Tuesday, 25 February 2020 17:54

Bonsai.jpg

 

သက်ရှိပန်းချီကားတစ်ချပ်လို ဖန်တီးနိုင်မယ့် ဘွန်ဇိုင်းပင် (Bonsai) စိုက်ပျိုးကြမယ်

တရက်ပျော်ချင်ရင် အရက်သောက်ပါ။ တစ်နှစ်ပျော်ချင်လျင် မိန်းမယူပါ။ တစ်သက်လုံးပျော်ချင်လျှင်တော့ သစ်ပင်စိုက်ပါဆိုတဲ့ စကားပုံအတိုင်း လူ့စိတ်ကို ချမ်းမြေ့သာယာစေပြီး စိတ်တည်ငြိမ်စေတဲ့အတွက် သစ်ပင်စိုက်ပျိုးခြင်းကို လူအများက ကြိုက်နှစ်သက်လေ့ရှိပါတယ်။

ဘွန်ဇိုင်းစိုက်ပျိုးရေးက သမန်ရိုးကျ စိုက်ပျိုးရေးနဲ့ များစွာ ကွာခြားလှပါတယ်။ သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ရဲ့ နည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဘွန်ဇိုင်းပင်ကလေးတွေဟာ စိုက်ပျိုး ပြုပြင်သူရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးပုံပေါ်မူတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ထွက်ပေါ်လာနိုင်ပါတယ်။ အပင်လေးတွေ ကွေးညွှတ်ပုံ၊ ပင်ခြေအောက်က မြေပြင်ကို မြက်ခင်းကလေးများ၊ ရေညှိပင်ကလေးများ၊ ကျောက်တုံးလေးများနဲ့ တန်ဆာ ဆင်ထားပြီး တကယ့် သစ်တောကြီးထဲက သစ်ပင်ကြီးရဲ့ အသွင်သဏ္ဍာန် ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပြုပြင် ဖန်တီးယူကြပါတယ်။

အခုခေတ်နောက်ပိုင်းမှာဆိုရင် ခြံဝင်းအတွင်းမှာပဲဖြစ်ဖြစ် ဧည့်ခန်းမှာပဲဖြစ်ဖြစ် သစ်ပင်ပုလေးတွေကို အလှစိုက်လာကြပါတယ်။ အဲဒီထဲမှာမှ အရွယ်ငယ် အလွန်လှပြီး ချစ်ဖို့ကောင်းတဲ့ ဘွန်ဇိုင်းအပင် (မြန်မာအခေါ်အဝေါ်အရ သက်ကြီးပုအပင်) စိုက်ပျိုးခြင်းနဲ့ ပတ်သတ်ပြီး ဘွန်ဇိုင်းပိတောက်ပင်စိုက်နည်းလေးကို ပြောပြပေးသွားမှာပါ။

ဘွန်ဇိုင်းပိတောက်ပင် စိုက်တော့မယ်ဆိုရင် အဓိကအရေးကြီးတာကတော့ ကိုယ်သုံးမယ့် အိုးမှာ ပိုးမွှားတွေရှိနေသလား မြေကြီးက သန့်နေဖို့လည်း လိုတယ်။ အရှင်းဆုံးပြောမယ်ဆိုရင်တော့ ဘွန်ဆိုင်းစိုက်တဲ့သူတွေအတွက်က ပုရွက်ဆိတ်ကအစ အန္တရာယ်ပါပဲ။ ဘွန်ဇိုင်းပိတောက်ပင်စိုက်မယ်ဆိုရင် အစေ့ကနေ စိုက်ပျိုးရမှာဖြစ်ပါတယ်။ တကယ်လို့သာ အကိုင်းအခက်ကို အသုံးပြုမယ်ဆိုရင်တော့ အရိပ်ရအပင်ပဲ ရရှိမှာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မိမိစိုက်ပျိုးမယ့်ပုံစံကို သတ်မှတ်ထားဖို့လိုပါတယ်။ပြီးရင်တော့ မိမိသတ်မှတ်ထားတဲ့ ပုံစံနဲ့ မကိုက်ညီတဲ့ ကိုင်းများကို ဖြတ်တောက်ဖယ်ရှားပေးရပါမယ်။

မိမိလိုချင်တဲ့ပုံစံမျိုးရအောင် ဝါယာနဲ့ပတ်ခြင်း ဒါမှမဟုတ်ရင် ကြိုးများနဲ့ချည်ပြီး လိုရာပုံစံ သွင်းပေးလို့ရပါတယ်။ ပင်စည်နဲ့ အကိုင်းအခက်များ ဝေဆာအောင် ရေ၊ မြေ၊ လေ၊ အလင်းရောင်၊ အပူချိန်၊ မြေသြဇာများ ရရှိရေးနဲ့ ပိုးမွှားများ ကင်းစင်ရေးကို အထူး ပြုစုစောင့်ရှောက်ပေးဖု့ိ လိုပါတယ်။ ပင်စည်နဲ့ အကိုင်းအခက်များ ကြီးထွားလာရင်တော့ ပုံစံသွင်းထားတဲ့ ဝါယာကြိုးများ၊ ကြိုးများကို ဖြုတ်ပြီးတော့ လိုအပ်သလို အသစ် ပြန်လုပ်ပေးရပါတယ်။ အဲလိုမျိုး နှစ်ကြိမ်သုံးကြိမ် ပြုလုပ်ပေးခြင်းအားဖြင့် မိမိလိုရာ ပုံစံကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

မိမိကြိုက်ရာပုံစံကို ရရှိပြီဆိုရင်တော့ ကြိုးများ၊ ဝါယာကြိုးများကို ဖြတ်တောက် ဖယ်ရှားပေးရမှာပါ။ အဲဒီနောက်မှာတော့ အပင်နဲ့ သင့်လျှော်တဲ့ ဘွန်ဇိုင်းပန်းအိုးအတွင်းသို့ ထည့်သွင်း၍ စိုက်ပျိုးနိုင်ပါပြီ။ ဇီဝမြေသြဇာနဲ့ ကြာရှည်ခံ ဓာတ်မြေသြဇာများကို အသုံးပြုပြီး အပင်ရှင်သန်ကြီးထွားမှု ပုံစံထိန်းသိမ်း ကိုင်းဖြတ်ခြင်း အမြစ်ဖြတ်ခြင်း အရေးပေါ် အိုးပြောင်းခြင်းလုပ်ငန်းများကိုလည်း အဆင့်ဆင့် လုပ်ပေးရပါတယ်။

My Mandalay

Ref: Google


Read 759 times Last modified on Wednesday, 25 March 2020 14:06
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.