Thursday, 26 March 2020 17:32

cartran

မႏၲေလးၿမိဳ႕ရွိ အေဝးေျပးယာဥ္ရပ္နားစခန္းငါးခုမွ ေျပးဆြဲေနသည့္ အဲကြန္းယာဥ္မ်ားတြင္ စီးနင္းလိုက္ပါၾကသည့္ ခရီးသြားျပည္သူမ်ား COVID-19 ေရာဂါ ကူးစက္မႈမရွိေစရန္ ၎ယာဥ္မ်ားေပၚတြင္ ပိုးသတ္ေဆးဖ်န္းျခင္းလုပ္ငန္း မ်ားကို မၾကာမီရက္ပိုင္းအတြင္း စတင္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီး အေဝးေျပးယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈေကာ္မတီ(ဗဟို)ဥကၠ႒ ဦးေအာင္ေက်ာ္လင္းက ေျပာသည္။

အဆိုပါေကာ္မတီမွ ခရီးသြားျပည္သူမ်ား COVID-19 ေရာဂါ ကူးစက္မႈမရွိေစေရးအတြက္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းအျဖစ္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၄ ရက္မွစ၍ မႏၲေလးၿမိဳ႕ရွိ အေဝးေျပးယာဥ္ရပ္နားစခန္းမ်ားတြင္ အသိပညာေပးလက္ကမ္းစာေစာင္မ်ားျဖန႔္ေဝျခင္း၊ ယာဥ္မ်ားေပၚတြင္ပါရွိသည့္ ယာဥ္မယ္၊ ယာဥ္ေမာင္မ်ားက COVID-19 ေရာဂါကာကြယ္ရမည့္ နည္းလမ္းမ်ားကို ခရီးသည္မ်ားအား ရွင္းလင္းေျပာၾကားျခင္းမ်ားအျပင္ ထပ္မံ၍ ကားဝင္း အတြင္းရွိ သက္ဆိုင္ရာကားဂိတ္အသီးသီတြင္ ကားေပၚ မတက္ခင္၌ လက္ကိုသန္႔ရွင္းစင္ၾကယ္စြာ ေဆးေၾကာႏိုင္ေစရန္ လက္သန႔္ေဆးရည္မ်ားထားရွိၿပီး ကားေပၚတြင္လည္း လက္သန္႔ေဆးရည္ပုလင္းမ်ား ထားရွိေပးထားေၾကာင္းႏွင့္ အေဝးေျပးကားဝင္းအတြင္း၌လည္း ပိုးသတ္ေဆးဖ်န္းျခင္းလုပ္ငန္းမ်ားကို ကြင္းအလိုက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Read More>>> မႏၲေလးတိုင္းေဒသႀကီးအတြင္း COVID-19 ေရာဂါမျဖစ္ပြားေစေရးအတြက္ ရက္တို/ရက္ရွည္ ခရီးသြားၿပီး ျပန္လာသူတိုင္း Quarantine ခံယူရန္ ထုတ္ျပန္ထား

"ကားမထြက္ခင္ တစ္နာရီနဲ႔ ႏွစ္နာရီၾကား အဲဒီကားေပၚမွာ ပိုးသတ္ေဆးဖ်န္းေပးတဲ့လုပ္ငန္းကို ေဆာင္႐ြက္ေပးေတာ့မွာျဖစ္တယ္၊ ခရီးသြားျပည္သူေတြအေနနဲ႔လည္း ဒီေရာဂါပိုးအႏၲရာယ္က ကာကြယ္ႏိုင္ဖို႔ ကားေပၚမတက္ ခင္မွာ ကြၽန္ေတာ္တို႔ ကားဂိတ္ေတြမွာထားရွိတဲ့ လက္သန္႔ေဆးရည္ကိုအသုံးျပဳၿပီး လက္ကိုစင္ၾကယ္စြာေဆးေၾကာၿပီးမွ ကားေပၚတက္ၾကဖို႔ ေျပာလိုပါတယ္"ဟု ၎က ဆက္လက္ေျပာျပသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအခြန္ဌာနမွ ျပည္ႀကီးမ်က္ရွင္ ယာဥ္ရပ္နားစခန္း ဒုတိယတာဝန္ခံ ေဒၚေစာေစာဦးကလည္း " မႏၲေလးၿမိဳ႕ေပၚမွာရွိတဲ့ ယာဥ္ လိုင္းအသီးသီးကို ဒီေရာဂါနဲ႔ပတ္သက္ၿပီး ေဆာင္ရန္၊ ေရွာင္ ရန္အခ်က္ေတြကိုသိရွိေစဖို႔ လက္ကမ္းစာေစာင္ေတြကို မတ္ ၂၀ ရက္က ျဖန႔္ေဝထားၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ ယာဥ္ေပၚမတက္ခင္မွာခရီးသြားေတြကိုတိုင္းတာတဲ့ အပူ ခ်ိန္တိုင္းကိရိယာမွာ သာမန္အပူခ်ိန္ထက္ ပိုၿပီးျမင့္မား ေနမယ္ဆိုရင္ နီးစပ္ရာက်န္းမာေရးဌာနကို အေၾကာင္း ၾကားႏိုင္ဖို႔ ဖုန္းနံပါတ္ေတြလည္း ကားတိုင္းမွာအသိေပး စာေတြကပ္ထားတဲ့အျပင္ လက္ေဆးကန္ေတြလည္း ကားကြင္းတိုင္းမွာလုပ္ေပးထားပါတယ္" ဟု ေျပာသည္။

