Wednesday, 29 July 2020 23:21
EDGE_social_Media.jpg
 
 
By WMMH (Mizzy)
 
[Unicode Version] 
 
မြန်မာနိုင်ငံတွင် Covid-19 ဖြစ်ပွားခါစက ရပ်တန့်ထားခဲ့ရသော တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်များကို သြဂုတ်လ ၁၈ ရက်နေ့တွင်
ထုတ်ပြန်တော့မည်ဟု ကြေညာချက်များအရ သိရသည်။
 
ဆယ်တန်းဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ကြည့်ရှုလိုသူ မိဘပြည်သူများအတွက် Online မှတဆင့် အောင်စာရင်းများကို အလွယ်တကူ ကြည့်ရှုနိုင်ရန်  Myanmar Education Guide Website တွင် စီစဉ်ပေးထားလျက် ရှိသည်။ 
 
မြန်မာနိုင်ငံတဝန်းလုံးရှိ ဆယ်တန်းအောင်စာရင်း ကြည့်ရှုလိုသူများအနေဖြင့် The Myanmar Education Guide Website ( www.edge.com.mm ) မှတစ်ဆင့် အောင်စာရင်းများကို မိမိအိမ်တွင် Phone သို့မဟုတ် Laptop ရှိရုံဖြင့် လွယ်ကူအဆင်ပြေစွာ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ 
 
အောင်စာရင်းများ တိုက်ရိုက်ကြည့်ရှုနိုင်ရန် … 
 
ရှေးဦးစွာ Phone သို့မဟုတ် Laptop Browser မှတစ်ဆင့် www.edge.com.mm သို့ ဝင်ပါ။
 
Website ထဲ ရောက်ရှိပြီး အောက်သို့ အနည်းငယ်ဆင်းလိုက်ပါက “ ၂၀၂၀ ခုနှစ် - တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း မာတိကာ “ ဟူသော ခေါင်းစဉ်ဖြင့် Post တစ်ခုကို တွေ့ရပါလိမ့်မည်။
 
ထို Post ၏ပုံကို တစ်ချက်ထိပြီး ဝင်ရောက်လိုက်ပါက‌ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုအပါအဝင် နိုင်ငံခြားမှ ဖြေဆိုသူများပါ ဝင်ရောက်ကြည့်ရှုနိုင်ရန် Button များဖြင့် ဖော်ပြပေးထားသည်ကို တွေ့ရမည် ဖြစ်သည်။ 
 
ထို့နောက် မိမိကြည့်ရှုလိုသော တိုင်း သို့မဟုတ် ပြည်နယ်ကို တစ်ချက်နှိပ်၍ ဝင်ရောက်ပါ။
 
စာစစ်ဌာနများကို မြို့နယ်များဖြင့် အစဉ်လိုက် တွေ့ရှိနိုင်မှာ ဖြစ်ပြီး မိမိဖြေဆိုသော စာစစ်ဌာန၏ မြို့နယ်ကို Click နှိပ်၍ ရွေးချယ်ပါ။
 
 
ပြီးနောက် မိမိဖြေဆိုထားသော ကျောင်းကို ရွေး၍ Click တစ်ချက်နှိပ်လိုက်ရုံဖြင့် အောင်စာရင်းများကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ 
 
ယခုလို Covid ကာလတွင်  ထိတွေ့မှုကင်းရှင်းပြီး လွယ်ကူအဆင်ပြေစွာ အောင်စာရင်းများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Myanmar Education Guide မှ Online Exam Result ကို စီစဉ်ပေးထားခြင်း ဖြစ်သည်။  
 
မြန်မာနိုင်ငံတွင် Covid - 19 ကြောင့် ကျောင်းများ၊ ရုံးများနှင့် လုပ်ငန်းအချို့ ရပ်ဆိုင်းထားရာမှ လက်ရှိတွင် တကျော့ပြန် လည်ပတ်စပြုနေပြီ ဖြစ်သည်။ 
 
Myanmar Education Guide တွင် ဆယ်တန်းစာမေးပွဲ အောင်စာရင်းများအပြင် တက္ကသိုလ်ကျောင်းသားများ၊ ပြင်ပသင်တန်း လေ့လာချင်သူများအတွက် ပညာရေးနှင့် ပတ်သက်သော အကြောင်းအရာများနှင့် သတင်းအစုံအလင်ကိုလည်း အချိန်နှင့်တပြေးညီ ရှာဖွေဖတ်ရှုနိုင်ပါသည်။ 
=====================
[Zawgyi Version]
 
ျမန္မာႏိုင္ငံတြင္ Covid-19 ျဖစ္ပြားခါစက ရပ္တန႔္ထားခဲ့ရေသာ တကၠသိုလ္ဝင္တန္း စာေမးပြဲရလဒ္မ်ားကို ၾသဂုတ္လ ၁၈ ရက္ေန႔တြင္ ထုတ္ျပန္ေတာ့မည္ဟု ေၾကညာခ်က္မ်ားအရ သိရသည္။
 
