမျိုးအရာတွေအထိ လက်ချောင်းလေးများနဲ့ ထိတွေ့ရုံနဲ့ ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။ 

 

Samsung မှာအနာဂတ်ကို အသွင်ပြောင်းစေသော အတွေးအခေါ်များ နည်းပညာများနှင့် ကမ္ဘာကို ပိုမိုကောင်းမွန်ရန် တွန်းအားပေးလျက်ရှိသည့်အပြင် တီဗီ၊ စမတ်ဖုန်း၊ tablet များ၊ ဒစ်ဂျစ်တယ် ကိရိယာများ၊ network system များ၊ memory ၊ LSI system၊ foundry နှင့် LED နည်းပညာများကို ပြန်လည်ဆန်းသစ် ဖန်တီးနေသော နေရာတစ်ခုလည်း ဖြစ်ပါတယ်။နောက်ဆုံးထွက် သတင်းများအတွက် Samsung Newsroom ဖြစ်သော http://news.samsung.com နှင့် https://www.samsung.com/mm/ကိုဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

By MY Mandalay Guide

Bookmark