Saturday, 15 February 2020 13:39

DSC02737

ျမန္မာနိုင္ငံတြင္ တတိယအႀကီးဆုံးျဖစ္လာမည့္ ေၾကးပိႆာခ်ိန္ ၁၆,၀၀၀ ေက်ာ္ရွိ ေခါင္းေလာင္းႀကီးကို မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ တံတိုင္းရွည္ရြာ ေရႊေခါင္းေလာင္းၿခံဝင္းအတြင္း၌ ဇန္နဝါရီ ၉ ရက္ (ျပာသိုလျပည့္ေန႔) က တပၼဝတီမွ ေၾကးသြန္းပညာရွင္မ်ား စတင္သြန္းေလာင္းခဲ့ပါသည္။

ယခုအခါ ေၾကးသြန္းေခါင္းေလာင္းႀကီးသည္ တည္ေဆာက္မႈ ၈၀ ရာခိုင္ႏႈန္းခန္႔ၿပီးစီးေနၿပီးျဖစ္ေၾကာင္း အဆိုပါေခါင္းေလာင္းအား သြန္းေလာင္းေဆာင္ရြက္ေနေသာ ေရႊေခါင္းေလာင္းေၾကးသြန္းပညာရွင္ ကိုေအာင္သန္းေမာ္ထံမွ သိရသည္။

Read More>>> ျပည္တြင္းကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ ေျပာင္းလဲေကာက္ခံမည့္ႏႈန္းထားမ်ား

“အဆိုပါ ေခါင္းေလာင္းႀကီးကို စစ္ကိုင္းၿမိဳ႕ သီရိသုမနေခ်ာင္ မိုးကုတ္ဝိပႆနာ ဓမၼရိပ္သာ ဆရာေတာ္ ဦးသုမနမွ မွာယူလွဴဒါန္းျပဳလုပ္ျခင္းျဖစ္ၿပီး ေခါင္းေလာင္းႀကီးအား ျပာသိုလျပည့္ေန႔တြင္ စတင္သြန္းေလာင္းခဲ့ေၾကာင္းႏွင့္ ယခုအခါ ၈၀ ရာခိုင္ႏွုန္းခန႔္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း၊ တေပါင္းလျပည့္ေက်ာ္ (၁၁.၃.၂၀၂၀) ရက္ေန႔ နံနက္ပိုင္းတြင္ စစ္ကိုင္းၿမိဳ႕ သိရီသုမနေခ်ာင္ မိုးကုတ္ဝိပႆနာဓမၼရိပ္သာသို႔ ပို႔ေဆာင္ခ်ိတ္ဆြဲကာ အသံျမည္ေအာင္ စမ္းသပ္ေပးသြားမည္ ျဖစ္ေၾကာင္း၊ ခ်ိတ္ဆြဲၿပီး က်န္ရွိေနတဲ့အပိုင္းမ်ားကို စစ္ကိုင္းၿမိဳ႕မွာ ဆက္လက္လုပ္ေဆာင္သြားမွာပါ” ဟု ေရႊေခါင္းေလာင္း ေၾကးသြန္းပညာရွင္ ကိုေအာင္သန္းေမာ္ ကေျပာၾကားသည္။

“လက္ရွိအဆင့္သုံးဆင့္ေလာက္သာ က်န္ေတာ့ေၾကာင္း၊ ပို႔ေဆာင္ခ်ိတ္ဆြဲဖို႔၊ ေခါင္းေလာင္းေပၚမွာ စာလုံးထြင္းဖို႔ႏွင့္ အ႐ုပ္မ်ား အလွဆင္ဖို႔တို႔ျဖစ္ေၾကာင္း၊ ယခုအခါ အၾကမ္းထည္အား အေခ်ာကိုင္လုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ စာလုံးထြင္းၿပီးမွ ေနာက္ဆုံးအဆင့္ အေခ်ာကိုင္ျခင္းအား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း” ၎က ဆက္လက္ေျပာၾကားသည္။

Read More>>> တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ား လာမည့္ၾကာသပေတးမွစ၍ ထုတ္ယူနိုင္

ျမန္မာျပည္မွာေတာ့ လက္ရွိ ပထမအႀကီးဆုံး ေခါင္းေလာင္းႀကီးက ေၾကးပိႆာခ်ိန္ ၅၅,၅၅၅ ရွိတဲ့ မင္းကြန္းေခါင္းေလာင္းႀကီးျဖစ္ၿပီး ဒုတိယအႀကီးဆုံးအေနနဲ႔ ေရႊတိဂုံေစတီေတာ္က ေၾကးပိႆာ ခ်ိန္ ၂၆,၀၀၀ ရွိတဲ့ သာယာဝတီမင္း ေခါင္းေလာင္းျဖစ္ပါတယ္။

