Saturday, 25 January 2020 15:39
B 2
ဝူဟန်ကနေ မန္တလေးကို တိုက်ရိုက်ပြေးဆွဲတဲ့လေကြောင်းလိုင်းက တစ်ပတ်ကို ၂ ကြိမ်ဝင်ရောက်ပေမယ့် လက်ရှိမှာတော့ ဝူဟန်ကလာတဲ့ ခရီးစဉ်ကို ပိတ်ထားပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်မားရေးနဲ့ ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးက သိရပါတယ်။
Read More>>> ကျား၊ ဆင်၊ သင်းခွေချပ် အရုပ်ကြီးများကို မန္တလေး ကျုံးတောင်ဘက်ခြမ်းတွင် ပြသထားမည်
Read More>>> ၂၀၂၀ နှစ်အစပိုင်းမှာတည်းက တက်ရိပ်ပြနေသော မြန်မာ့ရွှေဈေးကွက်
source: kumudra,moi
### Unicode
တံတားဦးလေဆိပ်တွင် ဝူဟန်လေကြောင်းခရီးစဉ်များ ပိတ်ထား
ဝူဟန်ကနေ မန္တလေးကို တိုက်ရိုက်ပြေးဆွဲတဲ့လေကြောင်းလိုင်းက တစ်ပတ်ကို ၂ ကြိမ်ဝင်ရောက်ပေမယ့် လက်ရှိမှာတော့ ဝူဟန်ကလာတဲ့ ခရီးစဉ်ကို ပိတ်ထားပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်မားရေးနဲ့ ကုသရေးဦးစီးဌာန တိုင်းဦးစီးမှုးရုံးက သိရပါတယ်။
ဝူဟန်ကလာတဲ့လေကြောင်းလိုင်းက တနင်္လာနေ့နဲ့ သောကြာနေ့တွေမှာ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်ပေမယ့် ဇန်နဝါရီလ ၂၄ရက်နေ့ သောကြာနေ့လေကြောင်းလိုင်းကစပြီး အဝင်ပိတ်လိုက်ပြီဖြစ်တယ်လို့ တိုင်းဦးစီးမှူးဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။
သူက “ပိတ်လိုက်ပြီ။ ဇန်နဝါရီ ၂၃ ရက်နေ့ ၈နာရီတည်းက ပိတ်ထားတယ်။ ဝူဟန်ကနေလည်း ဘယ်ကိုမှမထွက်ရဆို ခရီးစဉ်တွေ ပိတ်ထားတာရှိတယ်။ ခုမန္တလေးကို ဝင်မလာတော့ဘူး”လို့ပြောပါတယ်။
တံတားဦးလေဆိပ်က ပြည်ပကဝင်လာတဲ့ ခရီးသွားတွေးအားလုံးကို Thermoscanစက်၂လုံးနဲ့ စောင့်ကြည့် စစ်ဆေးနေတယ်လို့သိရပါတယ်။ ဇန်နဝါရီလ ပထမအတွင်းတည်းက Thermoscanစက်နဲ့စစ်ဆေးနေပြီး ခရီးသည်တွေရဲ့ ကိုယ်အပူချိန် 101 ဒီဂရီဖာရင်ဟိုက်(38.3ဒီဂရီစင်တီဂရိတ်)နဲ့ အထက်ရှိတဲ့ခရီးသည်တွေကို သံသယရှိလူနာအဖြစ် ခွဲထုတ်စစ်ဆေးမှာဖြစ်ပါတယ်။
“ တစ်ယောက်ကတော့ အပူချိန်နည်းနည်းမြင့်နေလို့ သူကို စောင့်ကြည့်သေးတယ်။ သူကလည်း နောက်တစ်ရက်ကျ ချက်ချင်းအဖျားကျသွားတယ်။ အဲဒါကြောင့် စိုးရိမ်စရာမရှိဘူး” လို့ပြောပါတယ်။
တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ ကူးစက်မြန်ရောဂါဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်ခေါ် Coronavirus Family အနွယ်ဝင် ကူးစက်ရောဂါတစ်မျိုးဖြစ်ပွားနေပြီး တရုတ်နိုင်ငံအတွင်းမှာ ကူးစက်မှုမြင့်တက်နေတာကြောင့် ဝူဟန်မြို့ကို အဝင်အထွက်အားလုံးပိတ်ထားပါတယ်။ အဲဒီရောဂါရဲ့ လက္ခဏာဟာ ကိုယ်ပူတာ၊ ချောင်းဆိုးနှာစေးတာ၊ချမ်းတုန်တာ၊ခေါင်းကိုက်တာ၊လည်ချောင်းနာတာ၊အသက်ရှုခက်တာတွေဖြစ်ပါတယ်။
ကူးစက်ရောဂါဟာ အိမ်နီးခြင်းနိုင်ငံအချို့ကိုလည်းရောက်ရှိနေပြီး ချင်းမိုင်နဲ့ ယူနန်ပြည်နယ်မှာလည်း ကူးစက်ခံရမှုရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လေဆိပ်မှာတပ်ဆင်ထားတဲ့ Thermoscan စက်ကနေ သတ်မှတ်အပူချိန်ထက်ကျော်လွန်တဲ့ လူနာကို လေဆိပ်က Waiting Room ထဲမှာထားကာ အရင်စစ်ဆေးမှာဖြစ်ပါတယ်။
သံသယရှိလူနာဖြစ်ပါက မန္တလေးဆေးရုံကြီကို ပို့မှာဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ လူနာတင်ကားတွေစီစဉ်ထားပြီးဖြစ်တဲ့အပြင် တာဝန်ကျဆရာဝန်၊လက်ထောက်နဲ့ လူနာတင်ကာဒရိုင်ဘာတွေကို တစ်လစာဂျူတီရေးဆွဲကာ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။
source: kumudra,moi
Read 191 times
Rate :
(4 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.