Wednesday, 26 February 2020 10:57

maxresdefault

စမတ္စီးတီးဆုရရွိထားတဲ့ မႏၲေလးၿမိဳ႕မွာ ၿမိဳ႕သူၿမိဳ႕သားေတြအေနနဲ႔ အခြန္အခေပးေဆာင္တာေတြ၊ ေဈးဝယ္တာေတြကို ဖုန္းကေန ေငြေပးေခ်ႏိုင္မယ့္ စနစ္မၾကာခင္ စတင္ေတာ့မယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္က ေၾကညာထားပါတယ္။

ဖုန္းနဲ႔ ေငြေပးေခ်ႏိုင္မယ့္ Mandalay Smart Pay (MSP Wallet)ကို မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီပိုင္ ရတနာပုံဘဏ္နဲ႔ 2C2P Co.Ltd တို႔ ပူးေပါင္း အေကာင္အထည္ေဖာ္ၿပီး လာမယ့္ မတ္လ ၁၄ ရက္မွာ စတင္မိတ္ဆက္ေပးမယ္လို႔ သိရပါတယ္။

Read More>>>မနၱေလး ရတနာေမာလ္အား ရတနာပံုေစ်း (၆)လႊာသို႔ ယာယီေျပာင္းေရႊ႕ ဖြင့္လွစ္မည္

ဒီစနစ္ကို ေထာက္ပံ့တဲ့ကုမၸဏီက အခမဲ့ကူညီတာျဖစ္သလို သုံးစြဲသူေတြအားလုံးအတြက္လည္း အခေၾကးေငြျဖတ္ေတာက္တာ လုံးဝမရွိဘူးလို႔ သိရပါတယ္။

ေလာေလာဆယ္ အိမ္ခြန္၊ ေျမခြန္၊ မီးခြန္၊ ေရခြန္၊ အမႈိက္သိမ္းဆည္းခေတြကို ဘီလ္လာေဝတဲ့သူကို mobile transfer နဲ႔ေပးလို႔ရမွာျဖစ္ၿပီး ေနာက္ ၂ လအတြင္း QR code ပါတဲ့ ဘီလ္ေတြ ထုတ္ေပးႏိုင္ေတာ့မွာျဖစ္လို႔ ဘီလ္မွာပါတဲ့ QR Code ကို Scan လုပ္ၿပီး အခ်ိန္မေ႐ြး ၂၄ နာရီ ေပးေခ်ႏိုင္ေတာ့မယ္လို႔ မႏၱေလးၿမိဳ႕ေတာ္ဝန္က ဆိုပါတယ္။

အေကာင့္ထဲကို ေငြျဖည့္ဖို႔အတြက္ အခြန္ေကာက္ဝန္ထမ္းကတဆင့္ ေငြျဖည့္ႏိုင္ဖို႔ စီစဥ္ထားသလို အေကာင့္မရွိသူေတြအေနနဲ႔လည္း အဲဒီဝန္ထမ္းဆီမွာ အေကာင့္ဖြင့္တာကို လုပ္ႏိုင္မယ္လို႔ သိရပါတယ္။

ဒါ့အျပင္ စည္ပင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးေတြ၊ AYA ဘဏ္ခြဲအားလုံး၊ ရတနာပုံဘဏ္၊ convenient stores ေတြမွာလည္း လုပ္လို႔ရမွာျဖစ္ၿပီး စတင္လည္ပတ္ၿပီးရင္လည္း တျခားဘဏ္ေတြနဲ႔ ခ်ိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

Read More>>> မႏၱေလးၿမိဳ႕တြင္ သၾကၤန္ပြဲေတာ္အခါ စင္ထိုးျခင္းမ်ားႏွင့္ ေရကစားမ႑ပ္ႀကီးမ်ားကို ေပ ၁၅၀ ထက္ေက်ာ္၍ ေဆာက္လုပ္ခြင့္မျပဳ

ကုန္စုံဆိုင္ေတြနဲ႔ လမ္းေဘးဆိုင္ေတြမွာပါ ေငြျဖည့္လို႔ ရႏိုင္ေရး ဆက္ႀကိဳးစားေနၿပီး Game card ေတြ၊ ကားလက္မွတ္၊ ေလယာဥ္လက္မွတ္ေတြကိုလည္း MSP ကေန ေငြေပးေခ်ႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဒီအေကာင့္ကေန ေငြလႊဲ ေငြထုတ္ရာမွာ တႀကိမ္မွာ က်ပ္ ၅ သိန္းအထိ၊ တရက္မွာ ၃ ႀကိမ္လႊဲႏိုင္ၿပီး ၁၀ သိန္းအထိ လႊဲလို႔ ထုတ္လို႔ရမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ Convenient stores ေတြ၊ Supermarket ေတြကအစ လမ္းေဘးကုန္စုံဆိုင္ေတြ၊ ေဆးဆိုင္ေတြအဆုံး သုံးလို႔ရႏိုင္ဖို႔အထိပါ စီစဥ္ေနၿပီး လက္ဖက္ရည္ဆိုင္၊ ကြမ္းယာဆိုင္ေဈးေတြအထိပါ အသုံးျပဳၾကဖို႔လည္း ၿမိဳ႕ေတာ္ဝန္က တိုက္တြန္းထားပါတယ္။

