Saturday, 22 February 2020 15:28

3-Backpain_Man-sitting-on-bed-grabbing-back_IS_000025796411_RF-S_CMYK_1.jpg

 

တစ်နေ့တာလုံး လုပ်ငန်းဆောင်တာတွေကို ပျော်ရွှင်တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ဆိုရင် မနက်ခင်းမှာ လန်းဆန်းနေပြီး ကျန်းမာနေဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ မနက်အိပ်ယာထထဲကတည်းက လန်းလန်းဆန်းဆန်းမရှိဘဲနဲ့ ခါးနာနေမယ်ဆိုရင် တနေ့တာလုံးကို ပျော်ရွှင်တက်ကြွစွာဖြတ်သန်းဖို့ မလွယ်ကူနိုင်ပါဘူး။

မနက်အိပ်ရာ နိုးနိုးချင်းမှာ ခါးနာကျင်ကိုက်ခဲနေတာဟာ အိပ်တဲ့ပုံစံမမှန်တာ၊ အိပ်ရာခင်း၊ ခေါင်းအုံး စတာတွေ အသုံးပြုပုံမမှန်တာတွေကြောင့် ဖြစ်နိုင်သလို ရောဂါတစ်ခုခုနဲ့ သက်ဆိုင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မနက်မိုးလင်းတဲ့အချိန် ခါးနာနေရတဲ့အကြောင်းအရင်းတွေထဲကမှ အိပ်တဲ့ပုံစံမမှန်တာ၊ အိပ်ရာခင်း၊ ခေါင်းအုံးစတာတွေ အသုံးပြုပုံမမှန်တာကြောင့် ဖြစ်ရတဲ့ ခါးနားခြင်းအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးသွားမယ်နော်။

အိပ်ရာကနေ ရုတ်တရက် အမြန်ထခြင်း

မနက်အိပ်ရာထချိန်မှာ ရုတ်တရက် အလျင်အမြန် အိပ်ရာထခြင်းက သင့်ခါးကို နာစေပါတယ်။ ဘယ်လောက်ပဲ အနားယူထားပါစေ ရုတ်တရက် အလျင်အမြန် ထထိုင်လိုက်တာ၊ အရှေ့ကို အများကြီးကန်ုးလိုက်တာမျိုးတွေက ခါးကို သက်ရောက်မှု ရှိစေပါတယ်။ ဒီလို မဖြစ်စေဖို့အတွက် …..

- အိပ်ရာအစွန်းကို ဖြည်းဖြည်းချင်းရွှေ့ပါ။
- အိပ်ရာပေါ်မှာ လက်နှစ်ဖက်ထောက်အားကိုသုံးပြီး ခြေထောက်နှစ်ဖက်ကို ကုတင်အောက်ချပါ။
- စက္ကန့်အနည်းငယ်စောင့်ပြီးမှ ဖြည်းဖြည်းချင်း ထပါ။

မွေ့ရာတစ်ခုကို ကြာရှည်စွာ အသုံးပြုခြင်း

မွေ့ရာက အသုံးပြုချိန်ကြာမြင့်လာသည်နှင့်အမျှ ချိုင့်တွေ၊ ခွက်တွေဖြစ်လာပြီး တောင့်တင်းမှုလည်း လျော့ကျသွားတတ်ပါတယ်။ အဲ့ဒီ မွေ့ရာနဲ့ အိပ်တာ ကြာလာတာနဲ့အမျှ ခါးနာတတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံးဖို့ ဆရာဝန်များက အကြံပြုလေ့ရှိပါတယ်။

သင့်တော်တဲ့ မွေ့ရာကို ရွေးချယ်ပါ။

အိပ်လိုက်ရင် အိကျတဲ့မွေ့ရာတွေ၊ စပရိန်ခုတင်မွေ့ရာတွေဟာ ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့အပြင် အုန်းဆံမာမာတွေထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း သင့်ခါးကျန်းမာရေးအတွက် မသင့်တော်တဲ့အတွက် အသုံးမပြုသင့်ပါဘူး။ ခါးနာတာ သက်သာဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မှိုမွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားခဲ့မယ်ဆိုရင် သင့်အနေနဲ့ မွေ့ရာအသစ်ကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။

အိပ်စက်ပုံ မှားယွင်းခြင်း

အချို့အချို့သော အိပ်စက်မှု ပုံစံတွေဟာ သင့်ခါးနဲ့ လည်ပင်းတွေကို ပိုလို့တောင် နာကျင်ကိုက်ခဲစေတတ်ပါတယ်။ အဲဒီလိုအိပ်စက်မှု ပုံစံအမှားကိုတော့ ခေါင်းအုံးလေးတွေနဲ့ အသုံးပြုပြီး ဖြေရှင်းလို့ရပါတယ်။ ကျောနဲ့အိပ်သူတွေ တစ်နည်းအားဖြင့် ပက်လက်အိပ်တတ်သူတွေအနေနဲ့ ဒူးခေါင်းအောက်ဘက်မှာ ခေါင်းအုံခံပြီး အိပ်ပါ။ ဘေးတစောင်းအိပ်တတ်သူတွေအနေနဲ့ကတော့ ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးညှပ်ပြီး အိပ်စက်အနားယူပါ။ နောက်ဆုံး မှောက်ပြီး အိပ်တတ်သူတွေအနေနဲ့ကတော့ ဗိုက်အောက်မှာ ခေါင်းအုံးခံအိပ်ပါ။

အထက်မှာ ပြောပြပေးခဲ့တဲ့ နည်းလမ်းတွေသုံးလို့မှ ခါးကိုက်တာ၊ ခါးနာတာမပျောက်ဘူးဆိုရင် ဆေးခန်းသွားပြီး စစ်ဆေးဖို့လိုအပ်ပါတယ်။ ခါးကိုက်တာအပြင် ဆီးဝမ်းမမှန်တဲ့ပြဿနာ၊ လက်မောင်းတွေ ခြေထောက်တွေမှာ အားနည်းသလို အားမရှိသလိုဖြစ်တာနဲ့ အသက်ရှုမဝတာတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဆေးခန်းပြပြီး CT ရိုက်တာ X-rays ရိုက်တာ အစရှိသဖြင့် ရောဂါရှာဖွေရေးတွေလုပ်ဖို့လိုလာနိုင်ပါတယ်။

Ref: Google

 


Read 174 times Last modified on Wednesday, 25 March 2020 14:15
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.