Monday, 22 June 2020 13:49

Mandalay-Train-Station.jpg

 

မန္တလေးဘူတာကြီးမှ ရန်ကုန်နှင့် မြစ်ကြီးနားသို့ ရထားပြေးဆွဲနေမှုတွင် ဇွန်လ ၁၆ရက်နေ့တွင် ပြန်လည် တိုးချဲ့ပြေးဆွဲခဲ့ပြီး Social Distancing များကိုလည်း ဆောင်ရွက်ထားကြောင်း မြန်မာ့မီးရထား မန္တလေးဘူတာကြီး ရုံပိုင်ချုပ်ကြီးထံမှ သိရသည်။

" Social Distancing ရအောင် ခရီးသွားတွေကို နှစ်ယောက်ထိုင်ခုံတစ်ခုံ ကို ခရီးသည်တစ်ယောက်သာထိုင်ပြီး ရထားလက်မှတ်ခကို တစ်ယောက်ခပဲ ပေးဆောင်ပြီး လိုက်ပါစီးနင်းစေမှာဖြစ်ပါတယ်၊ ရထားလက်မှတ်နှုန်းထား တိုးမြှင့်ခြင်း မရှိပါဘူး၊ ယခင်နှုန်းထားတွေအတိုင်းပါပဲ၊ Covid-19 ကာလမှာ ကာကွယ်ရေးကို အဓိကကျတဲ့အတွက် Social Distancing အရ ထိုင်ခုံခြားပြီး ခရီးသည်တွေ ထိုင်စေရေးအတွက် ပြင်ဆင်ခြင်းဖြစ်ပါတယ်" ဟု မန္တလေးဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်းက ပြောသည်။

မန္တလေးဘူတာကြီးမှ ဇွန်လ ၁၆ ရက်နေ့မှစ၍ အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန် မန္တလေး- ရန်ကုန် လေအိတ်ရထားနှင့် အမှတ် (၅၇) အဆန်၊ အမှတ် (၅၈) အစုန် မန္တလေး-မြစ်ကြီးနားရထားတို့အား ယခင်အချိန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊

နေ့စဉ် အမှတ် (၄၁) အဆန်၊ အမှတ် (၄၂) အစုန် စာပို့ရထား၊ အမှတ် (၃) အဆန်၊ အမှတ် (၄) အစုန် ရန်ကုန်အမြန်ရထား၊ အမှတ် (၅၃) အဆန်၊ အမှတ် (၅၄) အစုန် ကောလင်း RBE ရထားများကိုလည်း ပြန်လည် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

" မန္တလေး-ရန်ကုန်အမှတ် (၄) အစုန်ရထားတစ်စီးတည်း ပြေးဆွဲတယ်၊ ခရီးသည်များလာတဲ့အတွက် Covid-19 ကပ်ရောဂါကို Social Distancing ရအောင် အမှတ် (၆)အစုန် မန္တလေး-ရန်ကုန် လေအိတ်ရထားကို ထပ်တိုးပြေးဆွဲပေးတာပါ၊ မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းမှာလည်းအမှတ် (၄၁) အဆန်ရထား တစ်စီးတည်း ပြေးဆွဲပေးရတော့ ခရီးသည်များလာတဲ့အတွက် အမှတ် (၅၇) အဆန် မန္တလေး-မြစ်ကြီးနားကို တစ်စီးထပ်တိုးပြေးဆွဲပေးသွားမှာပါ၊ နိုင်ငံတော်ကနေ ဖြေလျှော့မှုတွေလုပ်နေတဲ့အတွက် ဇွန်လ ၅ ရက်နေ့က မန္တလေး-ကောလင်း RBE ရထား တိုးချဲ့ပြေးဆွဲပေးခဲ့တယ်။ " ဟု မန္တလေးဘူတာကြီးမှ ရုံပိုင်ချုပ်ကြီးမှ ဆက်လက် ပြောကြားသည်။

မန္တလေးဘူတာကြီးတွင် Covid-19 ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ Hand Gel ဖြင့် လက်ဆေးစေခြင်း၊ Covid-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများကို LED ဘုတ်များဖြင့် အသိပညာပေးခြင်းများနှင့် ခရီးသည်နားနေသည့် ထိုင်ခုံများကို တစ်ခုံခြားစီ ထိုင်စေခြင်းများ စသည်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI

==============================

မႏၲေလးရထားမ်ားတြင္ ႏွစ္ေယာက္ခုံတစ္ခုံလွ်င္ ခရီးသည္တစ္ဦးသာ စီးနင္းခြင့္ျပဳ

မႏၲေလးဘူတာႀကီးမွ ရန္ကုန္ႏွင့္ ျမစ္ႀကီးနားသို႔ ရထားေျပးဆြဲေနမႈတြင္ ဇြန္လ ၁၆ရက္ေန႔တြင္ ျပန္လည္ တိုးခ်ဲ႕ေျပးဆြဲခဲ့ၿပီး Social Distancing မ်ားကိုလည္း ေဆာင္႐ြက္ထားေၾကာင္း ျမန္မာ့မီးရထား မႏၲေလးဘူတာႀကီး ႐ုံပိုင္ခ်ဳပ္ႀကီးထံမွ သိရသည္။

