Thursday, 26 March 2020 16:53

banks

ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ ပင္စင္လစာထုတ္ယူျခင္းမ်ားကို လစဥ္ ႐ုံးဖြင့္ရက္ ၂၁ ရက္ေန႔တစ္ရက္တည္းတြင္သာ စုၿပဳံထုတ္ယူရန္မလိုအပ္ဘဲ မိမိ အဆင္ေျပမည့္ အျခားဘဏ္ဖြင့္သည့္ ရက္မ်ားတြင္လည္း လြယ္ကူအဆင္ေျပစြာ ထုတ္ယူႏိုင္ရန္ ေဆာင္႐ြက္ေပးထားၿပီး ပင္စင္စားမ်ားသို႔လည္း အသိေပးအေၾကာင္းၾကားထားၿပီးျဖစ္ပါသည္။

ထို႔အျပင္ ပင္စင္လစာေငြမ်ားကို ဘဏ္တြင္ ေငြစာရင္းဖြင့္လွစ္ထည့္သြင္း၍ လိုအပ္ခ်ိန္တြင္ အဆိုပါေငြစာရင္းမွ ထုတ္ယူျခင္းျဖင့္လည္းေကာင္း၊ ATM စာရင္း ဖြင့္လွစ္၍ ATM စက္မ်ားမွ ထုတ္ယူျခင္းျဖင့္လည္းေကာင္း၊ Myanmar Mobile Money (MMM) စနစ္ႏွင့္ Wave Money စနစ္တို႔ကို အသုံးျပဳ၍ လည္းေကာင္း နီးစပ္ရာ Mobile Agent မ်ားတြင္ ထုတ္ယူႏိုင္ရန္ ေဆာင္႐ြက္ေပးထားၿပီး ပင္စင္စား မ်ားသို႔လည္း အသိေပးအေၾကာင္းၾကားထားၿပီး ျဖစ္ပါသည္။

Read More>>> ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ ဘဏ္ႏွင့္ ATM စက္မ်ားတြင္ ေငြသားထုတ္ယူမႈ ပံုမွန္ထက္ပိုမိုေဆာင္ရြက္ေပးရန္ ညြန္ၾကားထား

ယခုအခါ မိဘပင္စင္စားမ်ားအေနျဖင့္ Coronavirus Disease 2019 (CoVID-19)ကူးစက္ေရာဂါ ကာကြယ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ ဘဏ္မ်ားတြင္ မိမိတို႔၏ ပင္စင္လစာေငြမ်ားကို လစဥ္ ၂၁ ရက္ တစ္ရက္တည္းတြင္သာ စုၿပဳံထုတ္ယူျခင္းအစား လစဥ္၂၁ ရက္ေနာက္ပိုင္း ဘဏ္ဖြင့္သည့္ ရက္မ်ားတြင္လည္း ထုတ္ယူျခင္းျဖင့္လည္းေကာင္း၊ Mobile Money စနစ္ အသုံးျပဳ၍ နီးစပ္ရာ Mobile Agent မ်ားတြင္ ထုတ္ယူျခင္းတို႔ျဖင့္ လြယ္ကူအဆင္ေျပစြာထုတ္ယူၾကပါရန္ အသိေပးပန္ၾကားအပ္ပါသည္။

Read More>>> ဗဟိုဘဏ္မွ ဘဏ္အတိုးႏႈန္းမ်ား ထပ္မံ ေလွ်ာ့ခ်မည္

###Zawgyi Code

ပင်စင်စားများအနေဖြင့် ဘဏ်ဖွင့်သည့်နေ့တိုင်း ပင်စင်လစာငွေများ သက်ဆိုင်ရာ ဘဏ်များတွင် လာရောက်ထုတ်ယူနိုင်

မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူခြင်းများကို လစဉ် ရုံးဖွင့်ရက် ၂၁ ရက်နေ့တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိ အဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့် ရက်များတွင်လည်း လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီး ပင်စင်စားများသို့လည်း အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။

ထို့အပြင် ပင်စင်လစာငွေများကို ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါငွေစာရင်းမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ ATM စာရင်း ဖွင့်လှစ်၍ ATM စက်များမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍ လည်းကောင်း နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီး ပင်စင်စား များသို့လည်း အသိပေးအကြောင်းကြားထားပြီး ဖြစ်ပါသည်။

ယခုအခါ မိဘပင်စင်စားများအနေဖြင့် Coronavirus Disease 2019 (CoVID-19)ကူးစက်ရောဂါ ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဘဏ်များတွင် မိမိတို့၏ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ်၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင်လည်း ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Mobile Money စနစ် အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ဖြင့် လွယ်ကူအဆင်ပြေစွာထုတ်ယူကြပါရန် အသိပေးပန်ကြားအပ်ပါသည်။


Read 116 times
Rate :
(11 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.