Read More>>> မႏၲေလးတိုင္းေဒသႀကီးမွ ႐ြာေပါင္း၂၈၅ ႐ြာသို႔ တစ္႐ြာလွ်င္က်ပ္သိန္း ၁၀၀ ႏႈန္း ေထာက္ပံ့သြားမည္

မႏၲေလးၿမိဳ႕၌ ခရီးသြားျပည္သူမ်ား ေနရာေဒသ အသီးသီးသို႔ အဆင္ေျပစြာ စီးနင္းသြားလာႏိုင္ေစေရး အတြက္ အေဝးေျပးယာဥ္ရပ္နားစခန္းငါးခုကို ဖြင့္လွစ္ထား ရွိၿပီး အဆိုပါယာဥ္ရပ္နားစခန္းအသီးသီးမွ ယာဥ္အမ်ိဳး အစားစုံလင္စြာျဖင့္ ေန႔စဥ္ ယာဥ္အစီးေရ ၁၀,၀၀၀ ေက်ာ္ ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

Ref: Mandalay News Journal

### Zawgyi Code

COVID -19 ရောဂါကာကွယ်ရေးအတွက် မန္တလေးမြို့မှ ပြေးဆွဲနေသည့် အဲကွန်းယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်မည်

မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းငါးခုမှ ပြေးဆွဲနေသည့် အဲကွန်းယာဉ်များတွင် စီးနင်းလိုက်ပါကြသည့် ခရီးသွားပြည်သူများ COVID-19 ရောဂါ ကူးစက်မှုမရှိစေရန် ၎င်းယာဉ်များပေါ်တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း များကို မကြာမီရက်ပိုင်းအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

အဆိုပါကော်မတီမှ ခရီးသွားပြည်သူများ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ယာဉ်များပေါ်တွင်ပါရှိသည့် ယာဉ်မယ်၊ ယာဉ်မောင်များက COVID-19 ရောဂါကာကွယ်ရမည့် နည်းလမ်းများကို ခရီးသည်များအား ရှင်းလင်းပြောကြားခြင်းများအပြင် ထပ်မံ၍ ကားဝင်း အတွင်းရှိ သက်ဆိုင်ရာကားဂိတ်အသီးသီတွင် ကားပေါ် မတက်ခင်၌ လက်ကိုသန့်ရှင်းစင်ကြယ်စွာ ဆေးကြောနိုင်စေရန် လက်သန့်ဆေးရည်များထားရှိပြီး ကားပေါ်တွင်လည်း လက်သန့်ဆေးရည်ပုလင်းများ ထားရှိပေးထားကြောင်းနှင့် အဝေးပြေးကားဝင်းအတွင်း၌လည်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကွင်းအလိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ကားမထွက်ခင် တစ်နာရီနဲ့ နှစ်နာရီကြား အဲဒီကားပေါ်မှာ ပိုးသတ်ဆေးဖျန်းပေးတဲ့လုပ်ငန်းကို ဆောင်ရွက်ပေးတော့မှာဖြစ်တယ်၊ ခရီးသွားပြည်သူတွေအနေနဲ့လည်း ဒီရောဂါပိုးအန္တရာယ်က ကာကွယ်နိုင်ဖို့ ကားပေါ်မတက် ခင်မှာ ကျွန်တော်တို့ ကားဂိတ်တွေမှာထားရှိတဲ့ လက်သန့်ဆေးရည်ကိုအသုံးပြုပြီး လက်ကိုစင်ကြယ်စွာဆေးကြောပြီးမှ ကားပေါ်တက်ကြဖို့ ပြောလိုပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း ဒုတိယတာဝန်ခံ ဒေါ်စောစောဦးကလည်း " မန္တလေးမြို့ပေါ်မှာရှိတဲ့ ယာဉ် လိုင်းအသီးသီးကို ဒီရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင် ရန်အချက်တွေကိုသိရှိစေဖို့ လက်ကမ်းစာစောင်တွေကို မတ် ၂၀ ရက်က ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်ပေါ်မတက်ခင်မှာခရီးသွားတွေကိုတိုင်းတာတဲ့ အပူ ချိန်တိုင်းကိရိယာမှာ သာမန်အပူချိန်ထက် ပိုပြီးမြင့်မား နေမယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာနကို အကြောင်း ကြားနိုင်ဖို့ ဖုန်းနံပါတ်တွေလည်း ကားတိုင်းမှာအသိပေး စာတွေကပ်ထားတဲ့အပြင် လက်ဆေးကန်တွေလည်း ကားကွင်းတိုင်းမှာလုပ်ပေးထားပါတယ်" ဟု ပြောသည်။

မန္တလေးမြို့၌ ခရီးသွားပြည်သူများ နေရာဒေသ အသီးသီးသို့ အဆင်ပြေစွာ စီးနင်းသွားလာနိုင်စေရေး အတွက် အဝေးပြေးယာဉ်ရပ်နားစခန်းငါးခုကို ဖွင့်လှစ်ထား ရှိပြီး အဆိုပါယာဉ်ရပ်နားစခန်းအသီးသီးမှ ယာဉ်အမျိုး အစားစုံလင်စွာဖြင့် နေ့စဉ် ယာဉ်အစီးရေ ၁၀,၀၀၀ ကျော် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

Ref: Mandalay News Journal


Read 66 times
Rate :
(16 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.