" Social Distancing ရေအာင္ ခရီးသြားေတြကို ႏွစ္ေယာက္ထိုင္ခုံတစ္ခုံ ကို ခရီးသည္တစ္ေယာက္သာထိုင္ၿပီး ရထားလက္မွတ္ခကို တစ္ေယာက္ခပဲ ေပးေဆာင္ၿပီး လိုက္ပါစီးနင္းေစမွာျဖစ္ပါတယ္၊ ရထားလက္မွတ္ႏႈန္းထား တိုးျမႇင့္ျခင္း မရွိပါဘူး၊ ယခင္ႏႈန္းထားေတြအတိုင္းပါပဲ၊ Covid-19 ကာလမွာ ကာကြယ္ေရးကို အဓိကက်တဲ့အတြက္ Social Distancing အရ ထိုင္ခုံျခားၿပီး ခရီးသည္ေတြ ထိုင္ေစေရးအတြက္ ျပင္ဆင္ျခင္းျဖစ္ပါတယ္" ဟု မႏၲေလးဘူတာႀကီးမွ ႐ုံပိုင္ခ်ဳပ္ႀကီး ဦးျမင့္သိန္းက ေျပာသည္။

မႏၲေလးဘူတာႀကီးမွ ဇြန္လ ၁၆ ရက္ေန႔မွစ၍ အမွတ္ (၅) အဆန္၊ အမွတ္ (၆) အစုန္ မႏၲေလး- ရန္ကုန္ ေလအိတ္ရထားႏွင့္ အမွတ္ (၅၇) အဆန္၊ အမွတ္ (၅၈) အစုန္ မႏၲေလး-ျမစ္ႀကီးနားရထားတို႔အား ယခင္အခ်ိန္အတိုင္း ျပန္လည္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း၊

ေန႔စဥ္ အမွတ္ (၄၁) အဆန္၊ အမွတ္ (၄၂) အစုန္ စာပို႔ရထား၊ အမွတ္ (၃) အဆန္၊ အမွတ္ (၄) အစုန္ ရန္ကုန္အျမန္ရထား၊ အမွတ္ (၅၃) အဆန္၊ အမွတ္ (၅၄) အစုန္ ေကာလင္း RBE ရထားမ်ားကိုလည္း ျပန္လည္ ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

" မႏၲေလး-ရန္ကုန္အမွတ္ (၄) အစုန္ရထားတစ္စီးတည္း ေျပးဆြဲတယ္၊ ခရီးသည္မ်ားလာတဲ့အတြက္ Covid-19 ကပ္ေရာဂါကို Social Distancing ရေအာင္ အမွတ္ (၆)အစုန္ မႏၲေလး-ရန္ကုန္ ေလအိတ္ရထားကို ထပ္တိုးေျပးဆြဲေပးတာပါ၊ မႏၲေလး-ျမစ္ႀကီးနားရထားလမ္းပိုင္းမွာလည္းအမွတ္ (၄၁) အဆန္ရထား တစ္စီးတည္း ေျပးဆြဲေပးရေတာ့ ခရီးသည္မ်ားလာတဲ့အတြက္ အမွတ္ (၅၇) အဆန္ မႏၲေလး-ျမစ္ႀကီးနားကို တစ္စီးထပ္တိုးေျပးဆြဲေပးသြားမွာပါ၊ ႏိုင္ငံေတာ္ကေန ေျဖေလွ်ာ့မႈေတြလုပ္ေနတဲ့အတြက္ ဇြန္လ ၅ ရက္ေန႔က မႏၲေလး-ေကာလင္း RBE ရထား တိုးခ်ဲ႕ေျပးဆြဲေပးခဲ့တယ္။ " ဟု မႏၲေလးဘူတာႀကီးမွ ႐ုံပိုင္ခ်ဳပ္ႀကီးမွ ဆက္လက္ ေျပာၾကားသည္။

မႏၲေလးဘူတာႀကီးတြင္ Covid-19 ေရာဂါ ကူးစက္မႈမွ ကာကြယ္ႏိုင္ရန္အတြက္ ကိုယ္အပူခ်ိန္တိုင္းတာစစ္ေဆးျခင္း၊ Hand Gel ျဖင့္ လက္ေဆးေစျခင္း၊ Covid-19 ေရာဂါ ကာကြယ္ေရး နည္းလမ္းမ်ားကို LED ဘုတ္မ်ားျဖင့္ အသိပညာေပးျခင္းမ်ားႏွင့္ ခရီးသည္နားေနသည့္ ထိုင္ခုံမ်ားကို တစ္ခုံျခားစီ ထိုင္ေစျခင္းမ်ား စသည္ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

MOI


Read 158 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.