Wednesday, 05 February 2020 15:14

717c6fb0dff4b7bf3cb4cc45603e902e_XL_1.jpg

ျမန္မာမုန္႔ေတြကိုမွ ႀကိဳက္နွစ္သက္တယ္ဆုိသူတေြအတြက္ အိမ္မွာ မိသားစုနဲ႔အတူတူလုပ္စားႏုိင္မယ့္ မုန္႔ဦးေႏွာက္က်ိဳနည္းေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ယိုးဒယား ဆန္မႈန္႔ ႏို႔ဆီဗူး ၂ ဗူး

ေရ ႏို႔ဆီဗူး စုစုေပါင္း ၉ ဗူး

သၾကား ၁၅ က်ပ္သား

ယိုးဒယားအုန္းႏို႔ဗူး ႀကီး ၁ဗူး

အုန္းသီးရင့္ရင့္ ၂လုံး ( အရည္ညႇစ္ၿပီး မီးေအးေအးန႔ဲ အဆီျပန္သည္အထိ က်ိဳရန္)

ဆားထမင္းစား ဇြန္းဝက္

ယိုးဒယား ဘုံေက်ာင္းတံဆိပ္ သာကူ ၅က်ပ္သား

Read More>>>အတြင္းေရာ အျပင္ပါ အရသာရွိေစမယ့္ ဒူးရင္းသီးေခါင္းအုုံးမုုန္ ့ (durian pillow) ျပဳလုပ္နည္း

ျပဳလုပ္နည္း

အရင္ဆုံး ဆန္မႈန္႔ကို ေရႏို႔ဆီဗူး ၇ ဗူးန႔ဲ ၃နာရီေလာက္စိမ္ထားရပါမယ္။ က်န္တ့ဲေရ ႏို႔ဆီဗူး ၂ ဗူးကို ဆူေအာင္တည္ပါ။ ဆူလာရင္ သာကူထည့္က်ိဳမယ္။ မ်က္စိေလးေတြေပ်ာက္သြားတဲ့ထိ က်ိဳရပါမယ္။

သာကူမ်က္စိေပ်ာက္ရင္ သၾကားနဲ႔ ဆားထည့္ပါ။ ၿပီးရင္ ဆန္မႈန္႔ကို ေမႊၿပီးထည့္မယ္။ အုန္းႏို႔ဗူးထည့္မယ္။ ဆန္မႈန္႔စထည့္ခ်ိန္ကေန ဆက္တုိက္ေမႊေနရပါမယ္။

မုန္႔ဦးေႏွာက္ရယ္ မုန္႔ကၽြဲသည္းရယ္က နာနာေမႊမွာ စားလုိ႔ေကာင္းမ်ိဳးပါ။ ၁နာရီျပင္းျပင္းေလာက္ မတူးမကပ္ေအာင္ ေမႊေပးရပါမယ္။

ေမႊတ့ဲဇြန္းမွာ မုန္႔ရည္ ႂကြက္ၿမႇီးတန္းလာရင္ ဆီသုတ္ထားတ့ဲ ဗန္းထဲ ေလာင္းထည့္ၿပီး အေအးခံပါ။ လုံးဝ ေအးသြားမွ အေစာက အုန္းသီးျခစ္ ခ်က္ထားတ့ဲ အုန္းဆီခ်က္ေလးဆမ္းၿပီး သံုးေဆာင္လို႔ရပါတယ္။

တခ်ိဳ႕က ဖက္ေလးန႔ဲ ထုပ္တာစားခ်င္တယ္ဆို မုန္႔ရည္ ႂကြက္ၿမီးတန္းရင္ ဖက္ထဲထည့္ထုပ္ အေအးခံလိုက္ပါ။ အုန္းဆီခ်က္က အုန္းသီးရင့္အေရညႇစ္ခ်က္တာ ပိုအဆင္ေျပပါတယ္။ 

