Friday, 14 February 2020 17:44

DOL 



Read More>>> သန်းခေါင်စာရင်း မရှိလည်း ယာဉ်အမည်ပေါက် ပြောင်းလဲခွင့် ညှိနှိုင်းဆောင်ရွက်ပေးမည်



Read More>>> မြေငှားဂရန်အသစ် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ


84622312 2608012389248189 4150886532087021568 o


Ref:motc

### Zawgyi Code

ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပြောင်းလဲကောက်ခံမည့်နှုန်းထားများ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနသည် ပြဋ္ဌာန်းခဲ့သည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေနှင့် နည်းဥပဒေများအရ (၂.၁.၂၀၁၉) ရက်မှစ၍ လုပ်ငန်းလုပ်ကိုင်သူများသို့ ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (Domestic Oprator License) ထုတ်ပေးခဲ့ပြီး မှတ်ပုံတင်ခနှင့် အခနှုန်းထားများ ကောက်ခံခြင်းကို ရည်ညွှန်း(၁)ပါညွှန်ကြားချက်နှင့်အညီ သတ်မှတ်ငွေစာရင်းခေါင်းစဉ်များသို့ ပေးသွင်းရန် ဒေသရုံးအသီးသီးသို့ ညွှန်ကြားခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

သို့ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က (၂၄.၁၀.၂၀၁၉) ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၉) တွင်သဘောတူညီချက်ရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက (၂၉.၁၀.၂၀၁၉) ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၁၇၉/၂၀၁၉ ဖြင့်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် "ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ" အရ ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (Domestic Oprator License) ထုတ်ပေးရာတွင် ကောက်ခံရမည့် မှတ်ပုံတင်ခနှင့် အခနှုန်းထားများကို ပြင်ဆင်ပြောင်းလဲရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်အတွင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့အတွက် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (Domestic Oprator License) ထုတ်ပေးရာတွင် လိုင်စင်အရ အသုံးပြုမည့် ယာဉ်များ၏ မှတ်ပုံတင်ခကို အောက်ပါအတိုင်း ကောက်ခံသွားရန် ဖြစ်ပါသည်။

ယာယီခွင့်ပြုလက်မှတ်ထုတ်ပေးရန် တစ်ကြိမ်လျှင် ရက်ပေါင်း (၃၀) ထက်မပိုသော ကာလအတွက် မှတ်ပုံတင်ခကို ယာဉ်တစ်စီးလျှင် ၅,၀၀၀ ကျပ် ကောက်ခံ၍ ၆-၄၊ လုပ်ငန်းလိုင်စင်ခငွေစာရင်းခေါင်းစဉ်သို့ ပေးသွင်းရန် ဖြစ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ နေပြည်တော်တော်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်၊ တွဲဖက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများအနေဖြင့် ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (DOL) ထုတ်ပေးရာတွင် ငွေကောက်ခံမှုအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃)ရက်မှ စ၍ အောက်ပါဇယားအတိုင်း ပြောင်းလဲပြင်ဆင်ကောက်ခံသွားမည်ကြောင်း သိရသည်။

Nilar Myot Win (Mandalay Directory)

Ref:motc


Read 306 times Last modified on Saturday, 15 February 2020 09:12
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.