By Thant
Michelle Obama ဟာ Becoming ဆိုတဲ့ စာအုပ်ကို (၂၀၁၈) ခုနှစ်မှာ ဖြန့်ချီခဲ့တာ ဖြစ်ပြီး American သမိုင်းတစ်လျှောက်လုံးမှာ ပထဦးဆုံး ပြည်ထောင်စုသမ္မတ၏ ဇနီးတစ်ယောက် ကိုယ်တိုင်ရေးသားခဲ့တဲ့ အထ္ထုပ္ပတ္တိ စာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။
သူမရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေကို ရေးသားထားတာ ဖြစ်ပါတယ်။ သူမဟာ စည်းကမ်းကောင်းတဲ့ မိသားစုတစ်ခုကနေ ကြီးပြင်းလာခဲ့ရတဲ့ သူတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ ဖခင်ဖြစ်သူ Fraser Robinson III ကတော့ သူမ ငယ်စဥ်ကတည်းက နာတာရှည်ရောဂါ တစ်မျိုးကို ခံစားခဲ့ရပါတယ်။
ဒါပေမဲ့ ဖခင်ရဲ့ သင်ကြားပေးမှုကြောင့် အချိန်ကို အကျိူးရှိရှိ အသုံးချတတ်တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ဒီစာအုပ်ထဲမှာ သူမဟာ သူမအဖေရဲ့ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခု ရှိနေရင်တောင် ကိုယ်တတ်နိုင်သလောက် အားနည်းချက်ကို ထိန်းချုပ်ပါ ဆိုတဲ့ ခံယူချက်ကြောင့် သူမဟာ အခုချိန်မှာ ခုလို အောင်မြင်နေရတာ ဖြစ်တယ်လို့ သူမရဲ့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။
Becoming စာအုပ်ကို ဘာသာပေါင်း (၂၄) မျိုးနဲ့ ထုတ်ဝေခဲ့တာဖြစ်ပြီး ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲကမှ စာအုပ်အရေအတွက် (၁) သန်းကျော်ကို The First Book ဆိုတဲ့ အဖွဲ့အစည်းကို လှူဒါန်းခဲ့ပါသေးတယ်။
ဒီအဖွဲ့အစည်းဟာ ဘဝအတွက် အကျိုးရှိစေမဲ့ စာအုပ်တော်တော်များများကို မိမိအကျိုးအမြတ်မပါဘဲ နိုင်ငံတကာမှ မိဘမဲ့ကလေးငယ်တွေကို လှူဒါန်းနေတဲ့ အဖွဲ့အစည်း တစ်ခုပါ။
မူရင်းစာအုပ်ဖြစ်တဲ့ Becoming ကို မြန်မာနိုင်ငံအတွင်းမှာတော့ ဝယ်ယူလို့ မရနိုင်သေးပါဘူး။ မြန်မာစာရေးဆရာတစ်ယောက်ဖြစ်သူ ဝင်းငြိမ်း ဘာသာပြန် ရေးသားထားတဲ့ ဖြစ်တည်ခြင်း အမည်နဲ့တော့ ဝယ်ယူလို့ ရပါတယ်။ ဈေးနှုန်းအားဖြင့် (၈,၀၀၀) ကျပ် ရှိပြီး အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
မန္တလေးမြို့ရှိ စာအုပ်ထုတ်ဝေရေးနှင့် စာအုပ်ဆိုင်တွေရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာတွေကို အောက်ပါလင့်ခ်မှာ ကြည့်လို့ ရပါတယ်။