Read More>>> စြန္႔ပစ္ပစၥည္းမ်ားကို App ကတစ္ဆင့္ ေရာင္းဝယ္နိုင္မည့္ Recycle Myanmar

87990766_2630507130379832_5471427214253752320_n.jpg

 

87375434 1080343425661289 6818154986334060544 n

88039922_2630507240379821_2878715844622286848_n.jpg

87248566_2630507303713148_1110692875051466752_n.jpg

Mandalay Directory.com

Ref: Mandalay City Development Committee

### Zawgyi Code

မန္တလေးမြို့တွင် အခွန်အခများကို ဖုန်းဖြင့်ပေးချေနိုင်သည့် စနစ်သစ် စတင်မည်

စမတ်စီးတီးဆုရရှိထားတဲ့ မန္တလေးမြို့မှာ မြို့သူမြို့သားတွေအနေနဲ့ အခွန်အခပေးဆောင်တာတွေ၊ ဈေးဝယ်တာတွေကို ဖုန်းကနေ ငွေပေးချေနိုင်မယ့် စနစ်မကြာခင် စတင်တော့မယ်လို့ မန္တလေးမြို့တော်ဝန်က ကြေညာထားပါတယ်။

ဖုန်းနဲ့ ငွေပေးချေနိုင်မယ့် Mandalay Smart Pay (MSP Wallet)ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ရတနာပုံဘဏ်နဲ့ 2C2P Co.Ltd တို့ ပူးပေါင်း အကောင်အထည်ဖော်ပြီး လာမယ့် မတ်လ ၁၄ ရက်မှာ စတင်မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။

ဒီစနစ်ကို ထောက်ပံ့တဲ့ကုမ္ပဏီက အခမဲ့ကူညီတာဖြစ်သလို သုံးစွဲသူတွေအားလုံးအတွက်လည်း အခကြေးငွေဖြတ်တောက်တာ လုံးဝမရှိဘူးလို့ သိရပါတယ်။

လောလောဆယ် အိမ်ခွန်၊ မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်သိမ်းဆည်းခတွေကို ဘီလ်လာဝေတဲ့သူကို mobile transfer နဲ့ပေးလို့ရမှာဖြစ်ပြီး နောက် ၂ လအတွင်း QR code ပါတဲ့ ဘီလ်တွေ ထုတ်ပေးနိုင်တော့မှာဖြစ်လို့ ဘီလ်မှာပါတဲ့ QR Code ကို Scan လုပ်ပြီး အချိန်မရွေး ၂၄ နာရီ ပေးချေနိုင်တော့မယ်လို့ မန္တလေးမြို့တော်ဝန်က ဆိုပါတယ်။

အကောင့်ထဲကို ငွေဖြည့်ဖို့အတွက် အခွန်ကောက်ဝန်ထမ်းကတဆင့် ငွေဖြည့်နိုင်ဖို့ စီစဉ်ထားသလို အကောင့်မရှိသူတွေအနေနဲ့လည်း အဲဒီဝန်ထမ်းဆီမှာ အကောင့်ဖွင့်တာကို လုပ်နိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် စည်ပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ၊ AYA ဘဏ်ခွဲအားလုံး၊ ရတနာပုံဘဏ်၊ convenient stores တွေမှာလည်း လုပ်လို့ရမှာဖြစ်ပြီး စတင်လည်ပတ်ပြီးရင်လည်း တခြားဘဏ်တွေနဲ့ ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ကုန်စုံဆိုင်တွေနဲ့ လမ်းဘေးဆိုင်တွေမှာပါ ငွေဖြည့်လို့ ရနိုင်ရေး ဆက်ကြိုးစားနေပြီး Game card တွေ၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေကိုလည်း MSP ကနေ ငွေပေးချေနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီအကောင့်ကနေ ငွေလွှဲ ငွေထုတ်ရာမှာ တကြိမ်မှာ ကျပ် ၅ သိန်းအထိ၊ တရက်မှာ ၃ ကြိမ်လွှဲနိုင်ပြီး ၁၀ သိန်းအထိ လွှဲလို့ ထုတ်လို့ရမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် Convenient stores တွေ၊ Supermarket တွေကအစ လမ်းဘေးကုန်စုံဆိုင်တွေ၊ ဆေးဆိုင်တွေအဆုံး သုံးလို့ရနိုင်ဖို့အထိပါ စီစဉ်နေပြီး လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ဈေးတွေအထိပါ အသုံးပြုကြဖို့လည်း မြို့တော်ဝန်က တိုက်တွန်းထားပါတယ်။

Mandalay Directory.com

Ref: Mandalay City Development Committee


Read 191 times
Rate :
(14 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.