Thursday, 26 March 2020 17:14

15kings palace mandalay myanmar thesanetravel.com 1620600

မႏၲေလးတိုင္းေဒသႀကီးအတြင္း Coronavirus Disease 2019 (COVID-19) ေရာဂါ မျဖစ္ပြားေစေရးအတြက္ ၂၀၂၀ ျပည့္ႏွစ္ မတ္လ ၂၁ ရက္တြင္ ေဒသႏၲရအမိန္႔ကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က လက္မွတ္ေရးထိုး ထုတ္ျပန္ထားေၾကာင္း သိရပါတယ္။

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔အေနျဖင့္ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္ေရးအတြက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ ၫႊန္ၾကားခ်က္ကို လိုက္နာေဆာင္႐ြက္လ်က္ရွိပါတယ္။

Read More>>> ပင္စင္စားမ်ားအေနျဖင့္ ဘဏ္ဖြင့္သည့္ေန႔တိုင္း ပင္စင္လစာေငြမ်ား သက္ဆိုင္ရာ ဘဏ္မ်ားတြင္ လာေရာက္ထုတ္ယူနိုင္

ထို႔အျပင္ မႏၲေလးတိုင္းေဒသႀကီး Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး၊ တိုင္းေဒသႀကီးအဆင့္ လုပ္ငန္းေကာ္မတီ၊ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ လုပ္ငန္းေကာ္မတီမ်ားကို ဖြဲ႕စည္းၿပီး ေရာဂါႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို တိုင္းေဒသႀကီးအတြင္းရွိ အဖြဲ႕အစည္းအသီးသီးႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါတယ္။

(က) ျပည္ပႏိုင္ငံမ်ားသို႔ ရက္တို/ရက္ရွည္၊ အစည္းအေဝး၊ သင္တန္း၊ ေလ့လာေရးခရီးသြားေရာက္ၿပီး ျပန္လည္ေရာက္ရွိလာသူမ်ား၊ ျပည္ပႏိုင္ငံမ်ားတြင္ အလုပ္သြားေရာက္လုပ္ကိုင္ၿပီး ျပန္လည္ေရာက္ရွိလာသူမ်ားအေနျဖင့္ နီးစပ္ရာက်န္းမာေရးဌာနသို႔ သြားေရာက္သတင္းပို႔ၿပီး က်န္းမာေရး စစ္ေဆးမႈခံယူရန္။

(ခ) က်န္းမာေရးစစ္ေဆးမႈခံယူၿပီးေနာက္ သံသယျဖစ္ဖြယ္ ေရာဂါလကၡဏာမ်ား ေတြ႕ရွိပါက က်န္းမာေရးဌာနက သတ္မွတ္ထားေသာ ေဆး႐ုံတစ္ခုခုတြင္လည္းေကာင္း၊ ေရာဂါလကၡဏာမေတြ႕ရွိပါက သတ္မွတ္ထားေသာ အျခားေနရာတစ္ခုတြင္လည္းေကာင္း (၁၄)ရက္ Quarantine ခံယူရန္။

Read More>>> မတ္လအတြင္း မႏၱေလးၿမိဳ႕တြင္ စက္သံုးဆီေစ်းမ်ား ဆက္တိုက္က်ဆင္းလာ

ဤေဒသႏၲရအမိန္႔ ေၾကညာခ်က္သည္ ထုတ္ျပန္သည့္ေန႔မွစ၍ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔အထိ အတည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားေၾကာင္း သိရပါတယ္။

Ref: MandalayJournal

### Zawgyi Code

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါမဖြစ်ပွားစေရေးအတွက် ရက်တို/ရက်ရှည် ခရီးသွားပြီး ပြန်လာသူတိုင်း Quarantine ခံယူရန် ထုတ်ပြန်ထား

မန္တလေးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ မဖြစ်ပွားစေရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်တွင် ဒေသန္တရအမိန့်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ၊ ခရိုင်နှင့်မြို့နယ်အဆင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

(က) ပြည်ပနိုင်ငံများသို့ ရက်တို/ရက်ရှည်၊ အစည်းအဝေး၊ သင်တန်း၊ လေ့လာရေးခရီးသွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူများ၊ ပြည်ပနိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်သတင်းပို့ပြီး ကျန်းမာရေး စစ်ဆေးမှုခံယူရန်။

(ခ) ကျန်းမာရေးစစ်ဆေးမှုခံယူပြီးနောက် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးဌာနက သတ်မှတ်ထားသော ဆေးရုံတစ်ခုခုတွင်လည်းကောင်း၊ ရောဂါလက္ခဏာမတွေ့ရှိပါက သတ်မှတ်ထားသော အခြားနေရာတစ်ခုတွင်လည်းကောင်း (၁၄)ရက် Quarantine ခံယူရန်။

ဤဒေသန္တရအမိန့် ကြေညာချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။

Ref: MandalayJournal

 


Read 147 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.