အခု ဒီေခါင္းေလာင္းႀကီးကေတာ့ ျမန္မာနိုင္ငံမွာ တတိယအႀကီးဆုံးျဖစ္လာမည္ျဖစ္ၿပီး ေခါင္းေလာင္းႀကီးမွာ ၈၀ ရာခိုင္ႏႈန္းခန္႔ၿပီးစီးေနၿပီျဖစ္ေၾကာင္း၊ ေရႊေခါင္းေလာင္း ေၾကးသြန္းပညာရွင္ ကိုေအာင္သန္းေမာ္ထံမွ သိရသည္။

Read More>>> ေျမငွားဂရန္အသစ္ ေလၽွာက္ထားရာတြင္ ပါဝင္ရမည့္ အခ်က္အလက္မ်ား

Ref: MOI

### Zawgyi Code

မြန်မာနိုင်ငံ၌ တတိယအကြီးဆုံးဖြစ်လာမည့် ကြေးသွန်းခေါင်းလောင်းကြီး

မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာမည့် ကြေးပိဿာချိန် ၁၆,၀၀၀ ကျော်ရှိ ခေါင်းလောင်းကြီးကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံဝင်းအတွင်း၌ ဇန်နဝါရီ ၉ ရက် (ပြာသိုလပြည့်နေ့) က တပ္မဝတီမှ ကြေးသွန်းပညာရှင်များ စတင်သွန်းလောင်းခဲ့ပါသည်။

ယခုအခါ ကြေးသွန်းခေါင်းလောင်းကြီးသည် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီးဖြစ်ကြောင်း အဆိုပါခေါင်းလောင်းအား သွန်းလောင်းဆောင်ရွက်နေသော ရွှေခေါင်းလောင်းကြေးသွန်းပညာရှင် ကိုအောင်သန်းမော်ထံမှ သိရသည်။

“အဆိုပါ ခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ သီရိသုမနချောင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ဆရာတော် ဦးသုမနမှ မှာယူလှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းလောင်းကြီးအား ပြာသိုလပြည့်နေ့တွင် စတင်သွန်းလောင်းခဲ့ကြောင်းနှင့် ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ တပေါင်းလပြည့်ကျော် (၁၁.၃.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ သိရီသုမနချောင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာသို့ ပို့ဆောင်ချိတ်ဆွဲကာ အသံမြည်အောင် စမ်းသပ်ပေးသွားမည် ဖြစ်ကြောင်း၊ ချိတ်ဆွဲပြီး ကျန်ရှိနေတဲ့အပိုင်းများကို စစ်ကိုင်းမြို့မှာ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ရွှေခေါင်းလောင်း ကြေးသွန်းပညာရှင် ကိုအောင်သန်းမော် ကပြောကြားသည်။

“လက်ရှိအဆင့်သုံးဆင့်လောက်သာ ကျန်တော့ကြောင်း၊ ပို့ဆောင်ချိတ်ဆွဲဖို့၊ ခေါင်းလောင်းပေါ်မှာ စာလုံးထွင်းဖို့နှင့် အရုပ်များ အလှဆင်ဖို့တို့ဖြစ်ကြောင်း၊ ယခုအခါ အကြမ်းထည်အား အချောကိုင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စာလုံးထွင်းပြီးမှ နောက်ဆုံးအဆင့် အချောကိုင်ခြင်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာပြည်မှာတော့ လက်ရှိ ပထမအကြီးဆုံး ခေါင်းလောင်းကြီးက ကြေးပိဿာချိန် ၅၅,၅၅၅ ရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးဖြစ်ပြီး ဒုတိယအကြီးဆုံးအနေနဲ့ ရွှေတိဂုံစေတီတော်က ကြေးပိဿာ ချိန် ၂၆,၀၀၀ ရှိတဲ့ သာယာဝတီမင်း ခေါင်းလောင်းဖြစ်ပါတယ်။

အခု ဒီခေါင်းလောင်းကြီးကတော့ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံးဖြစ်လာမည်ဖြစ်ပြီး ခေါင်းလောင်းကြီးမှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း၊ ရွှေခေါင်းလောင်း ကြေးသွန်းပညာရှင် ကိုအောင်သန်းမော်ထံမှ သိရသည်။

Ref: MOI


Read 136 times
Rate :
(16 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.