ဆယ္တန္းေျဖဆိုထားေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္စာရင္း ၾကည့္ရႈလိုသူ မိဘျပည္သူမ်ားအတြက္ Online မွတဆင့္ ေအာင္စာရင္းမ်ားကို အလြယ္တကူ ၾကည့္ရႈႏိုင္ရန္  Myanmar Education Guide Website တြင္ စီစဥ္ေပးထားလ်က္ ရွိသည္။ 
 
ျမန္မာႏိုင္ငံတဝန္းလုံးရွိ ဆယ္တန္းေအာင္စာရင္း ၾကည့္ရႈလိုသူမ်ားအေနျဖင့္ The Myanmar Education Guide Website ( www.edge.com.mm ) မွတစ္ဆင့္ ေအာင္စာရင္းမ်ားကို မိမိအိမ္တြင္ Phone သို႔မဟုတ္ Laptop ရွိ႐ုံျဖင့္ လြယ္ကူအဆင္ေျပစြာ တိုက္႐ိုက္ ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။ 
 
ေအာင္စာရင္းမ်ား တိုက္႐ိုက္ၾကည့္ရႈႏိုင္ရန္ … 
 
ေရွးဦးစြာ Phone သို႔မဟုတ္ Laptop Browser မွတစ္ဆင့္ www.edge.com.mm သို႔ ဝင္ပါ။
 
Website ထဲ ေရာက္ရွိၿပီး ေအာက္သို႔ အနည္းငယ္ဆင္းလိုက္ပါက “ ၂၀၂၀ ခုႏွစ္ - တကၠသိုလ္ဝင္ စာေမးပြဲေအာင္စာရင္း မာတိကာ “ ဟူေသာ ေခါင္းစဥ္ျဖင့္ Post တစ္ခုကို ေတြ႕ရပါလိမ့္မည္။
 
ထို Post ၏ပုံကို တစ္ခ်က္ထိၿပီး ဝင္ေရာက္လိုက္ပါက‌ ေနျပည္ေတာ္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ ၁၅ ခုအပါအဝင္ ႏိုင္ငံျခားမွ ေျဖဆိုသူမ်ားပါ ဝင္ေရာက္ၾကည့္ရႈႏိုင္ရန္ Button မ်ားျဖင့္ ေဖာ္ျပေပးထားသည္ကို ေတြ႕ရမည္ ျဖစ္သည္။ 
 
ထို႔ေနာက္ မိမိၾကည့္ရႈလိုေသာ တိုင္း သို႔မဟုတ္ ျပည္နယ္ကို တစ္ခ်က္ႏွိပ္၍ ဝင္ေရာက္ပါ။
 
စာစစ္ဌာနမ်ားကို ၿမိဳ႕နယ္မ်ားျဖင့္ အစဥ္လိုက္ ေတြ႕ရွိႏိုင္မွာ ျဖစ္ၿပီး မိမိေျဖဆိုေသာ စာစစ္ဌာန၏ ၿမိဳ႕နယ္ကို Click ႏွိပ္၍ ေ႐ြးခ်ယ္ပါ။
 
 
ၿပီးေနာက္ မိမိေျဖဆိုထားေသာ ေက်ာင္းကို ေ႐ြး၍ Click တစ္ခ်က္ႏွိပ္လိုက္႐ုံျဖင့္ ေအာင္စာရင္းမ်ားကို အလြယ္တကူ ဝင္ေရာက္ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။ 
 
ယခုလို Covid ကာလတြင္  ထိေတြ႕မႈကင္းရွင္းၿပီး လြယ္ကူအဆင္ေျပစြာ ေအာင္စာရင္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ၾကည့္ရႈႏိုင္ရန္ Myanmar Education Guide မွ Online Exam Result ကို စီစဥ္ေပးထားျခင္း ျဖစ္သည္။  
 
ျမန္မာႏိုင္ငံတြင္ Covid - 19 ေၾကာင့္ ေက်ာင္းမ်ား၊ ႐ုံးမ်ားႏွင့္ လုပ္ငန္းအခ်ိဳ႕ ရပ္ဆိုင္းထားရာမွ လက္ရွိတြင္ တေက်ာ့ျပန္ လည္ပတ္စျပဳေနၿပီ ျဖစ္သည္။ 
 
Myanmar Education Guide တြင္ ဆယ္တန္းစာေမးပြဲ ေအာင္စာရင္းမ်ားအျပင္ တကၠသိုလ္ေက်ာင္းသားမ်ား၊ ျပင္ပသင္တန္း ေလ့လာခ်င္သူမ်ားအတြက္ ပညာေရးႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ားႏွင့္ သတင္းအစုံအလင္ကိုလည္း အခ်ိန္ႏွင့္တေျပးညီ ရွာေဖြဖတ္ရႈႏိုင္ပါသည္။ 
 

Additional Info

  • Top Banner: WinMayMayHtay

Read 57 times Last modified on Wednesday, 05 August 2020 19:22
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.