Business

Huawei နှင့် လက်တွဲခဲ့သည့် (၂) နှစ်တာအတွင်း Mobile Banking သုံးစွဲသူ (၆)သန်းထိ ရရှိခဲ့သည့် KBZ ဘဏ်

Read 405 times

Huawei သည် (၂၀၁၈) ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ်နှင့် ပူးပေါင်းကာ KBZPay Mobile Application ကို စတင် ဖန်တီးခဲ့သည်။

Huawei နှင့် KBZ Bank ၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး (၁၈) လအတွင်းမှာပင် ထို Application ကို မှတ်ပုံတင်သည့် လူဦးရေ (၆)သန်းအထိ ရှိခဲ့ပြီး စီးပွားရေး မိတ်ဖက် (၁,၀၀၀) ကျော်နှင့် ကိုယ်စားလှယ်ပေါင်း (၂၉၀,၀၀၀) ကျော် ရရှိခဲ့ပေသည်။

ထိုအကြောင်းအရာကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော HUAWEI CONNECT 2020 ၏  New Value Together ခေါင်းစဉ်အောက်မှ “Thriving Digitally into A Mobile Future” အွန်လိုင်း ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟောပြောပွဲအတွင်း Mr. Michael က ကမ္ဘောဇဘဏ် အနေဖြင့် Huawei နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမှ ရရှိလာသော အောင်မြင်မှု အသီးအပွင့်များကို ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ခုနှစ်က ဘဏ်ခွဲနှင့် ATM များ မပေါများသေးသည့် အပြင် ဘဏ်အကောင့်ရှိသူ လူဦးရေမှာလည်း ၄၀% နှုန်းသာ ရှိသည်။

သို့သော် လူတိုင်းနီးပါး Mobile Phone ကို သုံးစွဲနေကြပြီး မြန်မာနိုင်ငံသည် အင်တာနက် သုံးစွဲခ သက်သာသော ကမ္ဘာ့နိုင်ငံတွေထဲမှ တစ်နိုင်ငံ ဖြစ်လာသကဲ့သို့ မြို့ပြများတွင် ဒေါင်းလုတ်ဆွဲသည့် နှုန်းသည်လည်း စင်္ကာပူနိုင်ငံထက် နှစ်ဆ ဖြစ်လာကြောင်း တွေ့ရှိရသည်။

ဤ အားသာချက်များအား အသုံးချကာ ဖုန်းတစ်လုံးရှိရုံဖြင့် စာရွက်စာတမ်းမလို၊ လက်ဗွေရာနှင့် အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်မည့် နိုင်ငံတကာ အဆင့်မီ Mobile Wallet တစ်ခု Huawei နှင့်အတူ အကောင်အထည် ဖော်ရန် စီစဉ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် Huawei ၏ Chief Digital Transformation Officer Mr. Chen Kun Te မှ "ဘဏ်များ၏ ဒီဂျစ်တယ် ကူးပြောင်းရေး စနစ်ကို ခုတ်မောင်းပေးသည့် ကနဦး မိုဘိုင်းဖုန်း နည်းဗျူဟာ" ခေါင်းစဉ်ဖြင့် ထိုအွန်လိုင်း ဟောပြောပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ Like2:27 pm

 

Bookmark