Wednesday, 16 September 2020 13:21
Mandalay-City-Hall.jpg
by Win May May Htay
၁။ BE (Civil)
ဝန်ထမ်းဦးရေ - ၃ ဦး
၂။ BE (Electrical Power)
ဝန်ထမ်းဦးရေ - ၁ ဦး
ဝန်ထမ်းဦးရေ - ၂ ဦး
၎။ L.L.B
ဝန်ထမ်းဦးရေ - ၁ ဦး
၅။ B.C.Sc
ဝန်ထမ်းဦးရေး - ၁ ဦး
  • လိုင်စင်ဓာတ်ပုံ (၂) ပုံ
  • ကိုယ်ရေးအကျဉ်း
  • ပညာအရည်အချင်း မိတ္တူ
Source from MCDC
=========================
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် တာဝန်ထမ်းဆောင်ပေးရန် နေ့စားယာယီဝန်ထမ်း လျှောက်လွှာများကို စက်တင်ဘာလ (၁၂) ရက်နေ့မှ စတင်၍ လက်ခံလျက် ရှိသည်။  
ထိုစီမံကိန်းအတွက် ဝန်ထမ်းဦးရေ စုစုပေါင်း (၈) ဦး ခေါ်ယူသွားမည် ဖြစ်ကာ တစ်နေ့လျှင် လုပ်ခနှုန်းထား (၄,၈၀၀) ကျပ်နှုန်းဖြင့် ယာယီ ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နေ့စားယာယီဝန်ထမ်း လျှောက်လွှာတင်ရန် လိုအပ်သော ပညာအရည်အချင်းများနှင့် ခေါ်ယူသွားမည့် ဝန်ထမ်း အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ BE (Civil)
ဝန်ထမ်းဦးရေ - ၃ ဦး
၂။ BE (Electrical Power)
ဝန်ထမ်းဦးရေ - ၁ ဦး
၃။ စီးပွားရေးဘွဲ့ (သို့) LCCI
ဝန်ထမ်းဦးရေ - ၂ ဦး
၄။ L.L.B
ဝန်ထမ်းဦးရေ - ၁ ဦး
၅။ B.C.Sc
ဝန်ထမ်းဦးရေး - ၁ ဦး
ဝန်ထမ်းခေါ်ယူရာတွင် အင်္ဂလိပ်စာ (4) Skills နှင့် ကွန်ပျူတာ ကျွမ်းကျင်သူများအား ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ပြီး လျှောက်ထားလိုသူများသည်...
  • လိုင်စင်ဓာတ်ပုံ (၂) ပုံ
  • ကိုယ်ရေးအကျဉ်း
  • ပညာအရည်အချင်း မိတ္တူ
  • အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာ
စသည်တို့ ပူးတွဲပြီး စီမံကိန်းမန်နေဂျာ၊ မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြို့းတိုးတက်ရေး စီမံကိန်းရုံး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ စက်တင်ဘာလကုန် နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားရမည် ဖြစ်ပြီး လူတွေ့စစ်ဆေးမည့်ရက်အား ဖုန်းဖြင့် ပြန်လည် အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ရုံးလိပ်စာ - မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ (၂၆) လမ်း နှင့် (၂၇) လမ်းကြား၊ (၇၁) လမ်း နှင့် (၇၂) လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေးမြို့ ။
ဖုန်းနံပါတ် - 02 4064750, 02 4036171, 02 4036172, 02 4036173, 02 4036165, 02 4069961
အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it.
ဝက်ဘ်ဆိုဒ် - www.mandalaycitydevelopmentcomittee.com
Source from MCDC
Read 63 times
Rate :
(0 votes)
Related items
  • မန္တ​လေးတွင် ပထမဆုံး Covid-19 ဓာတ်ခွဲစစ်ဆေးမှု စတင် လုပ်ဆောင်နိုင်တော့မည်
    87054884_2667605133367336_3276773048543346688_n.png_3.png
    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလှူရှင်များအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့ ပူးပေါင်းကြိုးစားအားထုတ်မှုရဲ့ ရလာဒ်ပါ။ အခက်အခဲပေါင်းများစွာကို ကျော်လွှားခဲ့ရပါတယ်။
  • မန္တလေးတွင် လက်ရှိ ခေါ်ယူနေသော အလုပ်အကိုင်များ
    https___s3-ap-northeast-1.amazonaws.com_psh-ex-ftnikkei-3937bb4_images_8_7_4_7_127478-8-eng-GB_0614N-myanmar-broadcast.jpg
    1. Sales and Marketing Manager ( 600,000 Ks )
    Company - Shwe Htay Min Co.,Ltd
    Phone No. - 09 518 5881
    Email - This email address is being protected from spambots. You need JavaScript enabled to view it.
  • သင်ကြားရေးကိုဝါသနာပါသူတွေ လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်များ
    sp.jpg
    ဘွဲ့ရပြီးလို့ အလုပ်ရှာနေသူတွေ ဒါမှမဟုတ် ကျောင်းပိတ်ထားလို့ အလုပ်လုပ်ချင်သူတွေထဲမှာမှ စာသင်ရတာဝါသသနာပါသူတွေအတွက် မန္တလေးမြို့မှာခေါ်ယူနေတဲ့ Teaching အလုပ်အကိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.