Monday, 27 July 2020 19:44
FB_IMG_1595792831800.jpg
By WMMH (Mizzy)
[Unicode Version]
Grab Myanmar မှ မန္တလေးမြို့အတွက် ၎င်း၏ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုကို  ဇူလိုင်လ (၂၄) ရက်နေ့က
စတင်မိတ်ဆက်ခဲ့ပြီး အဓိကမြို့နယ် (၄) ခုဖြစ်သည့် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်နှင့် မဟာအောင်မြေမြို့နယ်များမှ GrabFood ဝန်ဆောင်မှုကို ရယူနိုင်မည် ဖြစ်သည်။
မှာယူရရှိနိုင်သော စားသောက်ဆိုင်များမှာ Lotteria၊ The Pizza Company၊ Manhattan Fish Market၊ YKKO စသည်တို့အပြင် Easy Ray၊ မိုးဝေကျော် လက်ဖက်ရည်ဆိုင်၊ Unique Mandalay Tea Room နှင့် NiMi Drinks စသည့် ပြည်တွင်း စားသောက်ဆိုင်လုပ်ငန်းများစွာလည်း ပါဝင်သည်။
မန္တလေးမြို့တော်သို့ GrabFood စတင်ရောက်ရှိလာခြင်း အထိမ်းအမှတ်အဖြစ် GrabFood အသုံးပြုသူ အသစ်များအား ပထမဦးဆုံးမှာယူသည့် အော်ဒါ (၂) ခုအတွက် အခမဲ့ ပို့ဆောင်ပေးမည့်အပြင် ငွေကျပ် (၃,၀၀၀) လျော့ဈေးကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါ အထူးလျှော့ဈေးကို ရယူနိုင်ရန်အတွက် အသုံးပြုသူအသစ်များအနေဖြင့် အနည်းဆုံး ငွေကျပ် (၅,၀၀၀) ဖိုး မှာယူရမည်ဖြစ်ကာ 'NEWFOODIE' ပရိုမိုကုဒ်ကို အသုံးပြုရမည် ဖြစ်ပြီး မှာယူမည့် အော်ဒါများကို မိနစ် ၃၀ အတွင်း အိမ်အရောက်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
GrabFood ဝန်ဆောင်မှုလုပ်ငန်းတွင် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်အဖြစ် လုပ်ကိုင်လိုသော မန္တလေးမြို့ရှိ အသေးစားနှင့် တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များ၊ မုန့်ဆိုင်ငယ်များအနေဖြင့် ဖုန်းနံပါတ် ၀၉ ၉၇၇ ၀၈၃ ၃၃၀ (သို့) အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
Grab Myanmar ၏ ခြေလှမ်းသစ်ဖြစ်သော GrabFood Mandalay သည် Covid ကာလအတွင်း ထိတွေ့မှုနည်းနိုင်စေမည့်အပြင် စားသောက်ဆိုင်လုပ်ငန်းများအတွက်လည်း ရောင်းအားမြှင့်တင်ရေးတွင် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။
Grab Mandalay ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
______________________________
[Zawgyi Version]
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးGrab Myanmar မှ မန္တလေးမြို့အတွက် ၎င်း၏ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုကို  ဇူလိုင်လ (၂၄) ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး အဓိကမြို့နယ် (၄) ခုဖြစ်သည့် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်နှင့် မဟာအောင်မြေမြို့နယ်များမှ GrabFood ဝန်ဆောင်မှုကို ရယူနိုင်မည် ဖြစ်သည်။
Read 106 times Last modified on Wednesday, 05 August 2020 19:22
Rate :
(0 votes)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.