Tuesday, 15 September 2020 18:18
Hospital_in_Mandalay.jpg
 
by Win May May Htay
မႏၲေလးသည္ COVID-19 ကပ္ေရာဂါ ဒုတိယလႈိင္းအတြင္း ပိုးေတြ႕လူနာ မ်ားျပားလာျခင္းေၾကာင့္ လက္ရွိ မႏၲေလးၿမိဳ႕၏ COVID-19 ကုသေရးစင္တာ ျဖစ္ေသာ ကန္ေတာ္နဒီေဆး႐ုံအျပင္ ခုတင္ (၃၀၀) သင္ၾကားေရး ေဆး႐ုံအား ဒုတိယစင္တာအျဖစ္ အသုံးျပဳရန္ စတင္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
MOHS ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ယေန႔ စက္တင္ဘာလ (၁၅) ရက္၌ မႏၲေလးၿမိဳ႕တြင္ ပိုးေတြ႕လူနာဦးေရ (၁၀၀) ေက်ာ္ ရွိလာၿပီျဖစ္၍ မႏၲေလးတိုင္းအတြက္ လူနာမ်ားအား ထားရွိရန္ ကန္ေတာ္နဒီေဆး႐ုံ တစ္ခုတည္းျဖင့္ မလုံေလာက္ႏိုင္ေသာေၾကာင့္ ယခုကဲ့သို႔ ဒုတိယစင္တာအတြက္ ျပင္ဆင္ရျခင္း ျဖစ္သည္။

"ကိုဗစ္ကိုထိန္းခ်ဳပ္ဖို႔ ေထာင့္ေပါင္းစုံက ႀကိဳးစားျပင္ဆင္ေနပါတယ္။ ျပည္သူေတြညီရင္ ကိုဗစ္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။" ဟုလည္း မႏၲေလးၿမိဳ႕ေတာ္၀န္ ေဒါက္တာရဲလြင္က သူ၏ လူမႈကြန္ရက္ ေဖ့ဘြတ္ခ္ စာမ်က္ႏွာမွတစ္ဆင့္ အသိေပးထားသည္။

တိုင္းအစိုးရအေနျဖင့္ ပထမလႈိင္းအတြင္း ကူညီလႉဒါန္းသည့္ အလႉေငြ (၂) ဘီလီယံခန႔္ ရရွိထားေၾကာင္းႏွင့္ အလႉရွင္မ်ားကိုလည္း မႏၲေလးၿမိဳ႕ကိုယ္စား ေက်းဇူးတင္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားထားသည္။

"လက္က်န္ေငြက အေတာ္နည္းပါးေနၿပီ၊ ကြၽန္ေတာ္တို႔လည္း စိတ္ပူေနတယ္။ အလႉရွင္ေတြေပါမ်ား ေနလို႔သာ အလႉေငြ (၂) ဘီလီယံေလာက္ ရထားတယ္။ ဒါေတြေၾကာင့္ အစိုးရစရိတ္နဲ႔ ကြာရန္တင္း ထားေနရလို႔သာ ကြၽန္ေတာ္တို႔ ခံသာေနတာ" ဟု ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာသည္။  

ဒုတိယစင္တာအတြက္ ေဆး႐ုံျပင္ဆင္မႈကို ကူညီလႉဒါန္းေပးသူမ်ားလည္း ရွိၿပီး မႏၲေလးၿမိဳ႕ကိုယ္စား ေက်းဇူးအထူးတင္ေၾကာင္းကိုလည္း ၿမိဳ႕ေတာ္၀န္က သူ၏ လူမႈကြန္ရက္၌ ေရးသားထားသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ကပ္ေရာဂါ၏ ပထမဆုံး ပိုးေတြ႕လူနာ စတင္ေတြ႕ရွိခ်ိန္ မတ္လ (၂၃) ရက္ေန႔မွ စတင္၍ ယေန႔ စက္တင္ဘာလ (၅) ရက္ နံနက္(၈)နာရီအထိ ပိုးေတြ႕လူနာစုစုေပါင္း (၃၂၉၉) ဦး ရွိၿပီး၊ ေသဆုံးလူနာ (၃၂) ဦးႏွင့္ ကုသမႈခံယူၿပီး ေရာဂါကင္းစင္လာသူ (၇၉၀) ဦး ရွိေနၿပီျဖစ္ေၾကာင္း MOHS ၏ ေၾကညာခ်က္မ်ားအရ သိရသည္။

