Thursday, 26 March 2020 17:44

st 20170318 kgask18a 3011713












Read More>>> COVID -19 ရောဂါကာကွယ်ရေးအတွက် မန္တလေးမြို့မှ ပြေးဆွဲနေသည့် အဲကွန်းယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်မည်

90670015_1290890041106076_8331872658840879104_n.jpg

Mandalay Directory


### Zawgyi Code

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ ကြက်ဥ၊ ကြက်သားများ လက်လီဈေးနှုန်း မပြောင်းလဲဘဲ ရောင်းချပေးမည်

ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါကြောင့် စားသုံးသူများ ကုန်ဈေးနှုန်းကြီးမြှင့်ခြင်း စိုးရိမ်ပူပန်မှုမရှိစေရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ ကြက်ဥ၊ ကြက်သားများကို (၃၁-၃-၂၀၂၀) နေ့အထိ လက်လီဈေးနှုန်း မပြောင်းလဲဘဲ ကြက်ဥ(၁၁)လုံး (၁,၀၀၀) ကျပ် (ပုံမှန်ဆိုဒ်)၊ ကြက်သား (တစ်ပိဿာ) (၄,၂၀၀) ကျပ် (အပယ်လွတ်) ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

လက်လီဈေးနှုန်း မပြောင်းလဲဘဲ ရောင်းချပေးမည့် ဆိုင်များ

(၁) ကြက်ဥဝယ်ယူရရှိနိုင်သည့် ဆိုင်များ

- နေသူရိန် (အမှတ်(၁၀၈) ၃၉လမ်း၊ ၈၄×၈၅လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။) ဖုန်း နံပါတ် ၀၉-၈၉၆၈၀၂၃၁၆။

- ကြည်ပြာ (အမှတ်(၂၀)၊ တိုးချဲ့-၄၊ မှန်တန်းရပ်၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။) ဖုန်းနံပါတ် ၀၉-၅၁၃၈၆၅၅။

- စမ်းရေ နတ်ရေကန် (ငါးမွေးမြူရေးစခန်း(၃)အနီး၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။) ဖုန်းနံပါတ် ၀၉-၂၀၂၀၁၈၅။

- CP (၃၇လမ်း၊ ၇၃×၇၄လမ်းကြား၊ မန္တလေးမြို့။ ) ဖုန်းနံပါတ် ၀၉-၄၂၈၃၂၅၈၅၁၊ ၀၉-၉၇၇၈၇၁၅၆၇။

- Egg Mandalay (အခန်းအမှတ်(6D) ၊ သာယာဝတီမင်းကြီးလမ်း၊ ကျွဲဆည်ကန်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။) ဖုန်းနံပါတ် ၀၉-၂၅၁၉၀၀၄၀၀။

(၂) ကြက်သားဝယ်ယူရရှိနိုင်သည့် ဆိုင်များ

- စမ်းရေနတ်ရေကန် (ငါးမွေးမြူရေးစခန်း(၃)အနီး၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။) ဖုန်းနံပါတ် ၀၉-၂၀၂၀၁၈၅။

- လဝမ်းပြည့် (၁၀၂×၁၀၃၊ ၅၉×၆၀လမ်းကြား၊ မန္တလေးမြို့။) ဖုန်းနံပါတ် ၀၉-၇၉၇၄၂၅၆၀၈ တို့မှာ ဝယ်ယူနိုင်ပါတယ်။

Mandalay Directory

Nilar Myot Win (Myingyan)


Read 160 times
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.