ယိုးဒယားအုန္းႏို႔ဗူးကို က်ိဳရင္ ခြ်ဲျပစ္ျပစ္ႀကီး ျဖစ္ေနပါလိမ့္မယ္။ အခ်ိဳႀကိဳက္တဲ့သူကေတာ့ သၾကားေလးျဖဴးၿပီး အရသာရွိလြန္းလွတ့ဲ မုန္ဦးေႏွာက္ေလးကို စားသံုးႏုိင္ပါတယ္။

Source; Chit Shwe Kwet

Unicode

မြန်မာမုန့်တွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုသူတွေအတွက် အိမ်မှာ မိသားစုနဲ့အတူတူလုပ်စားနိုင်မယ့် မုန့်ဦးနှောက်ကျိုနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ယိုးဒယား ဆန်မှုန့် နို့ဆီဗူး ၂ ဗူး
ရေ နို့ဆီဗူး စုစုပေါင်း ၉ ဗူး
သကြား ၁၅ ကျပ်သား
ယိုးဒယားအုန်းနို့ဗူး ကြီး ၁ဗူး
အုန်းသီးရင့်ရင့် ၂လုံး ( အရည်ညှစ်ပြီး မီးအေးအေးနဲ့ အဆီပြန်သည်အထိ ကျိုရန်)
ဆားထမင်းစား ဇွန်းဝက်
ယိုးဒယား ဘုံကျောင်းတံဆိပ် သာကူ ၅ကျပ်သား

ပြုလုပ်နည်း

အရင်ဆုံး ဆန်မှုန့်ကို ရေနို့ဆီဗူး ၇ ဗူးနဲ့ ၃နာရီလောက်စိမ်ထားရပါမယ်။ ကျန်တဲ့ရေ နို့ဆီဗူး ၂ ဗူးကို ဆူအောင်တည်ပါ။ ဆူလာရင် သာကူထည့်ကျိုမယ်။ မျက်စိလေးတွေပျောက်သွားတဲ့ထိ ကျိုရပါမယ်။

သာကူမျက်စိပျောက်ရင် သကြားနဲ့ ဆားထည့်ပါ။ ပြီးရင် ဆန်မှုန့်ကို မွှေပြီးထည့်မယ်။ အုန်းနို့ဗူးထည့်မယ်။ ဆန်မှုန့်စထည့်ချိန်ကနေ ဆက်တိုက်မွှေနေရပါမယ်။

မုန့်ဦးနှောက်ရယ် မုန့်ကျွဲသည်းရယ်က နာနာမွှေမှာ စားလို့ကောင်းမျိုးပါ။ ၁နာရီပြင်းပြင်းလောက် မတူးမကပ်အောင် မွှေပေးရပါမယ်။

မွှေတဲ့ဇွန်းမှာ မုန့်ရည် ကြွက်မြှီးတန်းလာရင် ဆီသုတ်ထားတဲ့ ဗန်းထဲ လောင်းထည့်ပြီး အအေးခံပါ။
လုံးဝ အေးသွားမှ အစောက အုန်းသီးခြစ် ချက်ထားတဲ့ အုန်းဆီချက်လေးဆမ်းပြီး သုံးဆောင်လို့ရပါတယ်။

တချို့က ဖက်လေးနဲ့ ထုပ်တာစားချင်တယ်ဆို မုန့်ရည် ကြွက်မြီးတန်းရင် ဖက်ထဲထည့်ထုပ် အအေးခံလိုက်ပါ။ အုန်းဆီချက်က အုန်းသီးရင့်အရေညှစ်ချက်တာ ပိုအဆင်ပြေပါတယ်။

ယိုးဒယားအုန်းနို့ဗူးကို ကျိုရင် ချွဲပြစ်ပြစ်ကြီး ဖြစ်နေပါလိမ့်မယ်။ အချိုကြိုက်တဲ့သူကတော့ သကြားလေးဖြူးပြီး အရသာရှိလွန်းလှတဲ့ မုန်ဦးနှောက်လေးကို စားသုံးနိုင်ပါတယ်။


Source; Chit Shwe Kwet


Read 182 times Last modified on Wednesday, 05 February 2020 15:32
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.