Tuesday, 18 February 2020 17:43

acne-adult_1.jpg

 

ဟော်မုန်းဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ အင်္ဂါများမှဖြစ်လာကြတဲ့ ဓာတ်ပစ္စည်းတွေဖြစ်ပြီးတော့ ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကို ပြုပြင်ပေးတဲ့အရာပဲ ဖြစ်ပါတယ်။ ဟော်မုန်းအမျိုးအစားတွေ အများကြီးရှိတဲ့အထဲမှာမှ အမျိုးသမီးတွေသိထားသင့်တဲ့ အလှပျက်စေတဲ့ ဟော်မုန်း(၆)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အက်စထရိုဂျင်(Estrogen) ဟော်မုန်း

အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေ အလှတွေလျော့တာပါပဲ။ အမျိုးသမီး ကျန်းမာရေးဂရုစိုက်ပါ။ ရာသီမှန်ပါစေ။ ဒီဟော်မုန်းလျော့ရင်
ရင်သားတွေ တင်ပါးတွေလျော့လာတယ်။ အသားတွေပျော့တွဲလာတယ်။ Soy bean အခြေခံအစားစာ တိုဟူးတို့ ပဲနို့ရည်တို့သောက်၊ ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်း သောက်လို့ရပါတယ်။

၂။ Growth ဟော်မုန်း

သူကတော့ သွေးထဲကဟော်မုန်းပါ။ သူလျော့လာရင် ကြွက်သားလျော့လာမယ်။ cellulite တွေဖြစ်လာမယ်။ အဆီပိုတွေဟိုတစုဒီတစုနဲ့ ကြည့်ရဆိုးလာမယ်၊ ဆယ်လီတွေကတော့ ဟော်မုန်းဆေးထိုးတယ်။ side effect များပေမယ့် သိသာတယ်၊ အခြားနည်းက လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါ။ ချွေးထုတ်ခန်းဝင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။

၃။ DEHA

အသက်(၃၀)ထိပဲ ကောင်းကောင်းထုတ်ပေးတဲ့ ဟော်မုန်းပေါ့။ အသက်(၃၀)ကျော်တာနဲ့ အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်။ အဆီစားပါ၊ အခွံမာသီးစားပါ၊ ထောပတ်သီးစားပါ၊ fatty fish စားပါ၊ ပရိုတင်းကို မနက်စာမှာ အသင့်တင့်ထည့်စားပါ၊

၄။ Melatonine

အိပ်တဲ့ချိန်မှာထွက်တဲ့ ဟော်မုန်း၊ ၃၅နှစ်လောက်ဆိုလျော့တတ်တယ်။ ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်။ တင်းတိပ်၊ မှဲ့ခြောက်ထွက်တယ်။ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ဆန်၊ ပြောင်း ဒါတွေစားပေးပါ။ အရက်၊ ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်း ဖြစ်တတ်တယ်။ ရှောင်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ။

၅။ Cortisol Stress ဟော်မုန်း

သူမညီမျှရင် အသားရည်ခြောက်တယ်၊ အရွယ်ကျတယ်၊ အရေးကြောင်းတွေပေါ်တယ်၊ ဝက်ခြံထွက်တယ် အခေါက်ထူတယ်။ ရေသောက်ပါ၊ စိတ်အေးချမ်းအောင်တွေးပါ၊ သီချင်းနားထောင်ပါ၊ stress လျော့ပါ။

၆။ Insulin

သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်။ ရေဓာတ်တွေလျော့နည်းမယ်၊ ကော်လာဂျင်တွေမတင်းတော့ဘူး၊ ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊ အတွန့်တွေပေါ်လာမယ်။ အချိုလျော့၊ ဗီတာမင် E နဲ့ဗီတာမင် C ၊ ရေနွေးကြမ်းသောက်ပါ။ လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

Source; Pan Koe

My Mandalay


Read 114 times Last modified on Wednesday, 25 March 2020 14:20
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.