Source from MOI Webportal Myanmar
==========================

မန္တလေးသည် COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ပိုးတွေ့လူနာ များပြားလာခြင်းကြောင့် လက်ရှိ မန္တလေးမြို့၏ COVID-19 ကုသရေးစင်တာ ဖြစ်သော ကန်တော်နဒီဆေးရုံအပြင် ခုတင် (၃၀၀) သင်ကြားရေး ဆေးရုံအား ဒုတိယစင်တာအဖြစ် အသုံးပြုရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

MOHS ၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ စက်တင်ဘာလ (၁၅) ရက်၌ မန္တလေးမြို့တွင် ပိုးတွေ့လူနာဦးရေ (၁၀၀) ကျော် ရှိလာပြီဖြစ်၍ မန္တလေးတိုင်းအတွက် လူနာများအား ထားရှိရန် ကန်တော်နဒီဆေးရုံ တစ်ခုတည်းဖြင့် မလုံလောက်နိုင်သောကြောင့် ယခုကဲ့သို့ ဒုတိယစင်တာအတွက် ပြင်ဆင်ရခြင်း ဖြစ်သည်။

"ကိုဗစ်ကိုထိန်းချုပ်ဖို့ ထောင့်ပေါင်းစုံက ကြိုးစားပြင်ဆင်နေပါတယ်။ ပြည်သူတွေညီရင် ကိုဗစ်ကို ထိန်းချုပ်နိုင်ပါတယ်။" ဟုလည်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က သူ၏ လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

တိုင်းအစိုးရအနေဖြင့် ပထမလှိုင်းအတွင်း ကူညီလှူဒါန်းသည့် အလှူငွေ (၂) ဘီလီယံခန့် ရရှိထားကြောင်းနှင့် အလှူရှင်များကိုလည်း မန္တလေးမြို့ကိုယ်စား ကျေးဇူးတင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

"လက်ကျန်ငွေက အတော်နည်းပါးနေပြီ၊ ကျွန်တော်တို့လည်း စိတ်ပူနေတယ်။ အလှူရှင်တွေပေါများ နေလို့သာ အလှူငွေ (၂) ဘီလီယံလောက် ရထားတယ်။ ဒါတွေကြောင့် အစိုးရစရိတ်နဲ့ ကွာရန်တင်း ထားနေရလို့သာ ကျွန်တော်တို့ ခံသာနေတာ" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။  

ဒုတိယစင်တာအတွက် ဆေးရုံပြင်ဆင်မှုကို ကူညီလှူဒါန်းပေးသူများလည်း ရှိပြီး မန္တလေးမြို့ကိုယ်စား ကျေးဇူးအထူးတင်ကြောင်းကိုလည်း မြို့တော်၀န်က သူ၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ၏ ပထမဆုံး ပိုးတွေ့လူနာ စတင်တွေ့ရှိချိန် မတ်လ (၂၃) ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ (၅) ရက် နံနက်(၈)နာရီအထိ ပိုးတွေ့လူနာစုစုပေါင်း (၃၂၉၉) ဦး ရှိပြီး၊ သေဆုံးလူနာ (၃၂) ဦးနှင့် ကုသမှုခံယူပြီး ရောဂါကင်းစင်လာသူ (၇၉၀) ဦး ရှိနေပြီဖြစ်ကြောင်း MOHS ၏ ကြေညာချက်များအရ သိရသည်။
Source from MOI Webportal Myanmar

Read 47 times Last modified on Tuesday, 15 September 2020 18:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.