What's New

ကလေးတွေအတွက် အစားအစာဘေးကင်းမှုနဲ့ အာဟာရပြည့်ဝမှုက ဘယ်လိုအရေးပါလဲ

Read 235 times

ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် Tetra Pak မှ ကလေးများအတွက် အစားအစာဘေးကင်းမှုနှင့် အာဟာရပြည့်ဝမှုတို့ရဲ့ အရေးပါမှုတို့ကို  အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်နဲ့ အတူပူးပေါင်းပြီး ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အဆိုအရ မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေးများ၏ သုံးပုံတစ်ပုံ နီးပါးသည် နာတာရှည်အာဟာရချို့တဲ့မှုကို ခံစားနေရကာ ဤသို့ဖြစ်ရသည့် အကြောင်းအရင်းများစွာထဲတွင် အဓိကျသော အကြောင်း များမှာ ဘေးကင်းသော အစားအစာနှင့် သန့်ရှင်းသောရေရရှိမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုတ် ဆိုနိုင်ပါသည်။ 

Tetra Pak မှထုတ်လုပ်သော ဘူးခွံများသည် Ultra High Temperature(UTH) နည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။Ultra-high-temperature (UHT) နည်းပညာဖြင့် ပိုးမွှားသန့်စင်ခြင်းဆိုသည်မှာ နို့ သို့မဟုတ် အခြားထုတ်ကုန်များကို အပူချိန် ၁၃၅ ဒီဂရီခန့်တွင် ၂ စက္ကန့်မှ ၄ စက္ကန့် အချိန်တိုအတွင်း အပူပေးခြင်းဖြစ်သည်။ 

ထိုအခါ ဘက်တီးရီးယားပိုးများ ကင်းစင်သွားကာ တာရှည်ခံဆေးအသုံးပြုရန် မလိုအပ်ဘဲ အာဟာရများကို မူလအတိုင်း ထိန်းသိမ်းပေးထားသည့်အပြင်၊ သောက်သုံးရန် ဘေးကင်းစိတ်ချရစေပြီး အရသာကိုလည်း မူလအတိုင်း ရှိစေရန် ထိန်းသိမ်းပေးထားသည်။ ဘူးကိုမဖွင့်မချင်း ရေခဲသေတ္တာတွင် သိမ်းဆည်းရန် မလိုအပ်ဘဲ ကြာရှည်အထားခံသော ဤ UHT နို့ထွက်ပစ္စည်းများကို ကလေးမိဘများအနေဖြင့် အိမ်တွင် အလွယ်တကူ သိမ်းဆည်းထားနိုင်သောကြောင့် ပိုပြီးအဆင်ပြေမှာပဲ ဖြစ်ပါတယ်။

Tetra Pak သည် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်၌ ရုံးစတင်ဖွင့်လှစ်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာနိုင်ငံမှ စားသုံးသူများအတွက် ဘေးကင်းစိတ်ချရသော အစာအာဟာရ ပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကာ၊ Tetra Pak ဘူးခွံဖြင့်ထုပ်ပိုးမှုကို အသုံးပြုလိုသော လုပ်ငန်းရှင်များနှင့်လည်း ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ Tetra Pak ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်မှစ၍ ပြုလုပ်ခဲ့သော “Tetra Pak နှင့် တန်ဖိုးရှိရာ ကာကွယ်ပါ” ကမ်ပိန်းမှတဆင့် မြန်မာမိသားစုများနှင့် မီဒီယာများအတွက်  စိတ်လှုပ်ရှားဖွယ်ရာ ပွဲအစီအစဉ်များနှင့် အွန်လိုင်းလှုပ်ရှားမှုများ ကိုလည်း ဆောင်ရွက်ခဲ့သည်။

Bookmark